ကျွန်တော်ဖတ်မိတဲ့  အ၇ာလေးတစ်ခု...........သူငယ်ချင်းတို့ကိုမျှဝေပါ၇စေ
နှစ်သက်မယ်လို့ ထင်ပါတယ်
သူဟာ ဘွဲ့ရခါနီးလူငယ်လေး တစ်ယောက်ပါ။ တစ်နေ့တော့ သူဟာကားလေး တစ်စင်းလိုချင် လာသတဲ့။ ဒီတော့ အဖေ့ကို ၀ယ်ပေးဖို့ပူဆာမယ်ပေါ့။ ….ဒီလောက်တော့ အဖေချမ်းသာတာပဲ။ ဖေ့ဖေ့ အတွက် အပန်းမကြီးလောက်ပါဘူး……လို့လဲ တွေးမိ သတဲ့။ ဒါကြောင့် သူ ကားလိုချင်တဲ့အကြောင်း အဖေ့ကို ဖွင့်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ သူဘွဲ့ယူဖို့ ရက်က တဖြည်းဖြည်း နီးလာပြီ။ နောက်ဆုံးတော့ သူဘွဲ့ယူရမယ့်နေ့ နံနက်စောစောမှာ အဖေက သူ့ကိုခေါ်တွေ့ပါတယ်။ မင်းအခုလို ဘွဲ့ရတဲ့ အတွက် ဂုဏ်ယူကြောင်း ပြီးတော့ ဒါဟာ မင်းအတွက် ဖေဖေ့ရဲ့လက်ဆောင်ဆိုပြီး ကျကျနနထုပ်ပိုးထားတဲ့ အထုပ်ကလေး တစ်ခုကို လက်ဆောင်ပေးပါတယ်။ အဖေပေးတာ ကားသော့ပဲဖြစ်ရမယ်လို့ သူထင်တာ ပေါ့။ ဒါပေမယ့် အထုတ်ကိုဖွင့်ကြည့် လိုက်တော့ မြင်လိုက်ရတဲ့အရာကို သူယုံတောင် မယုံနိုင်ဘူး။
သူမျှော်လင့်ခဲ့တာက ကားသော့ တွေ့လိုက်ရတာက သားရေဖုံးလှလှလေးဖုံးထားတဲ့ ကုရ်အာန် တစ်အုပ် ဆိုတော့ တော်တော်စိတ် ပျက်သွားတယ်။ ဖေဖေ့ရဲ့ဒီလောက်ပိုက်ဆံတွေနဲ့ ကျွန်တော်ကို လက်ဆောင်ပေးတာ ကုရ်အာန်တဲ့လား}လို့ အဖေ့ကို ပြန်မေးရင်း လက်ဆောင်ဘူးကို ပြန်ပေးပြီး အိမ်ပြင်ကို ဒေါသတကြီးနဲ့ ပြေးထွက်သွားတယ်။ ဒီလိုထွက်ခဲ့တာဟာ နှစ်ပေါင်းများစွာ ကြာတဲ့ အထိပဲ ။ သူဟာ အဖေဖြစ်သူကိုစိတ်နာပြီး အိမ်ကအပြီး ထွက်ခဲ့တာပါ။ နောက်တော့သူဟာ တဖြည်းဖြည်း လူချမ်းသာတစ်ယောက်ဖြစ်လာ တယ်။ အခုဆိုရင် သူ့မှာ အိမ်ပိုင် ယာပိုင်အပြင် ချစ်စရာကောင်းတဲ့ ဇနီးနဲ့သမီး တွေတောင် ရှိနေပါပြီ။ ကိုယ်တိုင်ဖခင် တစ်ယောက်ဘ၀ရောက်တော့မှ သူလူငယ်ဘ၀ကလုပ်ခဲ့တဲ့လုပ်ရပ်ဟာ မှားယွင်း ကြောင်းသိလာပြီး သူ့ဖခင်ထံပြန်သွားဖို့ ဆုံးဖြတ် လိုက်ပါတယ်။
သူသွားဖို့လုပ်နေတုန်းမှာပဲ သူ့ဆီကို ကြေးနန်း တစ်စောင်ဝင်လာပါတယ်။ သူ့အဖေအလ’ာဟ့် အမိန့်ခံသွားပြီ။ သူ့ကို ကျန်ရစ်ပစ္စည်းအားလုံး လည်း အမွေအဖြစ်ပေးခဲ့တယ်။ အမြန်လာယူပါတဲ့။ သူဝမ်းနည်းရပြန်ပါပြီ။ ဒါနဲ့ အဖေ့အိမ်ကို အမြန် ထွက်လာခဲ့ပါတယ်။ အိမ်ထဲရောက်တော့ အဖေ့ရဲ့ အရေးကြီးစာရွက်စာတမ်းတွေကိုရှာရင်း သူပြန်ပေး ခဲ့တဲ့ကုရ်အာန်စာအုပ် ကလေးကို အသစ်ကလေး အတိုင်း ပြန်တွေ့ရပါတယ်။ မျက်ရည်စတွေနဲ့ အတူ ကုရ်အာန်လေးကိုကောက်ကိုင်ပြီး ဖွင့်လိုက်ပါတယ်။ ဖွင့်လိုက်တယ်ဆိုရင်ပဲ ကုရ်အာန်ထဲမှာ စာအိတ် ကလေးနဲ့ပိတ်ပြီးထည့်ထားတဲ့ ကားသော့လေးတစ်ခု ဟာ ဒေါက်ခနဲထွက်ကျလာပါလေရော။ စာအိတ် ထဲက ဘောက်ချာဖြတ်ပိုင်းကလည်း သူဘွဲ့ယူတဲ့ နေ့စွဲနဲ့ သူ့အဖေ၀ယ်ပေးခဲ့တာကို သက်သေခံ နေလေရဲ့။ အခုတော့ အရာရာဟာ အခါနှောင်းသွား ခဲ့ပါပြီ။
တကယ်လို့ သူသာအဖေရဲ့ လက်ဆောင် ကို ဟိုတစ်ချိန်တုန်းက ဘာပဲဖြစ်ဖြစ်ကိုင်ကြည့် လိုက်မယ်ဆိုရင် ဒီလိုဝမ်းနည်းစရာတွေနဲ့ ကြုံရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေရော ကျွန်တော်တို့ရဲ့ နှစ်ဘ၀နှစ်ဌာနစလုံးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုရ်အာန်ထဲကသော့ကို ရှာကြပါရဲ့လား။ တကယ်တော့ ကုရ်အာန်ဆိုတာ ကျွန်တော်တို့မွတ်စလင်မ် အများစုရဲ့လက်တစ်ကမ်း မှာရှိကြ၊ လက်ထဲမှာရှိကြ၊ အိမ်တိုင်းမှာရှိကြတဲ့ အရာတစ်ခုပါ။ နှုတ်နဲ့ပဲ ရင်းနှီးပြီး ဦးနှောက်နဲ့ စိမ်းနေတဲ့ကျမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ လူသားအားလုံးအတွက် ဘ၀လမ်းညွှန်ဖြစ်တဲ့ ကုရ်အာန်ဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ ရင်းနှီး လာပြီဆိုရင်တော့ ကျွန်တော်တို့ ဖွင့်ချင်တဲ့အရာ တိုင်းအတွက် သော့တံတွေဟာ ကုရ်အာန်ထဲက
တစ်ခုပြီးတစ်ခု ထွက်ကျလာမယ်ဆိုတာကတော့ စိုးစဉ်မျှ သံသယရှိစရာလိုမယ်မဟုတ်ပါ။

0 comments:
Post a Comment