ကမ္ဘာ့မွတ်စလင်မ်လူဦးေ၇သည် စုစုပေါင်းကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ(၁ ဒသမ ၅ ဘီလီယံ)ထိ ရှိလာပြီဟု (ဏနတှုညျအငအကအန)၏ သုတေသနစစ်တမ်းကို ကိုးကား၍ ၀ါရှင်တန်ပို့စ်သတင်းတစ်ရပ်က ဖော်ပြသည်။ သုံးနှစ်ကြာသုတေသနပြုခဲ့သည့် အဆိုပါစစ်တမ်းတွင် ထူးခြားချက်များအနေဖြင့် ဥရောပတိုက်ရှိ ဂျာမနီနိုင်ငံမှာ မွတ်စလင်မ်လူဦးရေးသည် အရှေ့အလယ်ပိုင်းမှ အာရဗ်နိုင်ငံတစ်ခုဖြစ်သည့် လက်ဘနွန်နိုင်ငံရှိ မွတ်စလင်မ်ဦးရေထက် ပိုများနေသည်။ ထို့အတူ တရုတ်ပြည်နှင့် ရုရှား နိုင်ငံတို့ရှိ မွတ်စလင်မ်ဦးေ၇သည် ဆီးရီးယား၊ ဂျော်ဒန်နှင့် လစ်ဗျားနိုင်ငံတို့ထက် ပိုမိုများပြားနေကြောင်း တွေ့ရသည်။  ရှီအာမွတ်စလင်မ်အရေအတွက်သည်လည်း ကမ္ဘာ့ မွတ်စလင်မ်ဦးရေ၏ ၁၃ ရာခိုင်နှုန်းရှိပြီး အများစုမှာ အီရန်၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယတို့တွင် နေထိုင်ကြသည်။ ၁ ဒသမ ၅၇ ဘီလီယီရှိသော မွတ်စ လင်မ်များ တွင် (၆၀)ရာခိုင်နှုန်းမှာ အာရှတွင် နေထိုင်ကြပြီး အင်ဒိုနီးရှားသည် မွတ်စလင်မ်ဦးရေ(၂၀၃)သန်းဖြင့် မွတ်စလင်မ်ဦးရေအများဆုံးနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံသည် (၁၆၁) သန်းခန့်ဖြင့် တတိယအများဆုံး၇ပ်တည်နေသည်။ တရုတ်နိုင်ငံရှိ မွတ်စလင်မ်ဦးရေ(၂၂)သန်းခန့်သည် ဟန်မျိုးနွယ်နှင့် ၀ီဂါတိုင်းရင်းသာများဖြစ်သည်။ ဥရောပ တွင် မွတ်စလင်မ်(၃၈)သန်း၊ အမေရိကန်တွင် (၄.၆)သန်း အသီးသီးရှိနေသည်ဟု ၎င်းင်းစစ်တမ်းတွင် ဖော်ပြထားသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive