သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အသျှင်မြတ်ရဲ့ နာမတော်ဖြင့် အစပြုပါ၏။ ကိုယ်တော်မြတ် အပေါ်သို့ အရှင်မြတ်ရဲ့ ဂရုဏာများ လွှမ်းခြုံပေးတော်မူပါရန် မေတ္တာပို့သအပ်ပါသည်။

ဒီနေ့ခေတ်က အရမ်းကို တိုးတက်လာပါပြီ။ မီဒီယာကဏ္ဍဆိုတာလဲ သိပ်ကို အရေးပါလာတယ်။ ဘယ်နေရာမှာမဆို မီဒီယာရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ်အနေအထားကို ရောက်လာတယ်ဆိုတာ အထူးပြောဖို့ မလိုလောက်တော့ပါဘူး။

ဟုတ်ပါပြီ။ မီဒီယာထဲမှာ ကုန်ကျမှု အသက်သာဆုံး၊ နည်းပညာအရ အခြေခံကျပြီး အားသာမှုတွေကြောင့် အွန်လိုင်း (အင်တာနက်) ပေါ်က မီဒီယာ စီးဝင်မှုတွေဟာ သာမန်နဲ့မတူ သိပ်ကို မြန်ဆန်လွန်းနေပါတယ်။

အဲဒီ မြန်ဆန်တဲ့ အင်တာနက် ကွန်ယက် မီဒီယာစနစ်ကြီးထဲမှာ ဘာသာစကားပေါင်းစုံနဲ့ အစ္စလာမ်ကို အပုတ်ချ စော်ကားတဲ့ ပုံစံတွေကလဲ ဘက်ပေါင်းစုံကနေ ထိုးထွက်လာနေတာကို သိပြီးသားဖြစ်မှာပါ။

ဒီလိုပါပဲ မြန်မာမွတ်စလင်မ်တွေရဲ့ အွန်လိုင်းလောကမြင်ကွင်းကို ကြည့်ကြရအောင်။
- အစ္စလာမ်သာသနာတော်ကို အဆုံးစွန်းရောက်အောင် မြန်မာစကားကို သုံးနှုံးပြီး ရိုင်းစိုင်းမှုအဆင့်သတ်မှတ်ချက်မရှိတဲ့ပုံစံမျိုးတွေနဲ့ စော်ကားမှုတွေ ၀င်ရောက်လာနေပါတယ်။ ဒါကတော့ သာသနာရဲ့ ပြင်ပအခြေအနေပေါ့။ တနည်းဆိုရရင် အဝေးကနေ မြှားနဲ့ပစ်မယ့် ရန်သူပေါ့။
- တခြားသူမျာကို မဆိုထားနဲ့။ رضي الله عنهم ဆွဟာဗဟ် သာဝကကြီးတွေကိုတောင် ဝေဖန်လာတယ်။ အားနည်တယ်ဆိုပြီး ထောက်ပြသယောင်တွေ လုပ်လာနေပါတယ်။ ဒါကတော့ သာသနာရဲ့ အတွင်းအခြေအနေပေါ့။ ဒါကတော့ အနီးကပ် နောက်ကျောကို ဓားနဲ့ထိုးမဲ့ သူလျှို ရန်သူပေါ့။

အနီးကပ် နောက်ကျောဓားနဲ့ထိုးမဲ့သူတွေက “စည်းလုံးရေး” “စည်းရုံးရေး” ခေါင်းစဉ်တပ်ပြီး ပုံစံအသစ်နဲ့ ၀င်လာတယ်။ အသံကြားလိုက်ရတော့ အိလင်မ်(သာသနာ့ပညာ)အခြေခံ အားနည်းသူတွေကတော့ ကြွေကုန်တယ်။ ဟုတ်၏။ မှန်၏ပေါ့။ ခိုက်ကုန်ကြတော့ သူတို့ကို ဆရာတင်လိုက်တယ်။ ဒီမှာတင် ကံစမ်းမဲပေါက်ကုန်တဲ့ ပုဂ္ဂိုလ်တွေက ရှိုင်သွာန်လို ဘ၀င်မြင့်ကုန်ကြပြီး နဗီတွေရဲ့ပညာ၊ ၀ဟီကတဆင့်ရတဲ့ ပညာတွေကို နှစ်ရှည်လများ ဒုက္ခခံပြီး သင်ခဲ့ကြသူတွေ၊ ပေးဆပ်ထားရတဲ့သူတွေကို အထင်သေး အမြင်စောင်းလာရအောင် အပြစ်တင်၊ ဝေဖန်ရင်း သူတို့ရဲ့ သေးသိမ်ယုတ်ညံ့မှုတွေကို ဖောက်သည်ချ စည်းရုံးကြလေတော့တယ်။

သူတို့ စည်းရုံးကြပုံကလဲ the most very fastly media streaming technology နည်းတွေကို အသုံးချလာကြသလို၊ ဒါတွေကို ချေဖျက်နိုင်ဖို့ မြန်မာမွတ်စလင်မ် အွန်လိုင်းလောကအတွက် အခိုင်မာဆုံး ရပ်တည်ပေးနိုင်မဲ့ လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေ များစွာ လိုအပ်နေပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ N.G.M.M.C ဆိုတာ မွတ်စလ်မာန် မျိုးဆက်သစ် ညီအစ်ကို မောင်နှစ်မတွေအတွက် နီယာသ်မှန်ကန်စွာ၊ အစ်ခ်လားစ်ွဖြူစင်စွာနဲ့ လျှောက်လှမ်းခဲ့ကြတာပါ။

N.G.M.M.C ဆိုတာ အစ္စလာမ့်လူ့ဘောင်အဆောက်အဦးအတွက် အုပ်တစ်ချပ်ဆိုတာထက် သဲတစ်ပွင့်ဖြစ်ဖို့ လျှောက်လှမ်းခဲ့တာပါ။ အခုတော့ ခရီးစဉ်ရဲ့ အစပိုင်းဖြစ်လို့ မပြီပြင်မှု၊ လိုအပ်မှုတွေအတွက် အပြုသဘောဆောင်တဲ့ အကြံဉာဏ်တွေကို လှိုက်လှဲစွာနဲ့ ကြိုဆိုနေပါကြောင်း။

အားလုံးပဲ အရှင့်ထံတော်မှ ငြိမ်းချမ်းမှုတွေ ရရှိပါစေလို့ ဆန္ဒပြုရင်း . . .

ngmmc မှ ကူးယူပါသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive