တမန်တော်နှင့် ဆွဟာဗာသာဝက များလက်တော်က သုံးစွဲခဲ့သည့် အစ္စလာမ့်ဒီနာ ငွေကြေးစနစ်ကို ယနေ့ချိန် အခါတွင် မလေးလူမျိုးများ လိုလိုလားလား သုံးစွဲလျက်ရှိနေပါပြီ၊မလေးရှား အစ္စလာမ်မစ်ပါတီ ဖြစ်သော PASပါတီအားကောင်း ရာ ကီ လန်တန်ပြည်နယ်၌ သြဂုတ်လဆန်းပိုင်းတွင် ဒုတိယတန်းဝင်
တရားဝင်ငွေကြေးစနစအနေနှင့် စတင်သုံးစွဲခဲ့သည်။ ကီလန်တန်ပြည်နယ် ရွှေကုန်သည်များအသင်း မှာတ၀န်ရှိသူ Umar Ibrahim Vadillo က “စတင်သုံးစွဲတဲ့ လအတွင်းမှာ ရင်းဂစ်နှစ် သန်းတန်ဖိုးရှိတဲ့ဒီနာ၊ဒရ်ဟမ်တွေ ရောင်းချလိုက်ပါတယ် ။ ကီလန်တန်မှာဆိုရင် တက္ကဆီဒရိုင်ဘာ၊အုံနာ တွေ ကနေ စီးပွါးရေဆိုင်ရာ ငွေပေးငွေ ယူကိစ္စတွေအထိကို ဒီနာ၊ဒရ်ဟမ်ကိုသုံးစွဲနေတာပါ“ဟု ပြောဆိုသည်။ ကီလန်တန်ပြည်နယ်ရှိ ၀န်ထမ်းများ၏ ဆန္ဒအရ လစာငွေ ၂၅% ကို ဒီနာ ဒရ်ဟမ် တိုနှင့်အထိပြည်နယ်အစိုးရမှ ထုတ်ပေးခဲ့ကြောင်း ၊ PASပါတီ အားကောင်းရာ ကီလန်တန်၊ကီဒါ၊နှင့် ပီနန်တို့တွင် အသုံးပြုလျက် ရှိကြောင်း သူကဆက် ပြောကြားသည်။ ယခုနှစ်ကုန်ပိုင်းတွင် ရင်းဂစ်သန်းပေါင်း ၆၀မှ ၇၀ အထိတန်ကြေးရှိ ဒီနာ၊ဒရ်ဟမ် ဒင်္ဂါးများရောင်းချနိုင်ရန် ၄င်းက မျှော်မှန်းထား သည်။ အစ္စလာမ် ဥပဒေ အရ တစ်ဒီနာကို ရွှေသား ၄.၂၅ဂရမ် ၊တစ်ဒရ်ဟမ်ကို ငွေသား၃.၀ဂရမ် ဖြင့်သွန်း လောင်းထားသည်။ တန်ဖိုးအားဖြင့် တစ်ဒီနာသည် မလေးရင်ဂစ်ငွေ ၅၈၂တန်ကြေးရှိပြီး တစ်ဒရ်ဟမ်တွင် ၁၃ရင်းဂစ်တန်ကြေးရှိသည်။ မလေးရှားအစိုးရက လည်း ကီလန်တန်ပြည်နယ် ၏ ရွှေ၊ ငွေဒင်္ဂါများစတင် သုံးစွဲမှုကို ဆန်ကျင့်သည့် သဘောထားမရှိကြောင်း ၊ကီလန်တန်ရှိပြည် သူများအနေဖြင့် ဒီနာ၊ ဒရ်ဟမ်ဒင်္ဂါများကို နှစ်သက်ကြကြောင်း သူက သုံးသပ်
ပြောကြားသည်။ မလေးရှားဝန်ကြီးချုပ် ဟောင်းမဟာသီယာမိုဟမ္မဒ်က ကမ္ဘာမွတ်စလင်နိုင်ငံမျးတွင် ဒီနာ၊ဒရ်ဟမ် အစ္စလာမ်ငွေကြေး စနစ်ဖေါ်ဆောင်ရန် ၂၀၀၃ခုနှစ် ကစပြီး တိုက် တွန်းနိုးဆော်ခဲ့သည်။ AFP

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive