ကမ္ဘာ့ရှေးအကျဆုံးတက္ကသိုလ် အလ်အဇ်ဟရ် အစ္စလာမ့် တက္ကသိုလ်မှ ပညာရှင်များကအမျိုးသမီး ကရီမာန်ဟမ်ဇဟ် အကျယ်ဖွင့်ဆိုခဲသော ကုရ်အာန် ကျမ်းမြတ်အားအတည်ပြုထောက်ခံလိုက်ပါပြီ။ ကုရ်အာန်ကျမ်းအား အကျယ်ပြန်ဆိုခဲ့သူပထမဆုံးအမျိုးသမီး ကရီမာဟ် ဟမ်ဇဟ် သည် အစ္စလာမ့်ရေးရာရုပ်သံလိုင်းများ တွင်အစီစဉ် တင်ဆက်သူ အဖြစ် ယခင်ကလုပ်ကိုင်ဖူးသည်။ သူ၏ကုရ်အာန်သဖ်ဆီရ်နှင့်ပတ်သက်ပြီး အလ်အဇ်ဟရ်အစ္စလာမ့်တက္ကသိုလ် ၏အစ္စလာမ့်သုတေသန အကယ်ဒမီ အကြီးအကဲ ရှိုခ် မိုဟမ္မဒ် အလ်ရာဝီမှ ကုရ် အာန် နဲ့ပတ်သက်လို့ကတော့ မည့်သည်ကိစ္စကိုမဆို အရေးစိုက်ရပါမယ် ကုရ်အာန်ရဲ့စကားလုံးတိုင်း ၀ါကျတိုင်းကို ကိုစိစစ်ပြီးသည့်တိုင်  ကျွန်တော်တို့ ထောက်ခံချက် မ ပေးသေးပါဘူး ကုရ်အာန် သဖ်စီရ် နယ်ပယ်မှာ ကျွမ်းကျင်းတဲ့ပညာရှင်တွေ အတည်ပြုပေးမှသာ ထောက်ခံပေးပါတယ် ။ ဒါကြောင့် အစ္စလာမ့် သုတေသန အက ယ် ဒမီ မှ ထောက်ခံပေးတဲ့ ဘယ် ကုရ်အာန်သဖ်စီရ်ကို မဆို သံသယမရှိယုံကြည်နိုင်ပါတယ် ဟု Ashaq al Awsat  သတင်းစာကိုပြောပါသည်။ အစ္စလာမ့် သုတေသန အကယ်ဒမီမှ သုတေသန၊ ဘာသာပြန် ထုတ်ဝေရေး ဌာန မှဒါရိုက်တာရှိုခ် အဘူဇဟရ် အဘူဂဇာလာမှ လည်း ကရီမာဟ် ဟမ်ဇဟ်ရဲ့ အတွဲ ၂၀ရှိ တဲ့သဖ်စီရ်မှာ ရှရီအဟ်နဲ့ ကွဲလွဲတာ မရှိပါဘုးထောက်ခံချက်မပေးခင်အထိ အသေအချာစိစစ်ပေးခဲ့ပါတယ် …ဒီသဖ်စီရ်ဟာအမျိုးသမီးတစိဦးရဲ့ ရှုထောင်ကနေ ဖွင့်ဆိုထားထာမဟုတ်ပဲ ကျယ်ကျယ်ပြန့် ပြန့် ဖွင့်ဆိုထားတာပါ ။ အမျိုးသား ၊အမျိုးသမီး သဖ်ဆီရ်ဆိုတာထက် ကုရ်အာန်ကို အရှိအမှန်အတိုင်းဖွင့်ဆိုရေးနဲ့အစ္စ လာမ့်ရှရီ အဟ်နဲ့ မဆန့်ကျင်ဖို့သာ အရေးကြီးပါတယ် က၇ီမဟ်ဟမ်ဇာ၏ကုရ်အာန်သဖ်ဆီရ်နှင့်ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ပါသည်။ အလ်အဇ်ဟရ် အစ္စလာမ်တက္က သိုလ် မှ ရှိုခ်မိုဟမ္မဒ် အလ်ဘီရ်ရီမှလည်းကရီမာဟမဟမ်ဇာရဲ့ကုရ်အာန်သဖ်ဆီရ်ကိုကြိုဆိုပါတယ် တမန်တော်မြတ် (ဆွ)နောက်လိုက် မြင့်မြတ် တဲ့အမျိုး သမီးတွေကို ယနေ့မွတ်စလင်အမျိုသမီးတွေအားကျစေဖို့ ကရီမာဟ် ဟမ်ဇဟ် က နိုးဆော်လိုက်တာပါ အစ္စလာမ်သွန်သင်ချက်တွေအရပညာရေး ၊အပါအ၀ င် ဒါအ် ၀ဟ် နယ်ပယ် မှာ အမျိုးသားအမျိုးသမီးမခွဲခြားပဲဆောင်ရွက်နိုင်ပါတယ်  ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သူ၏ သဖ်စီရ်နှင့်ပတ်သက်၍လည်း ကရီမဟ် ဟမ်ဇာဟ်က ကျွန်မက အလ်အဇ်ဟရ်ကပညာသင်ထားတဲ့ အမျိုးသမီးမဟုတ်ဘူးရှင့်ဒါပေမဲ့ သာသနာ့ချစ်စိတ်ကပဲ ဒီ နယ်ပယ် ထဲကိုရောက်၇ှိစေခဲ့တာပါရှင် ဟု ပြောပါသည်။ သူ၏ သဖ်စိရ်အားအလ်အဇ်ဟရ်ပညာရှင် များဖြစ်သော စိုင်ယဒ်ကုတုဗ်  ရှိုခ်မိုဟမ္မဒ် အလ်ဂါဇာလီ ၊စွာ လေ အလ်ဒ္ဒီန်းအာဒိုဂန် ၊ ရှိုခ်ဟာဆန် မခ်လုးဒ် တို့၏ သဖ်ဆီရ်များကိုမှီးငြမ်းထားကြောင်းသိရသည်။
Comment


 
Follow – Email me when people comment

forever friend Comment by forever friend on January 15, 2011 at 5:06pm
Mashallah

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive