အမေရိကန် မွတ်စလင်မ်ယောက်ျား အများစုကြီးကတော့ ဗလီကို သွားကြတယ်။ ဒအ်ဝဟ်လုပ်ငန်းတွေကို လုပ်ကြတယ်။ သူတို့ရဲ့ ဇနီးမယား တွေကျတော့အခြားဗာဟီရကိစ္စများနဲ့ပဲ ၀န်ပိနေကြရပါတယ်။ ဒါကြောင့် အနောက်တိုင်းသူအများစုက အစ္စလာမ်မှာ မိန်းမသားဟာ အနှိမ်ခံပဲလို့ ထင်ကြတာ၊ အစ္စလာမ်ဘာသာသို့ ကူးပြောင်းယုံကြည်ဖို့ ငြင်းဆန်ခဲ့ကြတာဟာ အထူး တလည်အံ့သြစရာ တော့မရှိပါဘူး။ မိန်းမသား တွေကို ကျွန်ဇာတ်သွင်းချင်တဲ့ မွတ်စလင်မ်အမျိုးသားအချို့ရဲ့ စိတ်ဓာတ်ကို ကြောက်ရွံ့ကြလို့ပါပဲရှင်။
ထိမ်းမြားမှု့လင်ခန်းမယားခန်း ဆက်ဆံရေး
အဖြေ။ ။ အလိုင်ကုမုစ် စလာမို ၀ရဟ်မသွလ’ာဟိ ၀ဗရကားသုဟူ၊အလွန်ချစ်ခင်ကြင်နာသနားတော်မူသော မဟာဂရုဏာတော်ရှင် အလ’ာအရှင်မြတ်၏နာမတော်ဖြင့် အစပြုပါရစေ။
ချီးမွမ်း ထောပနာအ၀၀နှင့် ကျေးဇူးတော် ခပ်သိမ်းသည် အလ္လဟ်အရှင့်အဖို့သာဖြစ်သည်။ အရှင်မြတ်၏ တမန်တော်မုဟမ္မဒ် အပေါ်သို့လည်းငြိမ်းချမ်းမှုနှင့် ကောင်းချီးမင်္ဂလာ များ ခညောင်းပါစေသား။
အစ္စလာမ်ရဲ့ မှန်ကန်တဲ့ သွန်သင်ချက်များကို သိလိုစိတ်ပြင်းပြ လှသလိုဖြန့်ချီပေးလိုတဲ့ ဆန္ဒနဲ့ မေးလာခဲ့တဲ့ ညီမငယ်ကို ကျုပ်တို့ဘက်မှ လည်းကျေးဇူး တင်မိပါ တယ်။
အိမ်ထောင်သည် ဘ၀ကို ဆိုလိုတာဟာ လင်နဲ့မယားကြား ဒီဘ၀မှာနဲ့တမလွန်ဘ၀တို့မှာ တည်ငြိမ် အေးချမ်းမှုနဲ့ ပျော်ရွှင်သုခ တို့ရရှိရေးအတွက်အပြန်အလှန် အညမည ဆက်ဆံရေးပဲဖြစ်တယ်ကွဲ့။ လင်နဲ့မယား တို့အကြား တစ်ဦးကိုတစ်ဦး အပြန်အလှန်ဖြည့် ဆီးပေးရမယ့် တာဝန်တွေ ရှိနေပါတယ်။ အနန္တတန်းခိုးတော်ရှင် အလ္လဟ်က ကျမ်းမြတ်ကုရ်အာန် အခုလိုဗျာဒိတ်ချွေတော် မူထားပါတယ်။
..သူတို့တတွေ (အမျိုးသမီးများ)မှာလည်း သူတို့(အမျိုးသားများ)နည်းတူ အခွင့်အရေးများရှိသလို ကြင်နာယုယမှုပေးရန်လည်း (တာဝန်)ရှိ၏။.. (စူရာ-အလ်ဘကရာဟ် ၂း၂၂၈)
ညီမငယ်ရဲ့ မေးမြန်းချက်နဲ့ပတ်သက်လို့ ဂျစ်ဒဟ်အခြေစိုက်အစ္စလာမ်မစ်ကွန်ဖရင့်အစည်းအရုံး(OIC) လက်အောက်ခံ ဖိကာဟ်အကယ်ဒမီမှ ဥက္ကဌမုဖ်သီ မုဟမ္မဒ်တကီးအုဆ်မာနီရဲ့ ပြောကြားထားချက်က ဒီလိုပါ။
ညီမငယ်က သီးသီးသန့်သန့် မေးမြန်းလာတဲ့မေးခွန်းကို မဖြေကြားခဲ့လျှင်ဒီလိုကိစ္စရပ် တွေနဲ့ပတ်သက်လာလျှင် အမြဲတမ်း နှလုံးသွင်းထားရမယ့်အခြေခံအချက် တစ်ချက်ကို အလွယ်တကူ နားလည်အောင် ရှင်းပြချင်ပါတယ်။ အစ္စလာမ့်သွန်သင်ချက်တွေနဲ့ မွတ်စလင်မ်တွေရဲ့ ယေဘုယျလက်တွေ့ကျင်သုံးပုံတို့ကိုရှင်းရှင်း လင်းလင်း ခွဲခြားသိရှိဖို့ လည်း လိုအပ်ပါတယ်။ ကံအကြောင်းမလှတာကတော့ အစ္စလာမ်ရဲ့ မြင့်မြတ်တဲ့ သွန်သင်ချက်တွေကို မွတ်စလင်မ်အများစုကြီးက မသိရှိကြတဲ့ ခေတ်ကြီးနဲ့ ဒီသွန်သင်ချက် တွေကို သူတို့တတွေရဲ့နေ့စဉ်ဘ၀တွေ လက်တွေ့ မကျင့်သုံးကြတဲ့ ခေတ်ထဲကို ရောက်ရှိနေကြတာပဲဖြစ်ပါတယ်။ သူတို့ရှင်သန် နေထိုင်ကြီးပြင်း နေရတဲ့ ပတ်ဝန်းကျင်မှဓလေ့ထုံးစံ တွေရဲ့သြဇာကို အများဆုံး ခံနေကြတာပါပဲ။ အဲဒါကြောင့်မွတ်စလင်မ်တွေ လုပ်ကိုင်နေကြတဲ့အရာတိုင်းကို အစ္စလာမ်နဲ့ အတူတွဲဖက်ပြီးမြင်လို့မရနိုင်ပါဘူး။
ဒါကြောင့် အစ္စလာမ်ရဲ့ အရည်အသွေးတွေကို ကောင်းမြတ်ခြင်းတွေကိုအကဲဖြတ်ချင့် တွက်ကြရာမှာ ယနေ့မွတ်စလင်မ်တွေရဲ့ လက်တွေ့ကျင့်သုံးနေမှုကိုအကိုး အကားပြု လို့ မရပါဘူးခင်ဗျာ။ ကျမ်းမြတ် ကုရ်အာန်နဲ့ စွန္နဟ်မှာချမှတ်ထားတဲ့ အစ္စလာမ့်စည်းမျဉ်း တွေဘက်ကိုသာ ပြန်လှည့် သင့်ကြပါတယ်။မွတ်စလင်မ်တွေက ရှရီအသ်ရဲ့လမ်းညွှန်မှုကို သိသိသာသာကျောခိုင်းခဲ့မယ်ဆိုရင် အခုသုံးသပ်ပြမယ့် အခြေခံအချက် အလက်အပေါ်မှာအားနည်းချက် ကိုသာ တွေ့ရမှာဖြစ်ပါတယ်။ ဒါ ဟာ ဒီလမ်းညွှန်ချက်ကို ဥပေက္ခာပြုကျောခိုင်းခဲ့ကြတဲ့ သူတို့တွေရဲ့အဖြစ်သာ ဖြစ်ပါတယ်။ ဒီအခြေခံအချက်ကိုမူတည်ပြီး ညီမငယ်ရဲ့အဖြေကို အခုပေးလိုက်ပါမယ်။
ကျမ်းမြတ်ကုရ်အာန်နဲ့ စွန္နဟ်တို့ထဲမှာ ဆီလျောရာ လေ့လာချက်ကနေပြီးထင်ထင်ရှားရှားသိရတာ ကတော့ အစ္စလာမ်က ထိမ်းမြားမှုအရ ဆက်သွယ်မှုကို လင်နဲ့မယားအကြား နှစ်ဦးနှစ်ဖက် မဋိညာဉ်ပြုချက် အဖြစ် ချမှတ် ထားပါတယ်။တစ်ဦးချင်းစီမှာ အခွင့်အရေးတွေ၊ တာဝန်ဝတ္တရားတွေ၊ သူ့အပိုင်းနဲ့သူရှိပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ ဒီအချက်နဲ့ ပတ်သက်ပြီးရှင်းရှင်းလင်းလင်း မိန့်ဆိုထားချက်က ဒီလိုပါခင်ဗျာ။
ထိုဇနီးမယားတို့အပေါ်ဝယ် တာဝန်များရှိသကဲ့သို့ အခွင့်အရေးများလည်း ရှိကြပေသည်။(စူရာ-အလ်ဘကရာဟ် ၂း၂၂၈)
ဒီအာယသ် တော်အရ ရှင်းရှင်းလင်းလင်း သိရတာကတော့ သူ့ခင်ပွန်းအပေါ်ဇနီးမယားဘက်က ဖြည့်ဆီး ပေးရမယ့်တာဝန်နဲ့ဝတ္တရားများက အခွင့်အရေးများနဲ့တန်းတူညီတူ ပဲဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်က သူ့ရဲ့ဇနီးသည် အပေါ်တရားသဖြင့် ပြုမူရေးဆိုတာက ခင်ပွန်းသည်လိုက်နာ စောင့်ထိန်းရမယ့် ပညတ်ပါပဲ။စူရာဟ်-ဘကရာဟ်(၂း၂၂၈)ရဲ့ အခြားတစ်နေရာမှာ ခင်ပွန်းသည်ကိုအောက်ပါစကားရပ်များနဲ့ ညွှန်ကြားထားပါသေးတယ်။
၎င်းအပြင် အသင်တို့သည် ဇနီးမယားများနှင့် ကောင်းမွန်စွာဆက်ဆံကြကုန်လော့။
(စူရာဟ်-နီစာ ၄း၁၉)
ဒါကြောင့် အစ္စလာမ်က လင်ယောက်ျားရဲ့တာဝန် ၀တ္တရားတွေထက် မိန်းမသားတွေရဲ့တာဝန်ဝတ္တရားတွေကို ပိုမိုအလေး ထားပြဆိုထားတယ်ဆိုတာ မမှန်ကန်ပါဘူး။အပြန်အလှန် အားဖြင့် တမန်တော်မြတ်(ဆွ)ရဲ့ သြ၀ါဒတော် အတော် များများမှာလင်ယောက်ျားရဲ့ အခွင့်အရေးကို ပြောတာထက် ဇနီးမယားမိန်းမသား တွေရဲ့အခွင့်အရေးတွေကို အသားပေးမိန့် ဆိုထားချက်တွေက ပိုပြီးများပါသေးတယ်။ အခုဥပမာအချို့ကို တင်ပြသွားပါမယ်။
(၁) တမန်တော်မြတ်(ဆွ)က မိန့်ဆိုခဲ့သည်မှာ အသင်တို့အနက် အကောင်းဆုံးသူသည်ကား မိမိတို့၏ ဇနီးမယားများအပေါ် အကာင်းဆုံးသူတို့ပင် ဖြစ်ချေ၏။ (သိရ်မီဇီကျမ်း)
(၂) ကိုယ်တော်မိန့်ချွေခဲ့သည်မှာ မည်သည့်မွတ်စလင်မ်မှသူ၏ဇနီးမယားကို မမုန်းတီးရပါ။ သူ့အနေနှင့် သူမ၏အရည်အသွေးများထဲမှအချို့ကို မနှစ်မျို့လျှင်လည်း၊ စုံမက်စရာအခြားအရည်အသွေးအချို့ကိုတွေ့နိုင်ကောင်းပေသည်။(စွဟီးမွတ်စလင်မ်ကျမ်း)
(၃) ကိုယ်တော်က သြ၀ါဒချွေခဲ့သည်မှာ အသင်တို့သည် သူမတို့အပေါ်တရားသဖြင့် ကောင်းမွန်စွာဆက်ဆံကြရမည်ဟူသော ကျွန်ုပ်၏ မိန့်မှာချက်ကိုစွဲကိုင်ထားပါလေ။(သိရ်မီဇီကျမ်း)
ဤဥပမာ တွေက တမန်တော်မြတ်ကြီး ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးများနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ အလေးအနက် ထားခဲ့တယ် ဆိုတာကို ပြည့်စုံစွာဖော်ပြထား ချက်များပင်ဖြစ်ပါတယ်။ ဘယ်လောက် အလေးအနက်ထားခဲ့သ လည်းဆိုရင်တမန်တော်မြတ်ရဲ့ နောက်ဆုံးဟဂ်ျမိန့်ခွန်း မှာတောင် ခင်ပွန်းသည်ဘက်မှ ဇနီးမယားနဲ့ ပတ်သက်လို့ တင်ရှိနေတဲ့ တာဝန် ၀တ္တရားတွေကို အလေးထားပြီးအရေးတကြီး ပြောဆိုသွားခဲ့ပါတယ်။
ညီမငယ်ရဲ့မေးခွန်းထဲမှာ ဒီနေ့ခေတ်မိန်းမ သားတွေဟာ ချက်ပြုတ်ရ၊လှဲရကျင်းရ၊ ကလေးတွေကို ပြုစုရနဲ့၊ ၀န်ပိနေကြတာများပါတယ်။ တစ်ခါတစ်ခါမှသာခင်ပွန်းသည်တွေက ဒီအိမ်မှုကိစ္စတွေမှာ ၀င်ကူတတ်ကြတာလေ။
အိမ်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး တင်ရှိနေတဲ့ဇနီး သည်တစ်ဦးရဲ့ တာဝန်ပိုင်းတွေနဲ့ပတ်သက်လို့ အစ္စလာမ်ရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကို အခုဖော်ပြသွားပါရစေ။
အားလုံးအနက် ပထမအချက်ကတော့ အစ္စလာမ်ရဲ့သွန်သင်ချက်များအရ ချက်ပြုတ်ရေးဟာမိန်းမသားတစ်ဦးရဲ့ ဥပဒေအရ တင်ရှိနေတဲ့တာဝန် ၀တ္တရား မဟုတ်ပါဘူး။အိမ်မှုကိစ္စကို ထိန်းသိမ်းစောင့် ရှောက်ဖို့လည်း ထိုနည်းတူပါပဲ။ဒီလိုကိစ္စမျိုးတွေကို ဇနီးသည်က ထမ်းဆောင်ဖို့ငြင်းဆန်ခဲ့ရင် လင်ဖြစ်သူကမယားကို ဒါတွေလုပ်ရမယ်လို့ အဓမ္မခိုင်းစေလို့ မရပါဘူး။ ဥပဒေ ပညတ်ချက်များအရ အစ္စလာမ်က လင်နဲ့မယား နှစ်ဦးစလုံးက ဘ၀အဖော် ကောင်းများအဖြစ်နဲ့ပြုမူနေထိုင်သွား ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေအရ လိုအပ်ချက်တွေတစ်ခုတည်းကိုတွက်ချက်ပြီး၊ ဒီကြင်ဖော်စုံတွဲကို ချုပ်ခြယ်ကန့် သတ်ထားလို့မရပါဘူး။ ရင့်ကျက် တဲ့ဘ၀တစ်ခုဖွံ့ဖြိုးတိုးတက် စေဖို့အတွက် နှစ်ဦးသားလက်တွဲသွားသင့်ကြပါတယ်။ ဒါမှသာ ဖြေသိမ့်ရာနဲ့ ငြိမ်းချမ်းမှုကိုအဖြစ်နိုင်ဆုံးရရှိကြမှာ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ သူတို့ရင်ဆိုင်နေကြရတဲ့ပြဿနာ တွေကို ဖြေရှင်းသွားရာမှာ အချင်းချင်းပူး ပေါင်းယှဉ်တွဲဆောင်ရွက် သွားကြဖို့ကို ဖိတ်ခေါ်ထား ပါတယ်။ မိန်းမသားက အိမ်ကိုစီမံခန့်ခွဲ၇ မှာဖြစ်ပြီး လင်ယောက်ျားကတော့ အိမ်ပြင်ထွက်ပြီးစီးပွားရေးအတွက် လုံးပန်းဖို့တာဝန်ရှိပါတယ်။ ဒီလိုအလုပ် တာဝန်ခွဲထားမှုကမွတ်စလင်မ်တို့ရဲ့ ဓလေ့ဖြစ်နေပါတယ်။
တမန်တော်မြတ်ရဲ့ သမီးတော် ဖာသွေမာဟ်သခင်မ သည်ပင်လျှင် သူ့လက်နဲ့သူအိမ်မှု တာဝန်တွေကို လုပ်ကိုင်ခဲ့ရပါတယ်။ ခင်ပွန်းကောင်း အလီသခင်ကအပြင်မှာ စီးပွားရေး အတွက် လုံးပန်းနေရပါတယ်။ ဒါကို တမန်တော်မြတ်ကကန့်ကွက်ခဲ့ တာမရှိပါဘူး။ ဒီအလုပ်အားလုံးကို လုပ်ရမယ်လို့သာ သမီးဖြစ်သူကိုအားပေးမှု တောင်ပြုခဲ့သေးတယ်။
ဥပဒေရှုထောင့် သက်သက်က ဆိုရင်တော့ ဇနီးမယားဟာ ချက်ရေးပြုတ်ရေးကိစ္စကို(သို့မဟုတ်) အခြားအလုပ်တွေကို ငြင်းဆန်စ ရာရှိရင် ငြင်းဆန်မှာဖြစ်သလိုပဲ၊ တစ်ဖက်မှာ လည်း ခင်ပွန်းသည်က သူ့ဇနီးကို သူ့ဆွေမျိုးသားချင်းတွေဆီ သွားဖို့ ခွင့်ပန်တာကို ငြင်းဆန်မယ်ဆိုပါတော့၊ နှစ်ဦးသားဒီလိုတင်းကြပ်တဲ့ အချုပ်အချယ် တွေကို ဥပဒေ သဘော သက်သက်နဲ့ တင်းခံနေကြမယ်ဆိုရင်တော့ အတုံ့အလှည့် နားလည်မှုရှိ တော့မှာ မဟုတ်သလို နှစ်ဦးသားကြားနှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွှက်မှု ကလည်း တိုးတက် လာစရာရှိမှာမဟုတ်ပါဘူး။
ဒါကြောင့် ဇနီးသည် ဘက်က အိမ်မှုကိစ္စလုပ်ရတာ သူ့သိက္ခာကျတာပဲလို့မမှတ်ယူသင့်ပါဘူး။ အမှန်ဆိုရင် အိမ်ရှင်မဘက်က အခုလိုတက်တက်ကြွကြွဖြည့်ဆီးပေးသွားမှုဟာ လူ့အဖွဲ့အစည်းအတွင်း မိသားစုစနစ်အတွင်းမိသားစုစနစ်အတွက် တောင့်တင်းခိုင်မာမှုရဲ့ အခြေခံရင်း မြစ်ပဲဖြစ်ပါတယ်။မိမိ တို့မိသားစုအတွက် သာမက ခြုံပြီးပြောရရင် တစ်နိုင်ငံလုံး အတွက်ကြီးမားတဲ့ဖြည့် ဆည်းချက်ပါပဲ။ ဘာကြောင့်လည်းဆိုရင်နိုင်ငံတော်ကြီးပိုမို သာယာဖြောင့်ဖြူး ရေးအတွက် ချောမွေ့ဖြောင့်ဖြူးတဲ့မိသားစုစနစ် တစ်ခုအပေါ်မှာ မှီခိုနေလို့ပါပဲဗျာ။ အံ့သြစရာကောင်း တာကတော့ဗျာဒီကနေ့လေယာဉ် မယ်တွေဟာ လေယာဉ်ပေါ်က ရာနဲ့ချီတဲ့ တစိမ်းတရံစာ တွေကိုအစားအသောက်တွေ တည်ခင်းပေး တာကိုတော့ ဒီကနေ့မှာဆိုရင် သဘောထားကြီးမှု၊တိုးတက်မှုနဲ့ လွတ်မြောက်မှုတို့ရဲ့ သင်္ကေတရယ်လို့ တွင်တွင်ကြီးပြောနေကြပေမယ့်၊ ဇနီးသည်တစ်ဦးက ဒါထက် အများကြီးပေါ့ပါးတဲ့ ၀န်ဆောင်မှုသူ့မိသား စုကိုပေးတာကျတော့ ဂုဏ်သိက္ခာကျစရာ ဒါမှမဟုတ်အောက်တန်းစားကျတဲ့လုပ်ရပ်ရယ်လို့ သတ်မှတ်နေကြတာပါပဲဗျာ။
ဒီကနေ့ အနောက်နိုင်ငံ တွေမှာ ကြောက်ဖွယ်လိလိ မိသားစုပြိုကွဲ တဲ့အခြေအနေဆိုးကြီးကို ရင်ဆိုင် တွေ့ကြုံ နေကြရတယ်လေ။ ဒီချွတ်ယွင်း ချက်ကြောင့်သူတို့ရဲ့ ခေါင်းဆောင်တွေက အကြီးအကျယ် အနှောက် အယှက်ပြု နေကြတယ်။ ဒါဟာလင်နဲ့မယား တို့အကြား အတုံ့အလှည့် ပူးပေါင်းဆောင်ရွက်မှုတွေ လျော့နည်းသွားကြတာကြောင့် ဖြစ်ရတာပါ။ လင်နဲ့မယားတို့အကြား တစ်ဦးချင်းစီရဲ့ သဘာဝ၊ဇီဝဆိုင်ရာနဲ့ ဘာသာရေး ဆိုင်ရာလိုအပ်ချက် တွေအလိုက် ဖြည့်ဆည်းသွားကြရမယ့်တာ ၀န်ပိုင်းတွေကို ဆုံးဖြတ်ကြရမှာ အရေးပါနေပါတယ်။
အတိုချုပ်ပြော ရရင်တော့ ဇနီးသည်ဆိုတာ အိမ်မှုကိစ္စတွေကို ထမ်းဆောင်ဖို့ဥပဒေအရ ကိုက နှောင်ဖွဲ့ထားတာမှ မဟုတ်ပဲလေ။ အကြံပေးချင်တာကတော့ဒီတာဝန်တွေကို သူ့မိသားစုနဲ့အတူ ပူးပေါင်းထမ်း ဆောင်ရမယ့် အခန်းကဏ္ဍအဖြစ်ဇနီးသည်က ထမ်းဆောင် သွားပါ။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက်ဂုဏ်သိက္ခာရှိလှတဲ့ ဖြည့်ဆည်းချက်တစ်ခုလို့ ခံယူသွားဖို့ပါပဲ။ ဒါမှသာသူကအနေနဲ့ တမလွန်မှာ ကြီးကဲတဲ့ဆုလဒ်ကြီးကို ၇ရှိခံစားစေရာဖြစ်မှာပါ။
တစ်ချိန်တည်းမှာခင်ပွန်းသည် ဘက်ကလည်း အိမ်မှုကိစ္စဆိုတာ ဥပဒေအရ ဇနီးသည်ကသာ လုပ်ရမယ့်တာဝန်ရယ်လို့ သဘော မထားသင့်ပါဘူး။ မိသားစုကြီးရဲ့ ကောင်းကျိုးအတွက်စေတနာဝန် ထမ်းဖြည့်ဆီး ပေးနေပါလားလို့ သတိမူရပါမယ်။ ဒါကြောင့်လင်ယောက်ျားဖြစ် သူဟာ သူ့ဇနီးသည်ရဲ့စေတနာကို အစဉ်သဖြင့် လိုလိုလား လားအသိအမှတ်ပြုလက်ခံ ပေးရမယ်။ အိမ်ရှင်မဖြစ်နေလို့ ဒါတော့ သူလုပ်ရမယ့် ဥပဒေပါတာဝန်ပဲလို့ မဆိုအပ်ပါဘူး။ ဒီအိမ်မှု ကိစ္စအားလုံးကို ဇနီးမယားကပဲလုပ်စေရယ်လို့ တွက်ထား လို့မရပါဘူး။ ဖြစ်နိုင်ရင် ခင်ပွန်းသည်က ဇနီးသည်ကိုအိမ်ဖော်အကူ တွေ စီမံပေးထား ရမယ်။ ကိုယ်ကိုယ်တိုင် ကလည်း ဒီကိစ္စတွေမှာပါဝင်ဖြည့်ဆည်း ပေးသွားသင့် ပါတယ်။
ခိုင်လုံလှတဲ့ ဟဒီးဆ်သြ၀ါဒတော်အများအပြားအရ သိရှိရတာကတော့တမန်တော်မြတ်ကြီးဟာ အင်မတန်ကြီးမား လှတဲ့တာဝန်တွေရှိနေတဲ့ကြားက တောင်အိမ်မှုကိစ္စအတော်များများကို ကိုယ်တော့် လက်နဲ့ကိုယ်တိုင် လုပ်ဆောင်သွားခဲ့တယ်။ ဆိတ်နို့ညှစ် တာတို့၊ သူ့အ၀တ်အစား သူလျှော်တာတို့ လုပ်သွားတယ်။ကိုယ်တော်ရဲ့ ကြင်ရာ တော်ကြီးများ ဟာလည်း ဒီလုပ်ငန်းတွေကို စေတနာအလျောက်သာ လုပ်ကိုင် သွားလေ့ရှိပါတယ်။ တမန်တော်မြတ်ကြီးကသီးသီးသန့်သန့်ကြီး အမိန့်ပေး စေခိုင်းမှု တစ်စုံတစ်ရာ မှမပါပဲနဲ့ဖြည့်ဆည်း ပေးသွားကြတာသာ ဖြစ်ပါတယ်။
ဒါကြောင့် အိမ်မှုကိစ္စ ဆိုတာ ဇနီးမယား ဘက်က လုပ်ပေးရမယ့် တာဝန်ပဲရယ်လို့ဇောင်းပေးရေး သားတဲ့စာအုပ် တွေက မမှန်ပါဘူးခင်ဗျား။ အမှန်ဆိုရင်အစ္စလာမ့်ဥပဒေ ဓမ္မသတ်ကျမ်း အားလုံးမှာ လင်နဲ့မယား ဇနီးမောင်နှံတို့ရဲ့တာဝန် ၀တ္တရားတွေနဲ့ အခွင့်အရေး တွေကို တန်းတူညီတူ ဆွေးနွေးရေးသား ဖော်ပြထားကြတာ ချည်းဖြစ် ပါတယ်။ ခင်ပွန်းဖြစ်သူ က ဇနီးမယားကို စားဝတ်နေရေး အတွက်ထောက်ပံ့ပေး ရုံသာမက ကျမ်းတော်မြတ်ကုရ်အာန်မှာ မိန့်ဆိုထားချက်အပိုင်းအရ တရားသဖြင့် ကောင်းစွာ ဆက်ဆံသွားဖို့ လည်း လိုအပ်ပါတယ်။ဒါကြောင့် အစ္စလာမ့်ဓမ္မသတ်ဖိ ကာဟဟ်ရှင်ကြီး များက ခင်ပွန်းသည် ဟာဇနီးသည်ရဲ့ခွင့်ပြုချက်မရပဲ လေးလထက်ပိုပြီး ခရီးမထွက်ရဘူးရယ်လို့ရှုမြင်ခဲ့ကြတာဖြစ်ပါတယ်။
ကံဆိုးတာ ကတော့ များစွာသော မွတ်စလင်မ်တွေဟာသူတို့ရဲ့ဘာသာတရားရဲ့သွန်သင်ချက်တွေကို မသိနား မလည်ကြ တာပါ။သူတို့ရဲ့ဒီလို အသိမဲ့မိုက်မှား မှုကြောင့် ပဲ။ ဇနီးမယားအပေါ် သူတို့ဘက်က ဆက်ဆံမှုမှာအမှားတွေကို သူတို့တစ် တွေကျူးလွန်နေကြတာ ဖြစ်ကြောင်းပါခင်ဗျာ။
သာယာငြိမ်း ချမ်းသော သီရိဂေဟာတည်ဆောက်နိုင်ကြပါစေ။
တင်ပြသူ… ၀ါးခယ်မ မောင်မင်းနိုင်

0 comments:
Post a Comment