ရှေးဟောင်းသုတေသနပညာရှင် များသည် ယူစုဖ်နဗီ၏အမှတ်အသားပါသော အီဂျစ်ရှေးဟောင်းဒင်္ဂါးများကို ရှာဖွေတွေရှိ ခဲ့သည်ဟု အီဂျစ်နေ့စဉ် သတင်းစာ ““အလ်အဟ်ရမ်”” ၏သတင်းတစ်ပုဒ်၌ ဖော်ပြပါရှိပါသည်။ အီဂျစ်သုတေသီတစ်စုနှင့် ရှေးဟောင်းသုတေသနပညာရှင်တို့သည် ဖာရို မင်းဆက်လက်ထက်က ဒင်္ဂါးများ ကို ကြုံ တောင့်ကြုံခဲရှာတွေခဲ့ကြ သည်။ ဤဒင်္ဂါားများသည် အချို့သမိုင်းပညာရှင်တို့အခိုင်အမာပြောဆိုနေကြသကဲ့သို့ ရှေး ဟောင်းအီဂျစ်တို့တွင် ကုန်စည်ချင်း ဖလှယ် သည့်ဘာတာစနစ်သာရှိခဲ့သောကြောင့် ဒင်္ဂါးများနှင့် ရင်းနှီး ကျွမ်းဝင်မှုမ ရှိ ဟူသောအဆိုမှားယွင်းကြောင်း သိပ္ပံအထောက်အထားများဖြင့် သက်သေပြနိုင်စ ရာဖြစ် လာခဲ့သည်။
သုတေသီတို့က အီဂျစ်ပြတိုက်မြေအောက်ခန်း၌ သေတ္တာများထဲ၌ အမှတ်မဲ့သိုလှောင်သိမ်းဆည်းထားသည့် ထောင်ပေါင်းများစွာသောရှေးဟောင်းပစ္စည်းအသေးစားများကို ရွေးထုတ်ရှာဖွေရာမှ ဒင်္ဂါးများကို တွေ့ လိုက်ကြရခြင်းဖြစ်သည်။ ထိုဒင်္ဂါးများကို တွေရှိ လိုက်ကြရခြင်းဖြစ်သည်။ ထိုဒင်္ဂါးများကို လေ့လာစူးစမ်းကြည့်သောအခါ ဒင်္ဂါးသွန်းလုပ်သည့် ကာလအမှတ်သားနှင့် ထိုခေတ်တွင်အုပ်ချုပ်သောဘုရင်၏ပုံတို့ကို ခပ်နှိပ်ထားသည်ကြောင်းတွေ့ရသည်။ အချို့သောဒင်္ဂါးများမှာ အီဂျစ်တွင် ယူစုဖ်နဗီသက်ရှိ ထင်ရှားရှိ နေစဉ်အချိန်ကာလက ဒင်္ဂါးများဖြစ်နေသည်။ အမည်နှင့်ပုံလည်းရှိ သည်။
ရှေးဟောင်းအီဂျစ်တို့သည် ဂျုံအစသည့်ပစ္စည်းချင်းဖလှယ်၍ကုန်သွယ်ရောင်းဝယ်သည့်စနစ်ကိုသာ အသုံးပြုခဲ့ကြပြီး ဒင်္ဂါးများနှင့်ရင်းနှီးပတ်သက်မှုမရှိ ဟူသောသမိုင်းအချက်အလက်မှာ မှားယွင်းကြောင်းသက်သေတစ်ရပ်ဖြစ်လာသည်။ ထို့ထက်ပို၍့ အံ့သြစရာကောင်းသည်မှာ ကျမ်းတော်မြတ်ကုရ်အာန်တွင် တမန်တော်ယူစုဖ်လက်ထက်၌ ဒင်္ဂါးပြားများသုံးစွဲခဲ့ကြောင်း ထင်ရှင်းလင်းစွာဖော်ပြပါရှိ ပြီးဖြစ်နေသည်။
ကုရ်အာန် ၁၂း၂၀တွင် “ထိုနောင်တော်များသည် ယူစုဖ်အား အနည်းငယ်မျှသော တန်ဖိုးဒိရ်ဟမ်ငွေဒင်္ဂါးများဖြင့် ရောင်းချခဲ့ကြလေသည်”ဟု ဖော်ပြပါရှိ ပါသည်။ ကုရ်အာန် ၂၈း၇၈ တွင်လည်း သူ၏ငွေကြေးများနှင့်ပတ်သက်၍ ကာရွန်က ပြောကြားရာ၌ ““ဤဥစ္စာများသည် ငါ့အသိပညာကြောင့် ရရှိခြင်းဖြစ်သည်””ဟု ဆိုထားချက်ကို ဖော်ပြထားသည်။
ယခုတွေ့ရှိရသော ဒင်္ဂါးများတွင် ယူစုဖ်နဗီ၏အမည် နှစ်ကြိမ်ပါဝင်နေသည်။ တစ်ခုမှာ ယူစုဖ်ဟူသောအမည်ဖြစ်ပြီး အခြားတစ်ခုမှာ ဘဏ္ဍာထိန်းအဖြစ် ခန့်အပ်ခြင်းခံရစဉ်က ဘုရင်ကပေးထားသောအမည်ဖြစ်သည့် ““စဗာ စဗာနီ”” ဟူသောအမည်ဖြစ်သည်။ ထို့အပြင် ထိုစဉ်က အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူခဲ့ရသော ယူစုဖ်နဗီ၏ပုံသည်လည်း ဒင်္ဂါးပြား၌ ပါရှိ နေပါသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive