မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ်(ဆ)နှင့်နောက်လိုက် ဆွဟာဗာသာဝကတော်များ ၏ မဒီနာ သို့ ဟီဂျရသ်ပြု ရွေ့ ပြောင်း ခဲ့ သော ဖြစ်စဉ်၌ လူနည်းစု အဖြစ်နေထိုင်ရသည့် မြန်မာ မွတ်စလင်များ အတွက် တန်ဖိုးကြီး လက်တွေ့ အသုံးချနိုင်သော သင်ခန်း စာ အများ အပြား ရှိနေပါ သည်။ လူ့ဘ၀ မျက်နှာစာ အသီးသီးမှာ လက်တွေ အသုံးချနိုင်သော စံနမူနာ ကောင်း များကို ချပြ ခဲ့သော ကိုယ်တော့် ဆီကနေ လေ့လာကျင့်သုံးမှသာ မည်သည့်နေရာ ရောက် ရောက် မွတ်စလင် များ သည် အောင်မြင် သူများဖြစ်နေပါမည်။ ယသရိဘ် ဟု အမည် တွင် ရာ မြို့မြေမဒီနာ ဆီ သို့ ဟီဂျရသ်ပြု ပြောင်းရွေ့ပြီး တဲ့နောက်ပိုင်း တော့ ရွာသာ သာ နေရာ လေး ကနေ အစ္စလာမ်၏ ဒုတိယ အမြင့်မြတ်ဆုံး အဓိကအကျဆုံး မြို့တော် အဖြစ် ပြောင်းလဲ သွားခဲ့ပါသည်။ ။ဟီဂျရသ် ဖြစ်ရပ် တွင် အသုံးချနိုင်သော သင်ခန်းစာ အများအပြား ရှိ နေ ပါသည်။
ယင်းသင်ခန်းစာများအနက် 
(၁) တစ်သားတည်းကျသော စစ်မှန်တဲ့ နိုင်ငံသားစိတ်ဓါတ်
(၂) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
(၃)လူမှုအဖွဲ့စည်းအား တိုးတက်ဖွံဖြိုးစေခဲ့ခြင်း
(၄) မြင့်မြတ်သောစံပြစိတ်ထားနှင့်အပြုအမူ စသည့်တို့ဖြစ်ပါသည်။
(၁) တစ်သားတည်းကျသော စစ်မှန်တဲ့ နိုင်ငံသားစိတ်ဓါတ် True Spirit of Citizenship

မြို့မြေ မဒီနာမှာ စတင် အခြေချ အချိန်၌ ထူးမြတ်မြိုရွာ မက္ကာ ကနေ ရောက်ရှိ လာကြ သော အလ္လဟ်ချစ်နဗီ ကိုယ်တော် မိုဟမ္မဒ်(ဆွ)နှင့်ဆွဟာဗဟ် များသည် မိခင်နယ်မြေ မြို့မက္ကာ ကဲ့သို့ မြိုမြေမဒီနာကိုလည်းကိုချစ်မြတ်နိုး ကာစောင့်ရှောက် ကာကွယ် ပေးခဲ့ကြပါသည်။ နေထိုင်ရာ မဒီနာမြို့အပေါ်ထားရှိတဲ့ ကိုယ်တော့်၏ ချစ်ခြင်းမေတ္တာများ အနက် တစ်ခုမှာ မဒီနာမြို့ တော်အား နာမ်ပိုင်းဆိုင်ရာအရ ရိုသေလေးမြတ်ထားရာ အထူးမြတ် ပြုရာ နေရာ ဒေသ အဖြစ် ကြေငြာခဲ့ခြင်းဖြစ်သည်။
ကိုယ်တော်မိုဟမ္မဒ် (ဆွ)မှ မိန့်ကြားခဲ့သည်၊……အီဗရာဟင်(တမန်တော် )သည် မက္ကာမြို့အား ရိုသေ ထူးမြတ် ရာအဖြစ် ကြေငြာ တော်မူခဲ့သည်။ ယင်းမြို့တွင် နေထိုင်သူများ အပေါ်သို့လည်း (ရဟ်မသတ်ဂရု ဏာအဖြာဖြာ ချပေးတော်မူပါ၇န်) အလ္လဟ်အရှင်မြတ်အား တောင်းဆုပြုတော်မူခဲ့သည်။ (တမန်တော်)အီဗရာဟင် က မက္ကာမြို့အား ရိုသေအလေးမြတ် ပြု တော်မူ သကဲ့သို့ ငါကိုယ်တော်သည်လည်း မဒီနာ ကိုလည်း ရိုသေ အ လေးမြတ်ပြုတော် မူကြောင်း ကြေငြာတော်မူ လိုက် သည်။ (တမန်တော်) အီဗရာဟင်က မက္ကာမြို့သားများ အပေါ် ( အလ္လဟ်အရှင်ထံမှ ကောင်းချီးမင်္ဂလာအဖြာဖြာ )တောင်းခံ တော်မူ ခဲ့သည့်အတိုင်း ငါကိုယ်တော်သည်လည်း (အလ္လဟ်အရှင့် ထံမှ) ကောင်းချီးမင်္ဂလာ ကို (မဒီနာသားများ အ ပေါ်တွင် ) ဆဒ် နှင့်မူဒ် အလေးချိန် နှစ်ဆချီးမြင့် ပေးတော်မူရန် တောင်းခံခဲ့ပြီ ။(မွတ်စလင် )
ကိုယ်တော် မိုဟမ္မဒ်(ဆွ) နှင့် နောက်လိုက် ဆွဟာဗာသာဝကကြီးများသည် သူတို့နေထိုင် နေ ရာ ဖြစ် သော မဒီနာမြို့အား ကျုး ကျော် ရန် လိုသူများ၏ အန္တရယ်ရန်စွယ်မျိုးစွုံကနေ ရွံရွံ ချွံ ချွံ အသက်ပေး ကာကွယ်ခုခံ ပေးခဲ့ကြသည်။ မူလမိခင် နယ်မြေဖြစ် သော မက္ကာကနေ မဒီနာ ကို ပစ်မှတ်ထားသော မျိုးနွယ်တူများ၏ ရန်လိုတိုက်ခိုက် မှုများကို ပင်ကိုယ်တော်(ဆွ) နှင့် ဆွ ဟာ ဗာ အပေါင်းတို့က ကာကွယ်ပေးခဲ့သည်ကို အထင်သား တွေမြင့်နိုင်ပါသည်။ နမူနာ အားဖြင့် ဆိုရလျှင် ဟီဂျရိ၅ခုနှစ် မှာ အင် အား များပြားသည့် မက္ကာသား ကိုရိုက်ရှ် မျိုးနွယ် ဦး ဆောင်သော မဟာမိတများ က မဒီနာကို တိုက်ခိုက် သိမ်းပိုက်မှုတွေကနေ စွမ်းစွမ်း တမံ ကာကွယ်ပေး ခဲ့ကြသည်။
ဟိဂျရသ်ရွေ့ပြောင်းပြီး ၈နှစ်ပြီး နောက် မှာတော့ အလ္လဟ် ချစ်မဟာ တမန် တော် မိုဟမ္မဒ် (ဆွ) နှင့် အဂ္ဂဆွဟာဗာ(ရသွေ့) တွေဟာ မက္ကာ မြို့အား ပြန်လည် အောင်နိုင်ခဲ့ သော်ငြား မူလဌာနေဖြစ်တဲ့ မက္ကာမြို့ မှာပြန်လည် အခြေမချခဲ့တော့ပဲ မဒီနာမြို့ ဆီကို ပြန် သွား ခဲ့ကြ သည်။ .ကိုယ်တော် (ဆွ) အပါအ၀င်ဆွဟာဗာများသည် မဒီနာမြို့မှာ၌ ပင် သေတပန်သက် တစ်ဆုံး နေထိုင်ခဲ့ကြသည်။ ထိုအချိန် မှာ ကိုယ်တော်မိုဟမ္မဒ် (ဆွ)နှင့် ကျော်ကြားသော ဆွဟာဗာ များက အောင်ပွဲရပြီးနောက် မက္ကာ မြို့ ဆီကို ပြန်လည် လိမ့် မည်ဟု လူတစ်ချို့ က တွက်ဆခဲ့ကြသော်လည်း မဒီနာ ဆီသို့သာ ပြန်ခဲ့ကြသည်။ ယင်းမြို့ ကနေဖွံ့ဖြိုး တိုးတက်မှုများ အတွက် ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ၊ မွတ်စလင် လူနည်း စု သော မြန်မာ မွတ်စလင်များ သည် မိမိနေထိုင်ရာ နိုင်ငံ ၏ တော်ဝင် နိုင်ငံသား ကောင်း များ ၊အဖြစ် သစ္စာ စောင့် သိရိုသေရမည်ဖြစ်သည်။ နေထိုင်ရာတိုင်း နိုင်ငံသားအဖြစ် သစ္စာ စောင့် ထိန်းခြင်းနဲ့ ယုံကြည်ချက်(အိမာန်)အကြားမှာ ဘယ်လမည်သို့သော ဆန့်ကျင် ဘက် ၊ ပဋိပက္ခမျှမရှိပါချေ။
တမန်တော်မြတ်(ဆွ) နှင့် ဆွဟာဗာ(ရသွေ့) များ ဆောင်ရွက်ပြသ ခဲသည့် အ တိုင်း မိမိတို့နေ ထိုင်ရာ ဒေသ၏ လူအဖွဲ့အ စည်းအကျိုးကို ဆထက် တပိုး ထမ်း ဆောင် သွားရပါမည်ဖြစ်သည်။
(၂) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း Peaceful Co-Existence

မက္ကာမြို့ကနေ ရွှေ့ပြောင်းရောက်၇ှိခဲ့ကြသော အလ္လဟ်ချစ်တမန်တော်မိုဟမ္မဒ်(ဆွ) နှင့် နောက်လိုက်ကောင်း ဆွဟာ ဗာတွေများ က မဒီနာမှာ ရှိနှင့်နေပြီးသား လူအဖွဲ့အစည်းနှင့် ဆက် ဆံ ရေး ကောင်းတစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြပါ သည်။ မဒီနာလူ့ အဖွဲ့အစည်း ၌် အစ္စ လာမ် လက်မခံကြသော အာရဘ်မျိုးနွယ်များ၊ ဂျူးလူမျိုးများ နေထိုင်လျက်ရှိခဲ့သည်။ ဥာဏ် အမျှော် အမြင်ကြီး မားလှသည့် ကိုယ်တော်မြတ်ဟာ ၄င်းအုပ်စုများနှင့် ဆက်ဆံရေး ထူထောင်နိုင်ရန် အတွက် မီသဟ်က် မဒီနာဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကိုချမှတ်နိုင်ခဲ့ပါသည်။ အသက်အိုးအိမ်စည်းစိမ်ကို ၊လွတ်လပ်စွာကိုးကွယ် ခွင့် နဲ့ လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းတွေကို အကာကွယ်ပေးသောအချက်များ စွာပါဝင်သည့်မဒီနာ မီသဟ်က် ကိုချမှတ်ခဲ့ပါသည်။
အတိုချုပ်မှာ
ဂျူးနှင့်မွတ်စလင် များ.တစ်စု ချင်းဆီသည် မဒီနာဖွဲ့စည်းအုပ်ချုပ်ပုံ ဥပေဒအရ ပြည်သူများ အား တိုက်ခိုက်ရန်ပြု လာသော မည်သူကိုမဆို ဆန့်ကျင်ရာတွင် ဖေးမကူညီပေးရမည်။ (မဒီနာ မီသဟ်က်)
အဆိုပါ မဒီနာမီသက်ဟ်နဲ့ပတ်သက်`၍ ဆီရသ်အီဗနေဟီရှမ်းမှာ ဖေါ်ပြထား သည်မှာ …… သူတို့၏ ဆက်ဆံရေးသည် ရန်လို အန္တရယ်ပြခြင်း အစား အချင်း ချင်း အကြား အပြန်အလှန်ထားရှိသော အကြံပြု နှီးနှောတိုင်ပင်ခြင်း ၊ စာနာ ဖေးမ ထောက် ထားမှု များကိုသာဖြစ်စေလိမ်မည် စာနာထောက်ထားမှု ၊ကောင်းမြတ်သောကို်ကျင့်သိက္ခာ များ သည် ပြစ်မှု ကျူး လွန်ခြင်း နှင့်အနာ တရဖြစ်မှုများနှင့် တစ်သီတစ်ခြားဆီးဖြစ်ကြသည်။ တစ်ဦး ၏ လုပ်ရပ်မှတပါး အခြား မည်သူမှ တာဝန် မရှိ ချေ၊ အလ္လဟ် အရှင်မြတ် သည် ဤ ဖွဲစည်းပုံ အား ထိန်းသိမ်းတော်မူသော အရှင်ဖြစ်သည်။ ဤဖွဲ့စည်းပုံသည် မတရား မှု ပြစ်မှုကျုး လွန်မှုများ အတွက် အကာအကွယ် မဖြစ်စေရ (ဆီရသ် အိဗနေဟီရှမ်း )
အလားတူ လူနည်းစုမွတ်စလင်များသည်လည်း အခြားသော လူမှု အသိုင်းအ၀ိုင်းများနှင့် ငြိမ်းငြိမ်း ချမ်းချမ်း အတူယှဉ် နေထိုင် ယုံမက မိမိတို့ တက်နိုင်သ၍ ကောင်းကျိုးပြု ထောက်ပံ့ ဖေး ကူ ရမည်ဖြစ်သည်။ ဤသည်မှာ. စံပြ တမန်တော် မိုဟမ္မဒ် နှင့် ဆွဟာဇာ(ရသွေ) များ မဒီနာရှိ အခြားလူအဖွဲ့အစည်းများအား ကောင်းကျိုးပြု ပုံစံတစ်ခုဖြစ်သည်။ တမန်တော်မြတ် နောက်လိုက်ဖြစ်သော ကျွန်ုပ်တို့ကလည်း ဤအတိုင်း အကောင်အထည်ဖေါ်သင့်ပါသည်။
(၃)လူမှုအဖွဲ့စည်းအား တိုးတက်ဖွံဖြိုး ခြင်း Developing the Community

မဒီနာမြေကို ရောက်ရှိသည့် အခါ ကိုယ်တော်မြတ်(ဆွ)က လူအဖွဲ့အစည်း၏ လူမ%E

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive