အာအိရှာဟ် (ရသွေ့) သခင်မက ဆင့်ဆိုသည် ကျမ၏ ဖခင် ဟဇရသ်အဗူဗကရ် (ရသွေ့) သည် ဟဒီးစ်ပေါင်း 500 ကို စုဆောင်းထား
ပါသည်။ တစ်ညသော အခါတွင် ဖခင်ကြီးသည် စိတ်သောကဖြစ်၍ အိပ်မပျော်ဘဲ လူးလိမ့်နေပြီး နံနက်လင်းသောအခါ ကျမထံမှ ဖခင်ကြီးသည် မိမိအပ်ထားသော ဟဒီးစ်တော် 500 မှတ်ထားသော မှတ်တမ်းကိုတောင်းယူ၍ မီးရှို့  လိုက်ပါသည်။
(တဟ်ဇီဗုတ်တဟ်ဇီဗ်ကျမ်း)

သမ္မတကြီး အဗူဗကရ်(ရသွေ့ ) သည်ဟဒီးစ် 500 ကို ဖျက်ဆီးခဲ့သည်ဟူသော ရေ၀ါယသ်ကို ဟဒီးစ်ငြင်းပယ်သူတို့က လိုတရက္ကုစ္ဆာသယ ဆေးလွယ်အိတ်သဖွယ် အသုံးပြု၍ ဟဒီးစ်တော်များကို ပြစ်မှားကြကုန်၏ ။ ထိုသူများသည် ကျမ်းချက်မှန်ကို မသိရှိကြ၊ ကြားဖူးနားစကားဖြင့် ပြောဆိုနေကြခြင်းဖြစ်သည်။

ထိုရေ၀ါယသ်သည် တဟ်ဇီဗုတ်တဟ်ဇီဗ် မည်သော အပ်စ်မာအေရာဂျာလ် ကျမ်း၌ ဖော်ပြထားသော ရေ၀ါယသ်ဖြစ်၏။ ထိုရေ၀ါယသ်ဖြစ်၏။ ထိုရေ၀ါယသ်၏ စနဒ်တွင်ပါရှိသော ရာဝီများ၌ အလီဗင်န်ဆွာလေဟ် နှင့် မုဖသွာလ်ဗင်န်အဗ်ဒွလ္လာဟ် တို့သည် ကဇ်ဇာဗ် ဖြစ်သည်။ သို့ပါ၍ ဤရေ၀ါယသ်သည် မောင်သူအ် (လုပ်ကြံထားသော စကား) ဖြစ်သည်။

ဤရေ၀ါယသ်ကို အလ္လာမဟ် အိဗ်နေ့ဟဂျရ်က မိမိကျမ်း၌ မောင်သူအ်ရေ၀ါယသ်၏ နမူနာအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။

ဟဒီးစ်ငြင်းပယ်သူတို့သည် ဤသို့လုပ်ကြံထားသော စကားရပ်ဖြင့် တစ်ဖက်သက် သမ္မတကြီးအပေါ် စွပ်စွဲခြင်းဖြစ်သည်။ (သမ္မတကြီးနှင့် မည်သို့မျှ မသက်ဆိုင်ပါ)

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive