ရှီအာပိုစ်လေးကိုဖတ်ကြည့်လိုက်သည့်အခါ အမှားတွေအများကြီတွေ့ရပါတယ်။ သို့သောငြားလည်း ဒီနေရာ၌ (ဂဒီးရေခွမ်၌ ဟဇ်ရသ်အလီ (ရသွေ့)အား ဝေလာယသ် ပေးခြင်း )ဟူသောခေါင်းစဉ်တပ်ပြီး ဤသည်နှင့်သက်ဆိုင်သော အချို့အချက်လေးများကိုသာ ရေးသားသွာဖို့စိတ်ကူးလိုက်ပါတယ်။ အကြောင်းကတော့ ယူအိုအိုင်ရှိ ရှီအာ မန်ဘာများလွပ်လပ်စွာဆွေးနွေးလို့ရအောင်နှင့် အဟ်လေစွန္နသ်အဖွဲ့ဝင်တို့အဖို့သိသင့်သိအပ်သောအရာတချို့ ပါလာလို့ပါလာငြား ဟူ၍ဖြစ်သတည်း။
من کنت مولا فهذا علی مولا ဟူသော ဟဒီးစ်နှင့်စပ်လျှင်း၍ ပညာရေးပိုင်းဆိုင်ရားစကားများကို မပြောတော့ပဲ အများနားလည်နိုင်သော မြင်သာသည့်အချက်တချို့ကိုတင်ပြရမယ်ဆိုရင်......................................
အကြောင်အရာ။ ။
ဤ ဟဒီးစ်တော်သည့်ရှိအာတို့ လက်စုပ်လက်ကိုင် ပြုသော အကြီးဆုံးအထောက်အထား တစ်ခုဖြစ်ပေသည်။
အထောက်အထားပေးပုံ။ ။
(၁)မြတ်တမန် ရစူလ်လေခိုဒါ (ဆွ)ဟာ သူရဲ့ နောက်ဆုံးခရီး ဟဂ်ျအပြန်
ဂဒီးရ်ရေခွန်းမ် မှာ ဝေလာယသ် အရိုက်အရာကို မောင်လာအလီ(အ.စ)ကို
အပ်နှင်းခဲ့တာကို မွတ်စလင်မ်တိုင်း အသိပါပဲ။ အဲဒီအချိန်တုန်းက
ရစူလ်ကိုယ်တော်မြတ်ကြီးဟာ အလီ(အ.စ)ရဲ့ ဝေလာယသ်အရိုက်အရာကို
အပ်နှင်းတဲ့အချိန်မှာ မွတ်စလင်မ်တိုင်း သိအောင်လို့ နောက်မှာကျန်ခဲ့တဲ့
ခရီးသွားတွေကိုကအစ အားလုံးကို စောင့်ဆိုင်းစေ ခဲ့တယ်။ အဲဒီအချိန်မှာ
အလီ(အ.စ)အား ဝေလာယသ် အရိုက်အရာအပ်နှင်းတာကို မွတ်စလင်မ်တိုင်း
လက်ခံခဲ့တယ်။
(၂)မည်သို့ပင်ဆိုစေ အုပ်ချုပ်မှုပိုင်းကို
အတင်းအဓ္ဓမ ရယူထားတဲ့ အဘူဘကရ်ကတော့ မည်သို့မျှ အလျင်းပေးမည်မဟုတ်ချေ။
(၃)တမန်တော်သခင် မိန့်တော်မူသည်မှာ......................
من کنت مولا فهذا علی مولا
ငါတမန်တော်သည် အကြင်သူများ၏ မောင်လာရှေ့ဆောင်းဦးဆောင်ဖြစ်သကဲ့သို့ အလီသည်
ထိုသူများ၏ ရှေ့ဆောင် ဦးဆောင်ဖြစ်သည်
သိသင့်သောအချက်မျာ။ ။
ဤ ဟဒီးစ်တော်အားပုံစံ အမျိုးမျိုးနှင့် ပြောဆိုကာ ဟဇ်ရသ်အလီ (ရသွေ့)သခင်သည်သာလျှင် မထမဦးဆုံး ခလီဖာဖြစ်ထိုက်ကြောင်း မရရအောင် အထောက်အထာပေးချင်ကြတယ်။တကယ်တော့ ရှီအာတို့ဟာ အရ်ဗီပညာရပ်ကိုမတပ်ကျွမ်းသည့်အတွက် ဤဟဒီးစ်တော်၏အဓိပ္ပါယ်ကိုတောင်မှန်ကန်စွာမပြန်တတ်ကြပေ။
၎င်းတို့ပြန်ဆိုသောအဓိပ္ပါယ်မှာ စာပေအရလည်းမည်သို့မှမအပ်စပ်သလို သမိုင်းရှုထောင့်အရလည်း မည်သို့မှ မမှန်ကန်ပေ။
အကြောင်းမှာ
(၁)
် သမိုင်းကို ကောင်းမွန်စွာလေ့လာထားသူတိုင်းသည် ဤမိန်ခွန်းတော်၏ကြောင်းရင်း အားကွက်ကွက်ကွင်းကွင်း သိနိုင်ပါသည်။ဤမိန့်ခွန်းတော်ကိုမိန့်ရခြင်းမှာ ဟဇ်ရသ်အလီသခင်သည် ယမန်နိုင်ငံ၏အရေးကိစ္စဆောင်ရွက်ပြီးနောက် မြတ်နဗီကိုယ်တော်သခင်ထံသို့ပြန်ရောက်ခစားသည့်အခါ တချီုသူတို့ သည် ဟဇ်ရသ်အလီ သခင်နှင့်စပ်လျှင်း၍ တချို့လွဲမှားသောတိုင်ကြားချက်များအားလျှေက်တင်ကြလေရာ ဤတိုင်ကြားချက်များသည် လူတို့၏နုတ်ဖျား၌ရေပန်းစားနေပြီး ဖြစ်ကြောင်ကိုလည်းကိုယ်တော်သခင်(ဆွ)ကသိလိုက်လေသည်။ဤသို့သောအချိန်၌ကိုယ်တော်သခင်(ဆွ)သည် တချို့သူများကိုသာ တိတ်တဆိတ်တားမြစ်ခဲ့ပါမူ မသိနာမလည်းသောသူများက ဘက်လိုက်သည်ဟု ထင်ကောင်းထင်လာနိုင်ဖွယ်ရှိပေသည်။ သို့ဖြစ်သောကြောင့်ကိုယ်တော်သခင်သည် ခရီးသည်အားလုံးအားစု ကာ ဤသို့မိန့်တော်မူလေသည်။
(အိုးလူသာအပေါင်းတို့ ငါကိုယ်တော်သည်အသင်ထံ၌ မိမိတို့၏အသက်များထက်ပင်သာ၍ မချစ်ထိုက်ပေသလော
ထိုအခါ ဆွဟာဗာတို့က ဟုတ်ပါကြောင်း လျှေက်ထားကြလေသည်။
ထိုအခါကိုယ်တော်သခင်ကမိန်တော်မူလေသည်။
 အကြင်မည်သူမဆို ငါကိုယ်တော်သခင်(ဆွ)ချစ်ခင်လျှင် အလီ (ရသွေ့ သခင်)အားလည်း ချစ်ခင်မူပြုအံ့။ အိုအလ္လာဟ်အသျှင် ၎င်းအားချစ်ခင်သူတို့အား အသျင်မြတ် ချစ်ခင်တော်မူပါ ၎င်းအားမုန်းသူတို့အား အသျှင်မြတ်မုန်းတော်မူပါ။) ဟဒီးစ်
ဤဟဒီးစ်တော်သည် တမန်တော်သခင်အားချစ်ခင်ရန် အရေးကြီးသလောက်ဟဇ်ရသ်အလီအားအမုန်းထားခြင်းသည် ဟရာမ်ဖြစ်ကြောင်း သတိပေးနေပေသည်။ ဤသည်ကားကျွန်ုတော်တို့ အဟ်လေ့စွန္နသ်တို့၏ခံယူချက်ဖြစ်သည်။
*ဤဟဒီးစ်တော်၌ အုပ်ချုပ်မူအကြောင်း မပါပေ။
*အကယ်၍အုပ်ချုပ်မူအကြောင်းပါခဲ့ရင်လည်း ယင်းအုပ်ချုပ်မူသည် ကိုယ်တော်သခင် ၀ဖါးသ်ဖြစ်ပြီနောက် ချက်ချင်း ဖြစ်ထိုက်သောအုပ်ချုပ်မူဟူ၍ လုံးဝ ရည်ညွန်ခြင်းမရှိပေ။
အကြောင်းကား နောင်ခေတ် တခုမှာ ဟဇ်ရသ်အလီ(ရသွေ့)နဲ့ ဟဇ်ရသ် မိုအာဝေယာဟ်(ရသွေ့)သခင်တို့၏ အကြာ မိုနာဖိက်တို့ရဲ့ သွေးဆောင်မူကြောင့် အကွဲအလွဲဖြစ်လာမည် အား ကိုယ်တော်သခင်သည် ၀ဟီအကြောင်းခံအဖြစ်သိရှိနေခဲ့ပေသည်။ သို့ဖြစ်သောကြောင့်ဆွာဟာဗာတို့ အားဤသို့မိန့်ရှိရခြင်းဖြစ်ပေသည်။
(၂)
ဤဟဒိးစ်တော်ရှိ "မောင်လာ" ဟူသော စာလုံးအာ; ရှေ့ဦးဆောင်သူဟု ပြန်ခြင်းမှာ အရ်ဗီဘာသာရပ် အရ မည်သည့်အာရ်ဗီစာပေပညာရှင်ကမျှ လက်ခံသည့်အဓိပ္ပါယ်မဟုတ်ပါ။
(3)
မောင်လာ ဟူသောစကားလုံးသည် အရ်ဗီဘာသာရပ်၌ မြောက်များစွာသော
အဓိပ္ပါယ်ကိုဆောင်ပါသည်။ ဥပမာ ချစ်ခင်သူ ၊မိတ်ဆွေ ၊သခင်၊ကျွန်၊
အုပ်ချုပ်သူ စသဖြင့်အဓိပ္ပါယ်မြောက်များစွာကိုဆောင်ပေသည်။
စာအသွားအလာနဲ့နေရာ လိုက်၍အဓိပ္ပါယ်ပြောင်းနေပေသည်။တချိန်တည်း၌
အဓိပ္ပါယ်အားလုံးအား ဆိုလို၍မရသလို၊
ရည်ညွှန်းမှုရှိပြီးသားအဓိပ္ပါယ်အားလွှတ်ပြီး
နေရာတိုင်း၌အဓိပ္ပါယ်တစ်ခုတည်းယူမည်ဆိုပါက မည်သို့မှမှန်ကန်နိုင်မည်မဟုတ်။
ရှရီအသ်နှင့်ညိစွန်းသည့်အဓိပ္ပါယ်မျိုးဖို့မူ ပြောစရာပင်မရှိတော့ပေ။
(၄)
မောင်လာဟူသောစာလုံး၏အဓိပ္ပါယ်အား ရှီအာတို့ဆိုသည့်အတိုင်း(ငါတမန်တော်သည်
အကြင်သူများ၏ မောင်လာရှေ့ဆောင်းဦးဆောင်ဖြစ်သကဲ့သို့ အလီသည်
ထိုသူများ၏ ရှေ့ဆောင် ဦးဆောင်ဖြစ်သည် ) အုပ်ချပ်သူဟု ပြန်ဆိုပါက
တချိန်တည်းတွင်အုပ်ချုပ်သူနှစ်ယောက် အပြိုင်ဖြစ်ကာ ဟဇ်ရသ်အလီသခင်အား
ကိုယ်တော်သခင်နှင့် လယ်ဘယ် ပြိုင်ဖက်သတ်မှတ်ရာကျပေသည်။ သို့သော်
ချစ်ခင်သူဟုပြန်ဆိုပါကဤသို့သောအဖြစ်ဆိုးမျိုးနဲ့ ကြုံလာနိုင်စရာ
အကြောင်းအလျှင်းမရှိပေ။
(၅)
ဤဟဒီးစ်တော်၏အဆုံးပိုင်းရှိ ကိုတော်သခင်(ဆွ)၏
ဒိုအာကိုကြည့်ခြင်းအားဖြင့်လည်း ဤနေရာ၌ ချစ်ခင်သူဟူသောအဓိပ္ပါယ်ကိုသာ
ဆိုလိုနေကြောင်းထင်ရှားပါသည်။ဒိုအာမှာ အထက်၌ ရေးသားထားပါတယ်။ယ္ခုတဖန်
ဟဒီးစ်နှင့်ဒိုအား ပြန်ရေးပေးလိုက်ပါတယ်(အကြင်မည်သူမဆို
ငါကိုယ်တော်သခင်(ဆွ)အားချစ်ခင်လျှင် အလီ (ရသွေ့ သခင်အားလည်း)
ချစ်ခင်မူပြုအံ့။ အိုအလ္လာဟ်အသျှင် ၎င်းအားချစ်ခင်သူတို့အား အသျင်မြတ်
ချစ်ခင်တော်မူပါ ၎င်းအားမုန်းသူတို့အား အသျှင်မြတ်မုန်းတော်မူပါ။)
(၆)
ဦးဆောင်ဦးရွက်မှုဟူသည်အလွန်အရေးပါလှပေသည်။ရှင်းလင်းပြတ်သားစွာမိန့်ခြင်းနှင့်စကားကြွယ်ဝခြင်းသည်
ကိုယ်တော်သခင်၏ ထူးခြားသော ၀ိသေသများအနက် မှ
ထင်းရှားလှသောဝိသေသများဖြစ်ပေသည်။ သို့ဖြစ်ပေရာ အထက်ပါ
ဟဒီးစ်တော်အားရှီအာတို့ပြန်ဆိုသည့်အတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပါမူု
ကိုတော်သခင်(ဆွ)အပေါ်အောက်ပါ စွဲချက်များဖြင့် စွပ်စွဲသမုတ်ရာေ၇ာက်ပေသည်။
(၁)ကိုတော်သခင်သည် စကားကြွယ်ဝသူမဟုတ။်(အစ်သဂ်ဖိရွလ္လာဟ်)။
(၂)ကိုယ်တော်သခင်(ဆွ)သည် မိမိ၏ တာဝန်အားကြေပွန်ခဲ့သူမဟုတ် ။(အစ်သဂ်ဖိရွလ္လာဟ်)။

မှတ်ချက်။ ။
ဤဟဒီးစ်တော်နှင့်စပ်လျှင်း၍နောက်ထက်မြောက်များစွာသော ရှင်းလင်းချက်များကျန်နေပေသေးသည်။သို့သော်ဤပိုစ်လေးအား
အောက်ပါ အကြောင်းအရာလေးနှင့် နိဂုံးသတ်လိုက်ပါသည်။
တနေ့သောအခါ ကူဖာမြို့၌ ပုဂ္ဂိုလ်တစ်ယောက်သည် ဟဇ်ရသ်အလီသခင်ထံလာရောက်ကာ ဤသို့လာရောက်လျှေက်ထားလေ၏ ။
အို အလီသခင်(ရသွေ့)  အသင့်တို့သည်အဘယ်ကြောင့်
ဟဇ်သရ်အဗူဘကရ်သခင်(ရသွေ့)အား ခလီဖာခန့်ခဲ့ရသနည်း?
ထိုအခါ အလီသခင်(ရသွေ့)က "ကိုယ်တော်သခင်(ဆွ)သည်
မိမိအသက်ထင်ရှားရှိနေစဉ်အခိုက် ကျွန်တော့်အဖို့အရေးအကြီးဆုံး ၊အဓိက ကဏ္ဍ
ဖြစ်သော သာသနာ့အရေးအရာများ၌ ဟဇ်ရသ်အဗူဗကရ်(ရသွေ့)သခင်အား
ဦးဆောင်သူအဖြစ်ခန့်အပ်ခဲ့ရာ ကိုယ်တော်သခင်မရှိသည့်နောက် ကျွန်ုပ်သည်
ဟဇ်ရသ်အဗူဗကရ်(ရသွေ့)သခင် အား သာမညကဏ္ဍ
ဖြစ်သော လောကရေးရာ၌ ဦးစီးဦးဆောင်အဖြစ်ခန့်အပ်ကြပေသည် "ဟုဖြေကြားလေသည်။

(၁)သာရီးခေအစ်လာမ်{ရေးသားသူ ။။ အက်ဗရ်ရှာဟ်နဂျီဗ်အာဘာဒီ}အတွဲ(၁)စာမျက်နှာ(၂၂၇)။
(၂)စီရသွလ်မွဆ်ွသွဖာ{ရေးသားသူ  ။။ အလ္လာမာအစ်ဒ်ရီးစ် ကာန်ဒေဟ်လ၀ီ}အတွဲ(၃)စာမျက်နှာ(၈၅)။
(၃)ရှရ်ဟေမ၀ါဟေဗ်{ရေးသားသူ ။။ အလ္လာမဟ် ဇွရ်ကွာနီ}အတွဲ(ရ)စာမျက်နှာ(၁၃)။
(၄)သုဟ်ဖာရေအစ်နာအရှ်ရီယာဟ်{ရေးသာသူ ။။ အလ္လာမဟ် ရှာဟ်အဗ်ဒွလ်အဇီးဇ် မဟဒ္ဒစ် ဒေဟ်လ၀ီ} စာမျက်နှာ (၄၃၂/၄၃၃)

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive