အစ္စလာမ့် မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သော ဟဂ်ျ ၀တ်ပြုမှုအား တာဝန်ကျေပွန်နိုင်ရန် အတွက် ယခုနှစ်တွင် မွတ်စလင် ၂သန်းကျော် သည် ကမ္ဘာအနှံအပြားမှ ကအ်ဗာကျောင်းတော်တည်ရှိရာ မက္ကာမြိုတော်သို့ ရောက်ရှိခဲ့ပါသည်။ လေယာဉ်ဖြင့်တစ်နည်း ၊ကားဖြင့် တစ်သွယ်၊ ရထားဖြင့်တစ်ဖုံး ဟဂ်ျပြုရန် ရောက်ရှိခဲ့သော များစွားသောဟာဂျီလောင်းများအနက် တောင်ဖရိကနိုင်ငံ ကိပ်တောင်း မြို့ နေ သူငယ်ချင်းနှစ် ဦး၏ စက်ဘီးဖြင့် လှမ်းလို့ချီသည် ဟဂ်ျပြုရန် မြို့မက္ကာဆီခရီးစဉ်သည် ကမ္ဘာမွတ်စလင်များ၏ ပါးစပ်ဖျား တွင်အလွန် ရေပန်းစားသွားခဲ့ပါသည်။


အသက် ၂၈နှစ်အရွယ် ရှိ Nathim Cair cross နှင့် အသက် ၂၅နှစ်အရွယ် ရှိ Imtiyaz Ahmad Haron တို့နှစ်ဦးသည် နေထိုင်ရာ ကိပ်တောင်းမြို့ကနေ နိုင်ငံပေါင်း ၁၂ကို ၉လတိုင်တိုင် စက်ဘီးဖြင့်ဖြတ်သန်းခရီးနှင်ခဲ့ပြီး ကအ်ဘဟ်ဝတ်ကျောင်းတော်သို့ ဟဂ်ျပြု ရန် ရောက်ရှိနိုင်ခဲ့သည်။ ယင်းမွတ်စလင်ညီအစ်ကိုတော်နှစ်ဦးသည် စက်ဘီးဖြင့် လှမ်းချီမည် ဟဂ်ျပြုရန် မက္ကာဆီ အစီစဉ်အား ၂၀၀၉ ခုနှစ်ဒီဇင်ဘာတွင် စတင်ခဲ့သည်။ “ကျွန်တော်ဘ၀မှာ အလေးထားတဲ့ ခံယူချက်တစ်ခုရှိပါတယ် ခက်ခက် ခဲခဲနဲ့လုပ်ရတဲ့ ကိစ္စတစ်ခု ပြီးမြောက်အောင်မြင်သွားတာကို အတော့်ကို တန်ဖိုးထားတက် ပါတယ် ၊ ”ဟု Nathim
Cair cross က သူ၏ ခံယူချက်ကို အလ်ဂျဇီးရဟ်သတင်းထောက်အားပြောပြပါသည်။ သူကဆက်ပြီး “အာဖရိက တိုက်က နိုင်ငံတွေ ၊အာရှတိုက်က နိုင်ငံတွေကို စက်ဘီနဲ ၉လကြာ ဖြတ်သန်းပြီး အလ္လဟ်အလိုတော်နဲ့ ဟဂ်ျ ပြုနိုင်ခဲ့လို ပို့ တောင် တန်ဖိုးထားပါတယ် ၊ အရမ်းကိုပျော်ရွင်ရ ပါတယ် ”ဟု သူ၏ခံစား ချက်ကိုဆိုပါ သည်။

၂၀၁၀ ဖေဖေါ်ဝါရီ ၇ရက်နေ့  ဖဂျရ်ဆွလာသ်အပြီး ကိပ်တောင်းမြို့၏ ဗလီတစ်လုံး ၏ မိုးသည်သည်း ချမ်းစိမ့်စိမ့် မနက်ခင်း လေး ချိန်လေး၌ သူတို့ နှစ်ဦး စက်ဘီးကိုယ်စီဖြင့် စတင်တာထွက်ခဲ့ကြသည်။ “တကယ်တော့ ကျွန်တော်တို့ နှစ်ယောက် က ပြိုင်ပွဲဝင် စက်ဘီးသမားတွေ မဟုတ်ကြပါဘုး၊ ဒါပေမဲ့ ခရီးစဉ်ချောမွေ့အောင်မြင်ဖို့အတွက် ရေကူး တာ ၊တောင်တက်တာ၊ အပြေးလေ့ကျင် တာစတဲ့ကိုယ် ခန္ဒာကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို နှစ်လဆက်တိုက် လုပ်ခဲ့ရတာပါ..” ဟု သူတို့၏ ကြိုတင် ပြင်ဆင်ခဲ့ပုံများ ကိုပြောပြ သည်။ စက်ဘီးဖြင့် လှမ်းချီမည် ဟဂ်ျပြုရန် မက္ကာဆီ ဆိုသော သူတို့နှစ်ဦး၏ အစီအစဉ်အား အားပေးထောက် ခံကြသူများရှိ သကဲ့သို့ အလုပ်မရှိ ကြောင်ရေချိုးအလုပ် အဖြစ်သဘောထား ကာ ကန့်ကွက်ရှုတ်ချသူများလည်းရှိခဲ့သည်။ သို့သော်သူတို့နှစ်ဦး အလ္လဟ်အိမ်တော်မွန်အရောက် ခရီးနှင်ရန် စိတ်ပိုင်းဖြတ်ခဲ့ပြီးဖြစ်သည်။

Nathim Cair cross နှင့် Imtiyaz Ahmad Haron တို့သည် တစ်ရက်လျှင် ကီလိုမီတာ ၁၀၀နီးပါးစက်ဘီးဖြင့် ခရီးနှင်ကာညပိုင်း တွင် နီးစပ်ရာ ဗလီ၊ ဟိုတယ် ၊ သို့မဟုတ် သူတို့၏ရွက်ဖျင်တဲများတွင်အနားယူအိပ်စက်ခဲ့ကြသည်။ သူတို့ဖြတ်သန်းရာ ဒေသ အသီး သီး တွင်ကြိုဆိုအားပေးခဲ့ကြသည်။ အစ္စလာမ့်သတင်းစကား ၊ သူတို့ခရီးစဉ်နှင့်ပတ်သက်သော အကြောင်းများကို လူများ စွာ အား မျှဝေပေးနိုင်ခဲ့ကြောင်း Nathim Cair cross ပြောပါသည်။ “ကား၊ရထား၊လေယဉ်တွေနဲ့ထက်စာရင်ဒီလို စက်ဘီး နဲ့ဟဂ်ျ ခရီးနှင်တာက လူတော်တော်များများနဲ့ပို ထိတွေခွင့်ရပါတယ် ၊နောက်ပြီး ကိုယ်ရဲ့ အတွင်း စိတ်ကို ပိုသိလာနိုင် ပါတယ် ..ဒါက ပိုတန်ဖိုးကြီးတဲ့အတွေ့အကြုံတစ်ရပ်ပါဗျ”ဟု ၄င်းကရှင်းပြပြောဆိုသည်။

အင်္ဂလိပ်စကားသာပြောဆိုတက်သောသူတို့နှစ်ဦးအတွက် နိုင်ငံပေါင်း ၁၂နိုင်ငံသို့ ဖြတ်ကျော်ရသဖြင့် ဘာသာစကားအခက်ခဲ များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ “ ကြုံတွေရတဲ့ ဘာသာစကားအခက်ခဲကို အင်တာနက်ပေါ်ကနေအကြံဥာဏ် တောင်းယူဖြေရှင်းခဲ့ရတာပါ ”ဟု ၄င်းကဆိုပါသည်။ အာဖရိကနိုင်ငံတချို့က သူတို့အား ပြည်ဝင်ခွင့်မပေးသဖြင့် လှည့်ပတ်ရှောင်ကွင်းသွားရသည့်အခါများလည်ရှိခဲ့ကြောင်း သူကပြန်ပြောင်းပြောပါသည်။ စက်ဘီးဖြင့်ခရီးနှင်ခဲ့သော သူငယ်ချင်းနှစ်ဦးသည် ရမဿွန်ကာလများကို တူရကီနိုင်ငံ အစ္စတန်ဘူလ်နှင့် အန်ကာရမြိုများတွင်ကုန်ဆုံးခဲ့ကြသည်။

ထို့နောက် တူရကီနိုင်ငံမှ ဆီးရီးယား ၊ဂျော်ဒန်၊ ထိုမှတဆင့်ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ သဘုးက် နယ်စပ်ကနေ ၀င်ရောက် နိုင်ခဲ့သည်။ ဟဂ်ျကာလမတိုင်မှီ ၃ပတ်အလိုတွင်ရောက် မဒီနာမြိုတော်သို့ ရောက်ရှိခဲ့ကြပြီး မက္ကာမြိုတွင် ဟဂ်ျဝတ် ပြုခဲ့ကြ သည်။ အပြန်ခရီးစဉ် အား မည်သို့ စီစဉ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ၊ သူတို့နှစ်ဦး၏ စက်ဘီးနှစ်စီးကို အမှတ်တရ အဖြစ်ပြန်လည် ရောင်းချခဲ့ မည်ဖြစ် ကြောင်း Nathim Cair cross က သတင်းထောက်အားပြောပါသည်။ “ဒီခရီးစဉ်ချောချော မွေမွေ နဲ့အောင်မြင်ခဲ့လို့ အလ္လဟ် အရှင်တော်ကို အတိုင်းမသိ ကျေးဇူးတင်ပါတယ် ၊ ဖေါ်မပြနိုင်အောင် ၀မ်းသာရပါတယ် ၊ ကျွန်တော်တို့ မက္ကာမြိုကို ၀င်တော့ အရမ်းခံစားပျော်ရွှင် ခဲ့ရတာပါ..စက်ဘီးရောင်းချ လို့ရတဲ့ငွေကြေး တွေကိုလည်း လှူဒါန်းသွား ဖို့လည်းရည် ရွယ်ထား ပါသေးတယ် ၊ စက်ဘီးဖြင့် လှမ်းလို့ချီသည် ဟဂ်ျပြုရန် မြို့မက္ကာဆီအစီစဉ်ကို အလ္လဟ်အရှင် လက်ခံမှာပါ ဟု ၄င်းက ၀မ်းပန်းတသာနှင့်ဆိုခဲ့သည်။

ကိုးကား http://english.aljazeera.net/indepth/spotlight/hajj2010/2010/10/201...

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive