۩ လက်ရှိ သိပ္ပံနှင့်ခေတ်သစ် အိုင်တီလောကကြီးတွင် အစ္စလာမ်သာသနာနှင့် သာသနာဝင်ပုဂ္ဂိုလ်များအား ပစ်မှတ်ထား တိုက်ခိုက်မှုသည် အင်တာနက်အသွင်သစ်ဖြင့် ကမ္ဘာလောကကြီးတစ်ခုလုံးကို
ခြုံငုံကာ ပေါ်ပေါက်လာခဲ့ပြီး ဖြစ်ပေသည်။

۩ ရှေးယခင် ခေတ်ကာလများတွင်
ဤကဲ့သို့သော ရန်ငြိုးထား တိုက်ခိုက်မှုများသည် ကန့်သတ် နယ်မြေအချို့တွင်သာ
အတိုင်းအတာတစ်ခုအဖြစ် ဖြစ်ပွားခဲ့ပေသည်။

۩ သို့ရာတွင် မျက်မှောက်ခေတ်ကာလ၌ အစ္စလာမ်ကို ရန်ငြိုးထား အမျက်ပွားကြသော
အုပ်စုဝင်တို့သည် ကမ္ဘာတခွင် အစ္စလာမ်၏ အမည်ပျက်ပြားစေရန်၊ မွတ်စလင်မ်တို့
စစ်မှန်သော တရားလမ်းကြောင်းမှ လွဲချော်သွားစေရန်
ဤကဲ့သို့သော
ဝက်ဘ်ဆိုဒ်များကို ဖန်တီးလျက် ရှိနေကြပေသည်။

۩ ထိုဝဘ်ဆိုဒ်များတွင် အထူးသဖြင့် အစ္စလာမ်သာသနာ၏ ဦးသျှောင်
ကိုယ်တော်မြတ်
صلى الله عليه وسلم နှင့် သာသနာ၏ အခြေခံ အရေးပါ
အရာရောက်လှသော ပုဂ္ဂိုလ်ကြီးများ၏ ဆန့်ကျင်ဘက် အသိုင်းအ၀န်း ပေါ်ပေါက်စေရန်
သိမ်ဖျင်းလှသော  ကြိုးပမ်းမှု၊ ၎င်းတို့၏ ဦးနှောက်နှင့် အသိဉာဏ်တို့
လက်လှမ်းမမီနိုင်သည့် အချို့သော အစ္စလာမ်၏ မိန့်ဆိုချက်များကို
မွတ်စလင်မ်များကိုယ်တိုင် သံသယအရှုဖြင့် ကြည့်ရှုလာစေရန်

ကြိုးစားမှုများကို တွေ့မြင်နေရပေသည်။

۩ ၎င်းတို့၏ ကြိုးစားမှုပန်းတိုင်မှာ
မွတ်စ်လင်မ်တို့ကိုယ်တိုင် မိမိတို့သာသနာနှင့်ပတ်သက်ပြီး သံသယပွား၍
အဆုံးတွင် ယင်း နှစ်ဘ၀အောင်မြင်မှုကို ပေးနိုင်သော သာသနာကို
စွန့်လွှတ်ကျောခိုင်းသွားကြစေရန်
ဖြစ်ပေသည်။

۩ ထို့အတူ အစ္စလာမ်သာသနာသည်၏ အခြေခံအုတ်မြစ်ကျသော
သွန်သင်မိန့်ဆိုချက်များနှင့် နက်ရှိုင်းသိမ်မွေ့လှသည့် ဖိကာဟ် ဓမ္မသတ်ကို
တတ်ကျွမ်းနားလည်ကြသည့် စစ်မှန်သည့် သာသနာ့ပညာရှင် ပုဂ္ဂိုလ်ကြီးများ၏
အကူအညီမပါဘဲ မိမိဖာသာ နားလည်စေရန်ဆိုသည့် ခေါင်းစဉ်တပ်ရင်း
မကောင်းစိတ်ထားကာ ကြိုးပမ်းပေးနေကြသည့် ၀ဘ်ဆိုဒ် ၄၇-ခုခန့်သည်
ဘာသာစကားမျိုးစုံဖြင့် အင်တာနက်လောကတွင် ထွက်ပေါ်နေပြီး
ဖြစ်ပေသည်။

۩ ဤကဲ့သို့သော အစ္စလာမ့်ရန်သူတို့၏ စဉ်ဆက်မပြတ် ကြိုးစားမှု၏ ရလာဒ်အဖြစ်
မွတ်စလင်မ်များအနက် မိမိကိုယ်မိမိ ပညာတတ်လူတန်းစားအဖြစ် ခံယူထားသည့်
ပုဂ္ဂိုလ်အချို့သည် ရန်သူ၏ ကြိုတင်စီမံထားသည့် ကျော့ကွင်းတွင် ပိတ်မိလျက်
ရှိနေပြီး တရားလမ်းမှန်မှ ဝေးကွာလျက် ရှိနေသည်ကို အလွန်တရာ
စိုးရိမ်ဖွယ်ရာအဖြစ် တွေ့မြင်နေရ
ပေသည်။

۩ ထိုကဲ့သို့သော ကြိုးစားမှုများသည်
အထူးသဖြင့် ဥရောပနှင့် အမေရိကတွင် တဟုန်ထိုး တိုးတက်လျက် ရှိနေပြီး၊
၎င်းတို့၏ရည်ရွယ်ချက်မှာ အလွန်တရာ လျင်မြန်သောနှုန်းဖြင့် ယင်းဒေသများတွင်
ပြန်ပွားနေသည့် အစ္စလာမ်၏ အရှိန်အဟုန်ကို တားဆီးရန် ဖြစ်ပေသည်။

۩ ထိုနည်းတူ ကြံစည်ကြိုးပမ်းမှုများသည်
လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံတွင် ထင်ထင်ပေါ်ပေါ် မရှိသေးသော်လည်း
မဝေးလှသော နောင်အချိန်တစ်ခါ၌ ပေါ်ပေါက်လာနိုင်စရာ ရာနှုန်းပြည့် ရှိနေပေသည်။

۩ ထို့အတွက်ကြောင့် ကျနော်တို့
အစ္စလာမ်သာသနာဝင် ပုဂ္ဂိုလ်များ၊ အထူးသဖြင့်
မျိုးဆက်သစ် မြန်မာမွတ်စလင်မ်များသည် အင်တာနက် သုံးစွဲမှုပြုရာ၌
သတိထားဆင်ခြင်၍ သုံးစွဲရမည်ဖြစ်ပြီး အစ္စလာမ့်ရန်သူတို့ ပြုလုပ်ထားသော
ဝဘ်ဆိုဒ်များကို အထူးသတိဖြင့် စောင့်ကြည့်ကာ ၎င်းတို့ကို တန်ပြန်တွန်းလှန်
အဖြေပေးနိုင်ရန်
ယခုအချိန်မှစ၍ အစ္စလာမ်သာသနာနှင့်ပတ်သက်ပြီး
အခြေခံကျကျ စစ်စစ်မျစ်မျစ် လေ့လာဆည်းပူးပြီး မိမိကိုယ်ကို အသင့်
ပြင်ဆင်ထားရမည် ဖြစ်ပေသည်။
xxxxxxxxxxxxxxxxxxxxxxxxx
N.G.M.M.C မှ ကူးယူသည်

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive