မွတ်စလင်မဟုတ်သူ ၊ မွတ်စလင်ဟုတ်သူ များသို့ အစ္စလာမ့်သတင်း စကားအား ပို့ဆောင်ပေး ၇န် လမ်းညွန် လာရှိ သည် နှင့် အညီ ကမ္ဘာအနှံတွင် ဒအ်ဝါဟ်ဖိတ်ခေါ်မှုများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြရာ တဗ္ဗလီးဂ် ဒအ်ဝဟ် ခေါ်မှု လုပ်ငန်းသည် လည်း တစ်ခုအပါအ၀င်ပါ။ ပါကစ္စတန် နိုင်ငံ တဗ္ဗလီးဂ် အဖွဲ့ ၏ အေဂ်ျသေမာ အား ရိုင်းဝမ်န်မြို့ တွင်နှစ်စဉ် ကျင်းပလျက်ရှိ ပါသည်။ ယခုနှစ် အိဂ်ျသေမာအား ပါကစ္စတန်၏ လုံခြုံရေး အခြေနေ များ ကြောင့် ယခင်နှစ်များထက် တစ်လနောက်ဆုတ် ကျင်းပခဲ့ရ ကြောင်း ပါကစ္စတန် သတင်း အေဂျင်စီများက ဖေါ်ပြ ကြ ပါသည်။ ယခုနှစ် ရိုင်ဝန်မ် အိဂ်ျသေမာ အား ဒီဇင်ဘာ ၂ရက်နေမှ ၅ရက်အထိကို ပထမပိုင်းအဖြစ် ၄င်း၊ ဒီဇင်ဘာ ၉ရက်နေ့မှ ၁၂အထိကို ဒုတိယပိုင်း အဖြစ် ၄င်း စီစဉ်ကျင်းပခဲ့ပါသည်။
အိဂ်ျသေမာ တက်ရောက်လာသူများ အဆင်ပြေချောမွှေစေ၇န် အတွက် လေယာဉ် ခရီးစဉ်များ ၊မီးရထားများ၊နှင့် ခရီးသည်ယာဉ်လိုင်းများကလည်း အထူအစီစဉ်အနေဖြင့် ပြေးဆွဲပေးခဲ့ကြောင်ူး အိဂ်ျသေမာ လုံခြုံရေး အတွက်
ပါကစ္စတန် ရဲတပ်သားများ၊ ထောက်လှမ်းရေး တပ်ဖွဲ့များ အပြင် ပြည်သူများ ကလည်း အားတက်သရော တာဝန် ထမ်းဆောင် ပေးကြကြောင်း သိရသည်။
အချို့ကွဲလွဲမှုများကို သဘောမ ပေါက်ကြသော ကမ္ဘာ့ မွတ်စလင်များ၏ ၀ါးစည်းပြေ သကဲ့သို့ စည်းလုံးမှုပြိုကွဲနေ ခြင်း ၊ မွတ်စလင်ထုရင်ဆိုင်နေရသော စိန်ခေါ်မှုများ အပေါ် ရိုင်းဝမ်န် အိဂ်ျသေမာက အထူးတလည် အလေး ထားခဲ့ ကြောင်း ပါကစ္စတန် သတင်းများတွင် ဖေါ်ပြခဲ့ပါသည်။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းတွေဟာ ကုရ်အာန်နဲ့စွန္နဟ်ကို ရှောင်ရှားခဲ့လို့ပဲဖြစ်ကြောင်း ၄င်း ပညာရှင်များ ဟောကြားချက်များတွင်ဖေါ်ပြခဲ့သည်။ ပြစ်မှုတွေ ကို ကျွန်တော်တို့ ကျုးလွန်ခဲ့ကြတယ် ဒါ့အပြင် အစ္စလာမ်တန်ဖိုးတွေဖြစ်တဲ့ တရားမျှတမှု၊ သဘော ထား ကြီးမှု၊ သိက္ခာရှိမှု၊ ယုံကြည်ချက် ၊လူအခွင့်အရေး၊ သဟဇတဖြစ်မှု ၊ တွေကနေ ကျွန်တော်တို့ဟာ သိလျက်နဲ့ဖြစ်စေ၊ သတိလွတ် လျက်ဖြစ်စေ လွဲဖယ်ခဲ့ကြတယ် ဒါကြောင့် ကျွန်တော်တို့ မွတ်စလင် တွေဟာ အလ္လဟ်အ ရှင်တော်ရဲ့ အမျက်တော် သင့်နေရ ပါတယ် ဟု အဆိုပါ အိဂ်ျသေမာတွင် ဟောကြားခဲ့ကြသည်။
လက်ရှိအကျပ်အတည်းတွေကနေ ကျော်လွန်နိုင်ဖို့က အလ္လဟ်အရှင့် ရဲ့ ခွင့်လွတ်မှုကို တောင်းခံရမှာဖြစ်တယ် အလ္လဟ်ရှင့်အမိန်တော်တွေ နာခံပြီး ကိုယ်တော်မြတ် (ဆွ) ရဲ့သင်ကြားချက်တွေကို ကျင့်သုံးသွားရမှာဖြစ်တယ် ဟု
ထည့်သွင်း ဟောကြားခဲ့ပါသည်။ ထင်ပေါ်ကြားသော ဘာသာရေး ပညာရှင်များ ကလည်း ရှိုင်တွာန်ကို တော်လှန်နိုင် ရန် တစ်ခုတည်းသော နည်းလမ်းက ကမ္ဘာ့ မွတ်စလင် များ (အွန်လိုင်းက မွတ်စလင်များလည်းပါဝင်ပါသည်။ ) ညီညွတ်ကြ၇န် သာဖြစ်ကြောင်း အလေးပေး ဟောကြားခဲ့သည်။
မွတ်စလင်တွေအနေနဲ့ သဘာဝသာသနာ အစ္စလာမ်ကနေ မသွေဖယ်သင့်ပါဘူး၊ လူ့ဘ၀တ လျှောက်လုံး သဘော ထားကြီတက် ရေး ၊အကျင့်သီလမှန်ကန်ရေး ကို သွန်သင်ထားတဲ့ သာသနာဟာ အစ္စလာမ်ပဲဖြစ်ပါတယ် .အစ္စလာမ်က ငြိမ်းချမ်းတဲ့သာသနာသာဖြစ်ပါတယ် ရန်လိုမာန်ကျုးလိုမှုတွေ လူမဆန်ရက်စက်လိုမှုနေ တွေ ကို အစ္စလာမ်က နေရာ မပေးထား ပါဘုး ဟု ပညာရှင်များ၏ မိန်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံမှ တက်ရောက်လာခဲ့သော ဘာသာရေးပညာရှင်များကလည်း ညီအစ်တော်စိတ်ဓါတ်၊ ညီညွတ်မျှတရေး နှင့် မှန်ကန်စွာ ကျင့်ဆောက်တည်ရေး စသော အစ္စလာမ်ရွှေစည်းမျဉ်းများ အတိုင်း လိုက်နာကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။ မွတ်စလင် တစ်ဦးချင်းစီက ဘယ်တော့ မပျက်စီးနိုင်တဲ့ ကွင်းဆက် တစ်ခုချင်းဆီ လိုဖြစ်နေ ရပါမယ် ဟု ယင်းအေဂ်ျသေမာက (မြန်မာမွတ်စလင်များအပါအ၀င်) မွတ်စလင်အားလုံးအား အလေးထား
ဟောကြားသွားခဲ့ကြပါသည်။
ကိုးကား .. http://www.nation.com.pk/pakistan-news-newspaper-daily-english-onli...

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive