ပြစ်မှု အမျိုးမျိုး ကြောင့် ပြစ်ဒဏ်ချမှတ် ခံထား ရသော အကျဉ်းသားများအစ္စလာမ့်နှိုးကြား လာ၇န် ရည်ရွယ်ပြီး ကုရ်အာန် အာဂုံဆောင် သည့် ပမာဏ အပေါ်မူတည်ပြီး ပြစ်ဒဏ် ပေါ့ပေးမည့် အစီစဉ်အား ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်စတင်နေပြီဟု moheet သ တင်း တစ်ရပ် တွင်ဖေါ်ပြ ထားပါသည်။ ဒူဘိုင်းအကျဉ်းထောင်များရှိ အ ကျဉ်း သားပေါင်း၅၀၄၀ဦးအနက် ၁၄၄၇ဦးမှာ ကုရ်အာန်အာဂုံဆောင် နိုင်ကြသဖြင့် ပြစ် ဒဏ် မှ လျှော့ပေါ့ သက်သာခွင့်များရရှိခဲ့ကြသည်။ အဆိုပါ အစီစဉ် အားကြီြး ကပ် သူSaid Sheikh Abdel Wahab Al-Haddad က အကျဉ်းသား ၁၂ဦးက ကုရ် အာန်ကျမ်းအစောင် ၃၀လုံးကို အာဂုံဆောင် နိုင်ခဲ့လို့ ထောင်ဒဏ် ၂၀နှစ်ထိ သက်သာခွင့်ရသွား ရပါတယ် ၊ ဒီအစီစဉ်ကို ကျေးဇူးတင်ရပါမယ် ဟူ ပြောပါ သည်။အကျဉ်းသားများ အနေဖြင့် ကုရ်အာန်ကျမ်း အစောင်၃၀ အာဂုံဆောင်နိုင်ပါက အနှစ်၂၀နှစ် လည်းကောင်း ၊ အစောင် ၂၀ဆိုလျှင် ၁၅နှစ်ဟု လည်းကောင်း၊ ၁၅အ စောင်ဆိုလျှင် ၁၀နှစ် ဟု လည်းကောင်း ၊၁၀စောင် ဆိုလျှင် ၅နှစ်ဟုလည်းကောင်း အသီးသီးပြစ် ဒဏ်မှလျှောပေါ့ သက်သာခွင့် ပေးထားသည်။
0 comments:
Post a Comment