အီဒင်ဘာရာမြို့၏ အသစ်လွင်ဆုံးသောမတ်စ်ဂျိဒ်တွင် ၂၀၀၉ ခုနှစ်၊စက်တင်ဘာလမှစတင်ပြီး ၀တ်ပြုမှုများစတင်ခဲ့သည်။ စကော့တလန်တွင်ရှိသည့်အင်္ဂလိပ်စကားကို ဦးစားပေးသောမွတ်စလင်မ်တို့အတွက် သုံးလအတွင်းမှာစကော့မွတ်လင်မ်အသင်းက ပေါင်(၅)သိန်းခွဲအထိ ဒေသအတွင်းမှကောက်ခံခဲ့ပြီးစီစဉ်ခဲ့ခြင်းဖြစ်သည်။ ကွင်းစ် ဖယ်ရီလင်းရှိ ယခင်က ယူနိုက်တက်ဖရီးချာ့ခ်ျဘုရားရှိခိုးကျောင်းကြီးကို ချက်ချင်းဝယ်ယူလိုက်ကာ မြို့တော်၏အနောက်ဖက်လူကုံတန်ရပ်ကွက်၏ ပထမဆုံး ဗလီကြီးဖြစ် လာသည်။ အဆိုပါဗလီကြီးတွင်ကြီးမားသောဝတ်ပြုခန်းမကြီးနှစ်ခုပါရှိသည်။မိမိနေရပ်ဒေသကို ကျော်လွန်၍ ကမ်းလင့်သောအစီအစဉ်များအဖြစ် အကျိုးပြု အချက်အပြုတ်ပညာနှင့် ကျန်းမာကြံ့ခိုင်ရေးသင်တန်းတို့ကို စီစဉ်ပေးသည်။““ဒါဟာ ၀တ်ပြုရုံသက်သက် ၀တ်ကျောင်းတော်တစ်ခုထက်သာမက အသိုင်းအ၀ိုင်း တစ်ခုလုံးရဲ့ ဗဟိုစင်တာကြီးလည်းဖြစ်ပါတယ်””ဟု အီမာမ်ဆိုဟိုင်းလ်အာရှာဖသ်ကပြောကြားခဲ့သည်။ ဗြိတိသျှဖွားအီမာမ်သည် စကော့တလန်တွင် ၂-နှစ်သားကတည်းက နေထိုင် ခဲ့သူဖြစ်သည်။ ဤ၀တ်ကျောင်းတော်က လူငယ်ထုအား မတရားကာမမှုနှင့်အရက်သေစာရှောင်ကြဉ်ရေးတို့ကို ပညာပေးသွားမှာဖြစ်ပြီး မိမိကိုယ်ကို ယုံကြည် မှုရှိ လာစေမှာဖြစ်သည်။ ဆွလားသ်ဝတ်ပြုရာမှာ အာရဗီဘာသာစကားကိုသုံးစွဲပြီး ခွတ်သ်ဗာတရားဟောကြားရာနှင့် စာသင်ရာမှာတော့အင်္ဂလိပ်ဘာသာစကားကို သုံး စွဲ သည်။ ဗြိတိန်မှာ ပညာဆည်းပူးခဲ့ကြသည့်ဒေသခံလူငယ်(၁၅)ဦး စကော့တလန်မှာ ရှိသည်။တိုင်းတပါမှလာသောအီမာမ်များမဟုတ်ကြ၍ ကိုယ့်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်အထာကိုနောကျေနေကြ၏။ အမျိုးသမီးကြီးငယ်တို့မှာလည်း ဤမတ်စ်ဂျိဒ်မှာပညာဆည်းပူးနေကြ၏။ လူငယ်တို့က ဘောလုံးနှင့်ခရစ်ကက်ကို လေ့ကျင့် နေကြ ၏။စာအုပ်စင်ထက်တွင် အာရဗီ၊ အူရ်ဒူနှင့် အင်္ဂလိပ်ဘာသာပြန်ကုရ်အာန်တို့ကိုထားရှိပေးထားသည်။ စကော့တလန်တွင် နေထိုင်ကြ သည့်မွတ်စလင်မ် တစ်သိန်းခန့်သည် စကော့တလန်လူ့အဖွဲ့အစည်းကို အကျိုးပြုသော၊ဂုဏ်သိက္ခာရှိသောလူ့အစုအဝေးဖြစ်ရေးကို ဦးတည်းလှုပ်ရှားလျက်ရှိနေကြသည်။
0 comments:
Post a Comment