အစ္စလာမ် ဘာသာ
ယနေ့ကမ္ဘာပေါ်တွင်ထာဝရဘုရားသခင်တစ်ဆူတည်းအားကိုးကွယ်သောဘာသာကိုပြပါဟုဆိုလျှင်အစ္စလာမ်ဘာသာဖြစ်သည်။အစ္စလာမ်ဆိုသည့် ဝေါဟာရ သည် အာရဗီစကား ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည့် စလာမ်ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ အစ္စလာမ်သည်တစ်ဆူတည်းသောဘုရားဝါဒ  ဘာသာရေး ဖြစ်သည်။ အစ္စလာမ် သည် ခံဝန်ခြင်း ဟုအာရပ်စကားဖြင့် အဓိပ္ပါယ်ရှိပြီး၊ အစ္စလာမ် သာသနာဝင်သည် မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ် ၏ အမိန့်ဩဇာကို လုံးဝနားခံရန် ယုံကြည်သူဖြစ်ပြီး ၎င်းတို့အား မွတ်စလင် ဟုခေါ်၏။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေမှာ၁ မှ ၁.၈ ဘီလျံ ရှိ၍ အစ္စလာမ် ဘာသာသည် ခရစ်ယန်ဘာသာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။
တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ်သည် ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင် ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင် အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ် ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို ကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။

(၁) အစ္စလာမ်အယူဝါဒ
အစ္စလာမ်သည့်စကြဝဠာခပ်သိမ်းကုန်တို့ကိုဖန်ဆင်းမွေးမြူတော်မူသောအလုံးစုံကိုသိမြင်တော်မူ၍ပြည့်စုံတော်မူသောတစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသောမဟာကရုဏာရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည်“နာခံခြင်း”ဟူသောအထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်ခေတ်မရွေး၊ပြည်မရွေး၊လူမျိုးမရွေး၊အုပ်စုမရွေး၊လူတန်းစားမခွဲ၊ဖြူနက်မခြားအစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သောပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြသည်။ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။နောင်အနာဂတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသ%E

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive