အစ္စလာမ်မို့အလိုင်းကွမ်း ၀ရဟ်မသွလ္လာဟိ ၀ဘရကာသူဟ်....... !
ဘာသာရေးကိစ္စများကို သင်ယူလေ့လာရင်း ပညာရေးနှီးနှော်ဖလှယ်နေကြသော သာသနာ့မိတ်ဆွေများ ခင်ဗျာ........။
လူသားတိုင်း လူသားတိုင်းသည် Peace ဟုခေါ်သော ငြိမ်းချမ်းမှုကို လာလားကြသူများသာလျှင် ဖြစ်ကြသည်။ မည်သူမျှ တစ်ဦးကိုတစ်ဦး ရန်ရှာ၊မနာလို၊မုန်းတီးပြီး ခိုက်ရန်ဖြစ်ပွါးမှုကို မလိုလားကြပေ။ ထိုသို့ စစ်မက်ဖြစ်၊ခိုက်ရန်ဖြစ်ပွါးနေမှုသည် ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်အား ထိခိုက်နစ်စေမည့် အကြောင်းအရင်းတစ်ခုဖြစ်သလို လူသားတို့ နှစ်ဘ၀အောင်မြင်ရေး၏ အဟန့်အတားတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင် လူမျိုးတိုင်း လူမျိုးတိုင်းသည် စည်းလုံးခြင်းသည် အင်အား၊ ငြိမ်းချမ်းခြင်းသာ အဓိကဟု သတ်မှတ်ကာ စည်းလုံးရေး၊ ငြိမ်းချမ်းရေး တို့၏ အလံအောက်တွင် ဘက်ပေါင်းစုံမှ အဖွဲ့အစည်းပေါင်းစုံဖြင့် ကြိုးပမ်းအားထုတ်နေကြနေသည်။
သို့သော် အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တို့အဖို့ အထူးဂရုပြု၊ သတိချပ်ရမည့် အချက်မှာ စည်းလုံးညီညွှတ်ရေး၏ ခေါင်းစဉ်အောက်တွင် သာသနာတော်အား ဖျက်စီးရန်၊ ဂုဏ်အသရေ ညှိးနွမ်းစေရန်အတွက် ဖွဲ့စည်းထားသော ဂိုဏ်းများ ရှိနေပေသေးသည်။ ထိုသူတို့၏ ဖြားယောင်းသိမ်းသွင်းမှုများအား နားမ၀င်ရန်၊ လက်ခံခြင်းမပြုကြရန်အတွက် ဤနေရာတွင် ရေးသားတင်ပြလိုက်ပါရပါသည်။ ဤဆိုက်အား ထူထောင်ခဲ့သော ပုဂ္ဂိုလ်များ၊ ဤဆိုက်တွင် မအားလပ်သည့်ကြားမှ တတ်အားသရွေ့ သာသနာ့ပညာများအား လက်ဆင့်ကမ်း ပို့ချပေးနေကြသူများ အားလုံးကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင် နှစ်ဘ၀လုံး၌ ကောင်းသောအစားချီးမြှင့်ပေးသနားတော်မူပစေ။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား မြောက်များစွာ ကျေးဇူးတင်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းမှန်ပေါ်အမြဲ လျှောက်နိုင်စေရန်အတွက် ခေတ်ကာလတိုင်းတွင် လမ်းပြကြယ်များအား ပေါ်ထွန်းစေခဲ့သည်။ ထိုလမ်းပြကြယ်များဖြစ်ကြသော သာသနာ့ပညာရှင်ကြီးများ၏ မျက်ခြေမပျက် ကြည့်ရှု့နေမှုကြောင့် ခေတ်ကာလတိုင်းတွင် ဒေါင်းယောင်ဆောင်သောကျီးများ၊ သိုးရေခြုံထားသော ၀ံပုလွေများနှင့် မင်းသားခေါင်းစွပ်ထားသော ဘီလူးများအား ထုတ်ဖော်နိုင်ခဲ့ပြီး ယင်းတို့၏ မူလရုပ်ရည်အမှန်ကိုလည်း ပြသနိုင်ခဲ့သည်။ အစ္စလာမ့်ဘောင်အတွင်းမှ မဟုတ်သူတို့အား ကာဖွရ်များဟူ၍လည်းကောင်း၊ အစ္စလာမ့်ဘောင်အတွင်း၌ ရှိနေသောလည်း လမ်းမှားဖက်သို့ ဦးတည်နေကြသူများအား ဗစ်ဒ်အသ်သီများ ဟူ၍လည်းကောင်း သတ်မှတ်ပေးခဲ့ပေသည်။ ထို့ကြောင့်ပင်လျှင် ကျွန်ုပ်တို့သည် ဖြူစင်သောအစ္စလာမ်သာသနာအား အရောင်ဆိုးချင်ကြသော သူယုတ်မာတို့၏ လက်မှ လွတ်မြောက်အောင် ကာကွယ်နိုင်ခဲ့ကြသလို၊ နှစ်ဘ၀အောင်မြင်ရေး ကြိုးပမ်းရာတွင် ဆူးမညိ၊ခလုပ်မထိပဲ စိတ်ချမ်းသာစွာဖြင့် ခရီးဆက်နိုင်ကြခြင်းဖြစ်ပေသည်။
ကျွန်ုပ်တို့အားလုံးသည် ကွရ်အာန်၏လမ်းညွှန်ပြသမှုအား တမန်တော်မြတ်(ဆွ)၏ ကျင့်ကြံမှုများအတိုင်း ကျင့်ကြံအားထုတ်ရန်အတွက်သာ အသက်ရှင်နေကြသူများ ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် ဤလောက၌ မည်မျှကျင့်ကြံအားထုတ်နိုင်သည်ကို စမ်းသပ်ခံနေကြရသူများပင်ဖြစ်သည်။ အသို့ဆိုလျှင် သာသနာ့ပညာရှင်ကြီးများသည် အချို့သော ဂိုဏ်းများအား ဗစ်ဒ်အသ်သီ ဟူ၍လည်းကောင်း၊ အချို့ အုပ်စုများအား ကာဖွရ် ဟူ၍လည်းကောင်း သတ်မှတ်နေကြပါသနည်း။ အမှန်ဆိုလျှင် ပညာရှင်ကြီးများပီပီ မိမိတို့၏ အအ်မာလ်များအား ကောင်းသည်ထက်ကောင်းအောင်၊ တိုးတတ်သည်ထက်တိုးတက်အောင် ပြုကျင့်နေထိုင်ကြပြီး အခြားသူများအား ကောင်းမှု့ကုသိုလ်ပွါးများရန် တိုက်တွန်းနှိုးဆော်နေသင့်ပေသည်။
ထိုမေးခွန်း၏အဖြေအား ကျွန်တော်စာရေးသူ နားလည်သဘောပေါက်သလောက် ဖြေပေးသွားပါမည်။ မမ်ဘာများထဲတွင် သာသနာ့ပညာရှင်များ၊ ကျွန်တော့်ထက်ပို၍ ဘာသာရေးလေ့လာလိုက်စားမှုအားကောင်းကြသူများ ရှိနေကြသည်ဖြစ်ရာ...... ကျွန်တော်ပေးသော အဖြေများအပေါ် လွတ်လပ်စွာ သုံးသပ်ကြပြီး၊ အကောင်းဆုံးအဖြေများအား ၀ိုင်းဝန်းဖြေကြားပေးကြပါလို့ ပန်ကြားလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ဟာဖွဇ်လည်းမဟုတ်၊ အာလင်မ်လည်းမဟုတ်၊ ဘာသာရေးကို လေ့လာလိုက်စားနေသော သာမန်လူတစ်ယောက်သာ ဖြစ်ပေရာ ကျွန်တော့်အဖြေသည် အမှားများနှင့် မကင်းနိုင်သလို ထိရောက်သောအဖြေလည်း ဖြစ်ချင်မှ ဖြစ်နေမည်။
ကျွန်တော့်အမြင်တွင် အောက်ဖော်ပြပါ ဥပမာတို့အား ကြည့်ရှု့၍ ထိုမေးခွန်း၏အဖြေအား ထုတ်နိုင်သည်။
ဥပမာ(၁)။ ။ခရီးတစ်ခုအား သွားနေကြသော အုပ်စုတစ်စု....... ၎င်းတို့အနက် ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်သည် နောက်လိုက်သားများအား လမ်းခွဲတစ်ခုသို့ရောက်သောအခါ ဤလမ်းသည် မှားခွင်းသောလမ်းဖြစ်သည်။ ဤလမ်းမှ လျှောက်သွားပါက ချောက်ကမ်းပါးတစ်ခုသို့သာ ရောက်နိုင်သည်။ ဤဆူးသည် လူကို သေစေတတ်သည်။ ဤအပင်မှ အသီး၊အရွက်တို့အား စားသောက်ခြင်း မပြုနှင့်။ အဆိပ်တတ်နိုင်သည်။ ဤသူတို့သည် သူခိုး၊ဓါးပြများဖြစ်ကြသည် ယင်းတို့၏စကားအား နားမယောင်ကြနှင့်..... စသည်ဖြင့် ပြောဆိုဆုံးမခြင်းသည် ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေပါသလား။ ဤနေရာတွင် သိသူဖော်စား၊ မသိသူကျော်သွား ပုံစံဖြင့် ခရီးဆက်နေရမည်လား။
ဤနည်းအတိုင်းပင် ကျွန်တော်တို့၏ လမ်းပြကြယ်များဖြစ်ကြသော သာသနာ့ပညာရှင်ကြီးများသည် ကျွန်တော်တို့ လမ်းမှားသို့ မရောက်စေရန်၊ ဖျားယောင်းသွေးဆောင်သူတို့၏ စကားအား နားမယောင်မိကြစေရန် မည်သူသည် လမ်းမှားနေသည်။ မည်သူသည် သာသနာ၏ဘောင်အပြင်မှ ဖြစ်သည်ဟု ပြောဆို၊ သတ်မှတ်ကာ သတိပေးခဲ့ခြင်း သက်သက်ဖြစ်သည်။ ပညာရှင်ကြီးများ၏ ယခုကဲ့သို့ သတိပေးမှု မရှိခဲ့လျှင် ကျွန်ုပ်တို့သည် အမှားအား အမှန်ဟုထင်ကာ လမ်းမှန်မှ သွေဖြီပြီး မိုက်တွင်းဆင်းကြမည်သာ ဖြစ်သည်။
ဥပမာ(၂)။ ။ ပင်လယ်ပြင်ကျယ်ကြီးတွင် သင်္ဘောတစ်စီး ရွက်လွှင့်ကာ တဖက်ကမ်းသို့ဦးတည်၍ ထွက်ခွါနေသည်။ ထိုသင်္ဘောပေါ်တွင် မြောက်များစွာသော လူတို့သည် အမျိုးမျိုးသော ရည်ရွယ်ချက်များဖြင့် လိုက်ပါကာ ခရီးနှင်လျက်ရှိသည်။ သို့သော် လူအုပ်စုတစ်စုသည် ပုဆိန်၊ ဆောက်၊ လွှ၊ ဓါး ...... စသည်ဖြင့် သင်္ဘောဝမ်းဗိုက်အား ဖောက်နေကြလျှင် ၎င်းအဖျက်သမားတို့အား တားမြစ်ရန်၊ သုတ်သင်ပစ်ရန် အားလုံးအပေါ်တာဝန်ရှိပါသလား။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ။ ငါနဲ့ ဘာမှ မဆိုင်ပါဖူး ဟု သတ်မှတ်ကာ လက်ပိုက်ကြည့်နေရမည်လား။ ဦးဏှောက်ရှိသူများသည် ၎င်းတို့အား ဖမ်းဆီးပြီး မိမိတို့နှင့်အတူ ခရီးဆက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့အတူ သာသနာ့ပညာရှင်များသည်လည်း အဖျက်သမား ဂိုဏ်းများအား သာသနာဘောင်ပြင်ပမှလူများ(ကာဖွရ်များ)ဟု သတ်ပေးခြင်းမှာ မပြုမနေရ တာဝန်တစ်ခုကို ကျေပွန်နေကြခြင်းသာလျှင်ဖြစ်ပေသည်။ ထိုလုပ်ရပ်သည် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် မအပ်စပ်သော ကိစ္စမဟုတ်ပေ။
ဥပမာ(၃)။ ။လူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတွင် ကင်ဆာရောဂါဖြစ်နေသည်။ ထိုးဆေး၊ သောက်ဆေး စသည်ဖြင့် ကုသ၍မရသည့်အဆုံးတွင် ကျွမ်းကျင်သောပါရဂူကြီးများက ဖြတ်ပစ်ရန် ညွှန်ကြား၏။ ဤသည်ကို ဒီဒေါက်တာက မတရားဖူး။ လူတစ်ယောက်ရဲ့ အစိတ်ပိုင်းတစ်ခုကို ဖြတ်တောက်ပစ်တယ်... စသည်ဖြင့် ပြောဆိုခြင်းမှာ မည်သူ၏ အမှားဖြစ်မည်နည်း။ အရဗီ စကားပုံတစ်ခုတွင် လာရှိသည်မှာ...... အသိပညာကြွယ်ဝသူတို့သည် အနည်းငယ်သော အစိတ်အပိုင်းကို မရနိုင်သောကြောင့် တစ်ခုလုံးကို မစွန့်လွှတ်တတ်ကြပေ။ စဉ်းစားကြည့်ပါလေ..... သာသနာ့ ပညာရှင်တို့၏ ဆုံးဖြတ်ချက်သည် မည်မျှ အရေးပါသော ကိစ္စဖြစ်ပါသနည်း။
ဥပမာ(၄)။ ။ကုမ္မဏီတစ်ခု.......။ ထိုကုမ္မဏီတွင် ၀န်ထမ်းအချို့သည် ကုမ္မဏီ၏ ဂုဏ်အသရေ ပျက်ပြားစေမည့် လုပ်ဆောင်ချက်အချို့ လုပ်နေကြသည်။ ဤသည်ကို အမ်တီဖြစ်သူက လက်ပိုက်ကြည့်နေရမည်လား။ ၎င်းတို့အား ကုမ္မဏီမှ ထုတ်ပစ်ရမည်လား။
အထက်ဖော်ပြပါ ဥပမာများအား ဖတ်ရှု့ပြီးနောက် စာရှု့သူများကိုယ်တိုင် ဆုံးဖြတ်ပါ။ ဖြူစင်သော အစ္စလာမ်သာသနာထဲသို့ ၀င်ရောက်လာသော ရောင်စုံဂိုဏ်းများအား ကျွန်ုပ်တို့ မည်သို့ ဆက်ဆံရမည်နည်း။ တစ်ခု သိထားရမည်မှာ....... ကျွန်ုပ်တို့သည် အချို့သော ဂိုဏ်းများနှင့် ပတ်သတ်၍ ကာဖွရ်ဟု သတ်မှတ်ပြီး ၎င်းတို့အား အမှောင်ထဲကကောင် အမှောင်ထဲမှာပဲနေပါ ဟု ပြောဆိုလိုက်ခြင်း မဟုတ်ပေ။ လူသည် အသိဥာဏ်ရှိသော သတ္တ၀ါဖြစ်ပေရာ မိမိနှင့်ပါတ်သတ်၍ တစ်စုံတစ်ယောက်က သုံးသပ်ချက်တစ်စုံတစ်ရာ ပြုလာပါက ထိုသုံးသပ်ချက်အပေါ် သေချာစဉ်းစားရမည်။ မိမိအား အဘယ်ကြောင့် လမ်းမှားနေသူဟု ပြောဆိုနေရသနည်း။ မိမိသည် အမှန်ပင် လမ်းမှားသို့ဦးတည်လျှောက်လှမ်းနေသူဖြစ်လျှင် အမှားကိုပြင် အမှန်ကိုဆင်ရမည်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှပင် မိုက်ဆိုးမိုက်ပင်ပျိုးခဲ့ရာ မိုက်ဆိုးမိုက်မြဲ မိုက်ပင်ရေလောင်း၍ မိုက်သီးစားကာ မိုက်တွင်းထဲ၌ ဘ၀ကို အဆုံးမသတ်သင့်ပေ။
အမှားကိုပြင် အမှန်ဆင်လိုသူများနှင့် အမှောင်ကို ရှောင်ကွင်း အလင်းလမ်းပေါ် ဆက်လျှောက်လိုသူများအတွက် မေတ္တာလက်ဆောင်။
အဟ်လေ့စွန္နသ် ၀လ်ဂျမအသ်များသည် ကွရ်အာန်နှင့်ပတ်သတ်၍ အောက်ပါအတိုင်း ယုံကြည်လက်ခံထားကြသည်။
ကျွန်ုပ်တို့ လက်ဝယ်တွင်ရှိသော ကွရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်(ဆွ)အပေါ် ချပေးခံရသော ကွရ်အာန်သည် ၏၊သည်၊၍မလွဲ တစ်ထပ်တည်းသာဖြစ်သည်။ လိုတိုး၊ပိုလျှော့လည်း အလျင်းမဖြစ်ခဲ့။၎င်း၏ဆန့်ကျင်ဖက်ကို ယုံကြည်သူများသည် အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်မဟုတ်။ သံသယမရှိ ကာဖွရ်သာဖြစ်၏။ ထိုသူကာဖွရ်ဖြစ်ကြောင်းနှင့် ပတ်သတ်၍ သံသယရှိသူသည်လည်း ကာဖွရ်ဖြစ်၏။
ဤသို့ဆိုလျှင် ရှိအာတို့အား အသင်မည်သို့ပြောမည်နည်း။ ၎င်းတို့ကျမ်းစာများထဲ၌ မိမိတို့ ယုံကြည်ချက်အား အောက်ပါအတိုင်းရေးသားထားကြသည်။
 عن هشام بن سالم عن أبي عبد الله عليه السلام قال إن القران الذي جاء به جبريل عليه السلام إلي محمد صلي الله عليه وأله سبعة عشر ألف أية
 ကွရ်အာန်ကျမ်းမြတ်တွင် အာယသ်တော်ပေါင်း သောင်းခုနှစ်ထောင်ပါရှိသည်။
အူစူလေကာဖီ-စာမျက်နှာ (၆၇၁)၊
စွာဖီ-အတွဲ (၆)၊ စာမျက်နှာ (၇၅)
ဤဆင့်ဆိုချက်အား အကျယ်ဖွင့်ဆိုထားပုံမှာ-(ဖာရစီဖောင့် မရှိသောကြောင့် ဆိုလိုရင်းကိုသာ ရေးသားပေးလိုက်သည်။ သီးခံ၍ ဖတ်ပေးကြပါ။) ကွရ်အာန်၏ မြောက်များစွာသော အစိတ်ပိုင်းတို့သည် ပျောက်ပျက်သွားခဲ့သည်။ လက်ရှိကွရ်အာန်တွင် မပါတော့ပေ။
စွာဖီ-အတွဲ (၆)၊ စာမျက်နှာ (၇၅)
****ကွရ်အာန်ကျမ်းတော်မြတ်တွင် ဟဇရသ်အလီ(ရသွေ့)သခင်၏ အေမာမသ်ဖြစ်မှု့နှင့် ပါတ်သတ်သော စကားလုံးများ ဖြုတ်ပစ်ခံထားရသည်။ လက်ရှိ ကွရ်အာန်တွင် မပါတော့ပေ။ ဥပမာ။       ။   ومن يطع الله ورسوله فقد فاز فوزا عظيما  တွင် ومن يطع الله ورسوله في ولاية علي وولاية الأءمة من بعده فقد فاز فوزا عظيما ဟူ၍ ကျရောက်ခဲ့သည်။
အိုစူလေကာဖီကျမ်း-စာမျက်နှာ (၂၆၂)
****ရှိအာတို့၏ မွဂ်ျသဟစ်ဒ်ခေါင်းဆောင်ကြီး အေမာမ်ခိုမိုင်နီ အားအထားဆုံးသော ပညာရှင်ကြီး အေမာမေ့မအ်စူးမ် မွလ္လာ ဗာကစ်ရ် မဂ်ျလိစီ ရေးသားထားသည်မှာ- ကွရ်အာန်ထဲတွင် ဟဇရသ်အလီ၏ နာမတော် ပါရှိခဲ့၏။ သို့သော် ဟဇရသ်အွတ်စ်မာန်သည် ဟဇရသ်အလီ၏ နာမတော်များအားလုံးအား ဖြုတ်ပစ်ခဲ့သည်။
သဇ်ကိရာသွလ်အအင်မဟ် စာမျက်နှာ (၄၈)
(ဆွဟာဗဟ်များနှင့် ပါတ်သတ်၍ ၎င်းတို့၏စွပ်စွဲပြောဆိုမှုများအား နောက်ပိုင်းတွင် သီးသန့် တင်ပြမည် ဖြစ်သည်။)
عن أبي جعفر عليه السلام قال نزل جبرءيل بهذه الاية علي محمد صلي الله عليه واله بءسما اشتروا به أنفسهم أن يكفروا بما أنزل الله في علي بغيا
အိုစူလေကာဖီကျမ်း-စာမျက်နှာ (၂၆၃)
ဆိုလိုသည်မှာ စူရဟ်ဗကရဟ် အာယသ်တော်အမှတ် (၉၀)တွင် في علي ဟူသော စကားလုံးအား ဖြုတ်ချထားခဲ့ကြသည်။
نزل جبرءيل علي محمد صلي الله عليه واله بهذه الاية هكذا يا أيهاالذين أوتوا الكتاب أمنوا بما نزلنا في علي نورا مبينا
အိုစူလေကာဖီကျမ်း-စာမျက်နှာ (၂၆၄)
ဆိုလိုသည်မှာ ဤအာယသ်တော်တွင် في علي အား ဖြုတ်ချခံထားရသည်။
عن أبي عبدالله عليه السلام في قوله تعالي سأل ساءل بعذاب واقع للكفرين بولاية علي ليس له دافع ثم قال هكذا والله نزل بها جبريل علي محمد صلي الله عليه واله
အိုစူလေကာဖီကျမ်း-စာမျက်နှာ (၂၆၆)
ဆိုလိုသည်မှာ بولاية علي အား ဖြုတ်ချခံထားရသည်။
قال نزل جبرءيل بهذه الاية هكذا يأيها الناس قدجاءكم الرسول بالحق من ربكم في ولاية علي فأمنوا خيرا لكم وإن تكفروا بولاية علي فإن لله ما في السموت وما في الأرض
အိုစူလေကာဖီကျမ်း-စာမျက်နှာ (၂၆၇)
ဆိုလိုသည်မှာ ဤအာယသ်တော်တွင် ဟဇရသ်အလီ(ရသွေ့)၏ ဝေလာယသ်နှင့် ပါတ်သတ်၍ တိုက်ရိုက်ရှင်းလင်းစွာ လာရှိသည်ကို ولاية علي  အား နှစ်နေရာစလုံးတွင် ဖြုတ်ချခံထားရသည်။
عن أبي جعفر عليه السلام هكذا أنزلت هذه الاية ولو أنهم فعلوا ما يوعظون به في علي لكان خيرا لهم
အိုစူလေကာဖီကျမ်း-စာမျက်နှာ (၂၆၇)
ဆိုလိုသည်မှာ ဖော်ပြပါ အာယသ်တော်တွင် في علي အား ဖြုတ်ချခံထား၇သည်။
عن أبي جعفر عليه السلام قال نزل جبرءيل بهذه الأية هكذا فأبي أكثر الناس بولاية علي إلا كفورا قال ونزل جبريل بهذه الاية هكذا وقل الحق من ربكم في ولاية علي فمن شاء فليؤمن ومن شاء فليكفر إنا أعتدنا للظالمين ال محمد نارا
ဆိုလိုသည်မှာ ဖော်ပြပါ အာယသ်တော်တွင် ပထမ بولاية علي ဒုတိယ في ولاية علي တတိယ ال محمد အား ဖြုတ်ချခံထားရသည်။

အလဟ်မဟ်နူရီး သွဗ်ရစီ၏ ရေးသားပြုစုသော ဖက်စ်လွလ်ခေသွားဗ်ကျမ်းတွင် ဤသို့လာရှိ၏။ ခေတ်ဟောင်း ရှီအာပညာရှင်များတွင် အောက်ဖော်ပြပါ ပညာရှင်ကြီး လေးဦးသာလျှင် (ကွရ်အာန်တွင် လိုတိုး၊ပိုလျှော့များ ဖြစ်ခဲ့သည်နှင့်ပါတ်သတ်၍ ) ငြင်းဆိုခဲ့ကြသည်။
 ၁။ ရှိုင်ခ်ရှရီးဖ် မွရ်သသွီ
၂။ ရှိုင်ခ်ဆွဒူးက်
၃။ ရှိုင်ခ်သွဗ်ရစီ
၎။ ရှိုင်ခ်အဘူဂျအ်ဖရ်သူစီ
နံပါတ်လေး ပညာရှင်အား သီးသန့်တစ်နေရာတွင် ဖော်ပြထားသည်။ ကျန်သုံးပါးနှင့် ပါတ်သတ်၍ ဖက်စ်လွလ်ခေသွားဗ်ကျမ်း စာမျက်နှာ (၃၀)တွင် ရှင်းလင်းစွာ ရေးသားဖော်ပြထားသည်။ နာမည်မဖော်ပြပဲ လေးဦးသာ ငြင်းဆိုခဲ့ကြောင်းအား ဖော်ပြပါကျမ်း၏ စာမျက်နှာ (၃၄)တွင် ရှု့စားနိုင်ပါသည်။
မိတ်ဆွေတို့........ အထက်၌ ဖတ်ရှု့ခဲ့သော အချက်အလက်များသည် ကျွန်တော်လက်လှမ်းမှီသော ရှီအာစာအုပ်များရှိ နမူနာများပင်ဖြစ်သည်။ ပို၍ အံ့သြဖွယ်ရာကောင်းသော ၎င်းတို့၏ ပြောဆိုပုံများအား ဆက်လက်ရှု့စားကြည့်ကြပါဦး။
الدليل الثاني عشر الأخبار الواردة في الموارد المخصوصة من القران الدالة علي تغيير بعض الكلمات والايات والسور بإحدي الصور المتقدة وهي كثيرة جدا حتي قال السيد نعمة الله الجزاءري في بعض مؤلفاته كما حكي عنه أن الأخبار الدالة علي ذالك تزيد علي ألفي حديث وادعي استفاضتها جماعة كالمفيد والمحق الداماد والعلامة المجلسي وغيرهم بل الشيخ أيضا صرح في التبيان بكثرتها بل ادعي تواترها جماعة يأتي ذكرهم
ဖွက်စ်လွလ်ခေသွားဗ်ကျမ်း စာမျက်နှာ (၂၂၇)
ဆိုလိုသည်မှာ ကွရ်အာန်ကျမ်းတော်မြတ်တွင် လိုတိုး၊ပိုလျှော့များ၊ ပြောင်းလဲရေးသားမှုများ ဖြစ်ခဲ့ကြောင်းနှင့် ပါတ်သတ်၍ အထောက်ထားပေါင်း ၂၀၀၀ (နှစ်ထောင်)ကျော် ရှိပေသည်။ အချို့ရှီအာပညာရှင်များ၏ ဆုံးဖြတ်ချက်အရ ၎င်းဆင့်ဆိုချက်များသည် မွတ်စ်သဖီးသွ် အဆင့်တွင် ဖြစ်၍ အချို့ရှီအာပညာရှင်များ၏ ဆုံးဖြတ်ချက်အရ မုသ၀ါသစ်ရ် အဆင့်တွင် ရှိသည်။
 ဖက်စ်လွလ်ခေသွားဗ် စာမျက်နှာ (၂၂၇)
 ကိုယ်တွေ့ဖြစ်ရပ်လေးပါ။ ဆက်လက်ဖတ်ရှု့ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ပြောပြရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတော့ ဖြစ်တော့မှာပါ။ ဒါပေမယ့် အများအတွက်မို့ ကျွန်တော် ပြောပြလိုက်ပါတယ်။ ပါကစ္စတန်မှာ ကျွန်တော်ဆွေမျိုးတွေအများစုက ရှီအာတွေပါ။ ဦးလေးတွေက ရှီအာမိန်းမတွေနဲ့ အိမ်ထောင်ကျပြီး ရှီအာတွေဖြစ်ကုန်ကြတာပါ။ ဒါဒါကတော့ စွန္နီစစ်စစ်ပါ။ (အလ္လာဟ်အရှင် ဒါဒါအား ဂျန္နသ်သွလ်ဖစ်ရ်ဒေါင်းစ် ချီးမြှင့်တော်မူပါစေ.....။) သူတို့နားကနေပဲ ရှီအာတွေရဲ့ တော်တော်များများ ကိစ္စတွေကို သိခွင့်ရခဲ့တာပါ။ ပြီးတော့ သူတို့ရဲ့ စာအုပ်တွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကရာချီ-ဒီဖန့်စ်ရပ်ကွက်မှာ ကျွန်တော့်ကို အရမ်းချစ်တဲ့ ဦးလေးမိန်းမရဲ့အစ်ကို ရှိတယ်။ သူက ရှီအာဗလီတစ်လုံးမှာ အေမာမသ်လုပ်တယ်လေ။ နာမည်ကတော့ မွရ်သဒွါအလီတဲ့......။ ရပ်ကွက်ထဲမှာတော့ အေမာမေ့မွရ်သဒွါလို့ပဲ ခေါ်ကြတယ်။ မိတ်ဆက်ပေးနေရင်းနဲ့ လိုရင်းကို မရောက်တော့ဖူး ဖြစ်နေပြီ။ ပြောချင်တာကဗျာ......။ ပါကစ္စတန်ကိုရောက်တိုင်း အဲ့ဒီအေမာမ်ဆပ်ကြီးက ကျွန်တော့်ကို ရှီအာဂိုဏ်းရဲ့ မှန်ကန်မှု့တွေ၊ ရှီအာတွေရဲ့ သမိုင်းဝင်ဖြစ်ရပ်တွေ အများကြီးပဲ ပြောပြလေ့ရှိတယ်။ ပြီးတော့ သူက ရှီအာပညာရှင်တွေရဲ့ ရေးသားပြုစုထားတဲ့ စာအုပ်တွေလည်း ဖတ်ခိုင်းခဲ့တယ်။ ခဏတိုင်းလိုလို သူနဲ့ပြသနာတွေလည်း တတ်ခဲ့တယ်။ ကျွန်တော်ကလည်း သူတို့ရှီအာမဇ်ဟဗ်ကို လုံးဝ(လုံးဝ)ကို လက်မခံသူ ဖြစ်နေတော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် သူကတော့ လုံးဝ အပြုံးမပျက်ဖူး။ ကျွန်တော့်ကိုလည်း အပြစ်မတင်ဖူး။ ကျွန်တော့်ကို ရှီအာထဲ ရအောင်ဆွဲထည့်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။ နားမလည်ဖူးထင်ပြီး အမျိုးမျိုးရှင်းပြခဲ့တယ်။ တစ်ရက်...... ကျွန်တော် ရှီအာတွေရေးတဲ့ စာအုပ်အဟောင်းတွေ ဖတ်နေရင်း ကွရ်အာန်နဲ့ ပါတ်သတ်ပြီး ရေးသားထားတာတွေကို စောဒက တတ်ခဲ့တယ်။ ကျွန်တော်က သူ့ကိုပြောပြတယ်။ ဒီနေ့ ရှီအာတွေက သူတို့ပညာရှင်တွေရေးသားထားတဲ့ အချက်တွေကို ဘာလို့ လက်မခံတော့တာလဲ။ စာအုပ်တွေထဲမှာရေးထားတာက သူတို့အတွက် ငြင်းလို့မရနိုင်တဲ့ အထောက်ထားတွေ။ အဲ့လောက် တိကျတဲ့အချက်တွေကို ဘာလို့ ငြင်းနေရတာလဲ။ တကယ်ဆိုရင် ကိုယ့်အေမာမ်တွေပြောတဲ့စကားကို မြေ၀ယ်မကျ နာခံရမှာပေါ့။ မဟုတ်ဖူးလား။ အဲ့တော့ အေမာမ်ဆဗ်ကြီးက ပြုံးပြီး ဘာပြောတယ်ထင်လဲ....။
Zahid....! bay shak yay sab sahi aur durst hen... aur agir tum Taqia say kaam lon gay tu sab aasaan hen.... yaad rakho k a_inmah_e_masummeen farmatay hen : la deena liman la Taqiyata lah (لا دين لمن لا تقية له)
ဇာဟစ်ဒ်..... သံသယမရှိ (စာအုပ်တွေထဲမှာ ပါတဲ့အရာအားလုံး) အမှန်တွေချည်းပဲ။ အကယ်၍ မင်းက သကီယဟ်နဲ့ အရာရာကို ပြုမူ၊ကျင့်ကြံမယ်ဆိုရင် အရာရာမင်းအတွက် လွယ်ကူသွားမှာပါ။ အအင်မာအေ မအ်စူမီးန်တွေ အမိန့်ရှိထားတယ်။ သကီယဟ် မရှိတဲ့သူမှာ သာသနာဆိုတာလည်း မရှိဖူးတဲ့။
(သကီယဟ် ဆိုတာက တပါးသူအား အမြင်မှား၊ အထင်မှားစေရန် မိမိ၏ ယုံကြည်လက်ခံမှု၊ မိမိ၏ရပ်တည်မှုအား အရှိအတိုင်းမပြောပဲ ရေလိုက်ငါးလိုက် ပြောဆိုခြင်း ဖြစ်သည်။)
ကျွန်တော် ကောင်းကောင်းသဘောပေါက်သွားတယ်။ နောက်ဆုံးအနေနဲ့ ထပ်ပြီး မေတ္တာလက်ဆောင်တစ်ခုကို မျှဝေပေးလိုက်ပါဦးမယ်။ အဲ့ဒါကတော့ ရှီအာတွေရဲ့ အသဲစွဲစူရဟ်တစ်ပုဒ်ပါ။ အဲ့ဒီစူရဟ်ကိုလည်း ငယ်ငယ်တုန်းက ကျက်ဖို့ဆိုပြီးပေးထားတာပါပဲ။ စူရဟ်လေးရဲ့နာမည်က စူရဟ်သူလ်ဝေလာယာဟ် سورة الولايةပါ။ အာယဟ်တော်ပေါင်း ၇ ပိုဒ်ပါရှိတယ်။ ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ .........
سورة الولاية
بسم الله الرحمن الرحيم
ياءيها اللذين امنوا امنوا بالنبى وبالولي الذين بعثناهما يهديانكم إلي صراط مستقيم
نبي وولي بعضهما من بعض وأنا العليم الخبير
إن الذين يوفون بعهدالله لهم جنت النعيم
والذين إذا تليت عليهم ايتنا كانوا بايتنا مكذين
ان لهم في جهنم مقاما عظيما إذا نودي لهم يوم القيمة أين الظالمون المكذبون للمرسلين
ماخلفهم المرسلين إلا بالحق وماكان الله ليظهرهم إلي أجل قريب
وسبح بحمد ربك وعلي من الشاهجين
ဆိုလိုရင်းလေးကတော့ အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ထိုနဗီ(တမန်တော်မြတ်(ဆွ))နှင့် ထို ၀လီ(ဟဇရသ် အလီ (ရသွေ့)) တို့အပေါ် အီမာန်သက်ဝင် ကြပါလေ။ ထိုသူနှစ်ဦးအား ငါအရှင်မြတ်သည် အသင်တို့လမ်းမှန်ပေါ်တွင် လျှောက်လှမ်းနိုင် စေရန်အတွက် စေလွှတ်တော်မူခဲ့၏။ နဗီနှင့်ဝလီသည် တစ်ဦးမှတစ်ဦးဖြစ်ပေါ်လာသည်။(တနည်း) တူတူပင်ဖြစ်သည်။ ငါအရှင်မြတ်သည် အလွန်သိတော်မူတော်မူသောအရှင်ဖြစ်တော်မူသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်အား လူသားတို့ပေးထားသော ကတိကို ပြည့်ဝအောင်ပြုကြသူများ အဖို့ စည်းစိမ်များနှင့်ပြည့်နေသော ဂျန္နသ်သုခဘုံ ရှိလေသတည်း။ ငါအလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ အကြင်သူတို့အား ဖတ်ရွတ်ပြသခြင်းခံရသော ထိုသူတို့သည် ငါအရှင်၏ အာယသ်တော်များအား ငြင်းဆိုခဲ့ကြ၏။ ထိုသူတို့အဖို့ ဂျဟန္နမ်တွင် ကြီးကျယ်လှစွာသော နာကျင်ဖွယ်နှင့် ပြည့်နေသော နေရာရှိပေသည်။ ထို့အပြင် ကေယာမသ်နေ့တွင် ထိုသူတို့အား အဇားဗ်ပေးရန် ဟစ်အော်ခေါ်မည်ဖြစ်သည် စေတမန်တော်များ( နဗီတမန်တော်မြတ်(ဆွ)နှင့် အေမာမ်များ) အား ငြင်းဆိုခဲ့ကြသူများ အဘယ်နည်း။ ငါအလ္လာဟ်အရှင်မြတ်သည် အမှန်ပင်လျှင် အေမာမ်များအား နဗီတို့၏အရိုက်ရာ ဆက်ခံစေခဲ့သည်။ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ သန့်ရှင်းစင်ကြယ်ကြောင်းကို မြွတ်ဟပါလေ။ အလီသခင်သည် (အသင်တို့နှင့်ပါတ်သတ်၍) သက်သေခံပေးမည့်သူများအနက်မှ ဖြစ်သည်။
ဆက်လက်တင်ပြပါဦးမည်.......


ဒါကတော့ စူရဟ်ဝေလာယဟ်ရဲ့ လက်ရေးမူပါ။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive