ယခုဆွေးနွေးမည့် အကြောင်းအရာသည်ကား “ဟဒီးစ်တော်များအား အလ္လာ့ဟ်အရှင်မြတ်မှ ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဟူသည့် ကဏ္ဍပင်ဖြစ်သည်။ ဟဒီးစ်တော်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသည့် အချက်ကို နားလည်သဘောပေါက်နိုင်ရန် ဦးစွာကုရ်အာန် ကျမ်းတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် စနစ်ကိုတင်ပြပါမည်။

စာရှုသူများသိရှိပြီးသည့်အတိုင်း အလ္လာ့ဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ထိန်းသိမ်းစောင့်ရှောက်ထားတော်မူသည်။ သို့သော် စာရှုသူသည် အာလင်မ်များ၊ ကာရီများ၊ ဟာဖဇ်များ၏ သေလာဝသ် ပြုရာတွင် မေ့လျော့သွားခြင်း၊ မုရှာဗဟ် တိုက်ခိုက်ခြင်းများ ကြားသိနေရသည် မဟုတ်ပါလော ? ထို့အတူ အချို့အသိပညာနည်းသော သူများသည် ကုရ်အာန်ကျမ်းတော်မြတ်ကို မှားယွင်းစွာ ဖတ်မိကြသည် မဟုတ်ပါလော။

အချို့ ကာဟစ်ဗ် များသည် ကျမ်းမြတ်ကုရ်အာန်ရေးသားရာ၌ မှားယွင်းစွာ ရေးသားခဲ့သည်ကို မတွေ့မိသလော။ အချို့ ကွန်ပျူတာ ရိုက်သူများက အက္ခရာများကို မှားယွင်းစွာ ရိုက်ခဲ့မိသည်ကိုလည်း မတွေ့ရှိသလော? ဤစကားရပ်အားလုံး၏ တစ်ခုတည်းသော အဖြေမှာ
မှားယွင်းမှုဖြစ်ခဲ့သည်ဟုပင် ဖြေဆိုရမည်။

ထိုအမှားမျိုးသည် ထာဝရအတွက် အမှားမဟုတ်၊ အမှားကို သိ, သိခြင်း အမှန်ကို ပြင်ဆင်ကြသည်။ ဤသို့မှားယွင်းမှု တစ်စုံတစ်ရာဖြစ်သည်ကို ထောက်ရှု၍ အလ္လာ့ဟ်အရှင်မြတ်က ထိန်းသိမ်းခြင်းဟူသည့် ကတိတော်ကို ရုပ်သိမ်းတော်မူလိုက်ပြီဟုမဆိုအပ်။
ကုရ်အာန်ကျမ်းတော်မြတ်၌ မှားယွင်းချွတ်ချော်မိကြလျှင် အမှန်ပြင်ပေးကြသူများအမြောက်အများရှိနေကြ၏။ သို့ပါ၍ မှားယွင်းမှုသည် အမြဲမတည်တဲ့ပဲ၊ အမှန်တရားသည်သာ ထာဝရ တည်တံ့လျက်ရှိနေပေသည်။ အလ္လာ့ဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ထာဝရအတွက် ထိန်းသိမ်းထားတော်မူသည်။

ကုရ်အာန်ကျမ်းတော်မြတ်ကို သိလာဝသ် ပြုရာ၌ ချွတ်ချော်မှု ဖြစ်သည်ကို ထောက်၍ ကုရ်အာန်မှားသည်ဟု မဆိုနိုင်သကဲ့သို့် ဟဒီးစ်တော်များ ဆင့်ဆိုရာ၌ ချွတ်ချော်မှု “ဇွအီဖ်၊ မွန်ကိရ်” ရေ၀ါယသ်များရှိနေခြင်းကိုထောက်၍ ဟဒီးစ်တော်များသည် ဒွိယသံသယ ဖြစ်စရာများဖြစ်သည်ဟု ဆိုလျှင် များမကြာမီ ၄င်းတို့သည် ကုရ်အာန် ကျမ်းတော်မြတ်ကိုလည်း ဝေဖန်တိုက်ခိုက်လာကြပေလိမ့်မည်။
ဤသည် ကုရ်အာန်ကို ဆန့်ကျင်ရန် လမ်းဖောင်ခြင်းမည်၏။

ကုရ်အာန်ကျမ်းတော်မြတ်ကို ချွတ်ချော်စွာ ဖတ်ရွတ်လျှင် အမှားထောက်သူများ ခေတ်တိုင်းတွင် ရှိသကဲ့သို့ ရာဝီ များ၏ ချွတ်ချော်မှု များကို ဖော်ပြရန် မုဟဒ္ဒီးစ် များသည်လည်း ခေတ်တိုင်းတွင် ရှိပေသည်။ အလ္လာ့ဟ်အရှင်မြတ်သည် ခေတ်တိုင်းတွင် မုဟဒ္ဒီးစ် များကို ထားရှိပေးတော်မူ၏ ။

အစ္စလာမ်ကို မနာလို မုန်းတီးသူများက လုပ်ကြံဖန်တီး၍ စစ်မှန် ဟဒီးစ်တော်များထဲ၌ မိမိတို့ ဖန်တီးထားသော ဟဒီးစ် တုများကို ရောမွှေထားလျှင်လည်း မုဟဒ္ဒီးစ် များသည် ဆန်ထဲမှ စပါးစေ့ကို ကောက်ဖယ်လိုက်သကဲ့သို့ ဖယ်ရှားပစ်ခြင်းဖြင့် ဟဒီးစ် အစစ်များ ထဲမှ ဟဒီးစ် အတုများကို ဖယ်ရှားပစ်လိုက်ခြင်းဖြင့် အမှားသည် ထာဝရ မတည်နိုင်တော့ချေ။
xxxxxxxx xxxxxxxx xxxxxxxx xxxxxxxx xxxxxxxx xxxxxxxx xxxxxxxx
မုဖ်သီ ဃာဇီ မုဟမ္မဒ် တွိုင်ယစ်ဗ် ရှမ်စီ ၏ ဟဒီးစ်ငြင်းပယ်သူတို့၏ စွပ်စွဲချက်ကို ချေပခြင်း စာအုပ်မှ ကူးယူပါသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive