ကမ္ဘာအကြီး ဆုံးမတ်စ်ဂျိဒ် စာရင်းဝင်ယူအေးအီနိုင်ငံ အဘူးဒါဘီရှိ ရှိုခ်ဇေယဒ် မတ်စ် ဂျိဒ် သည် အစ္စလာမ်မူရင်းအနှစ်သာရအားလေ့လာလိုသူများအတွက် အ ခွင့် ရေး ကောင်းတစ်ခုဖြစ်လို့လာနေပါသည်။ ယင်းမတ်စ်ဂျိဒ်ကြီး သို့လက် မလွတ်မတန်း ၀င်ရောက်လေ့လာလျက်ရှိနေကြ သော သူများအား  ဗလီကြီး နှင့်ပတ်သက်ပြီး သူ တို့၏ခံစားချက်များကို စစ်တမ်းကောက် ယူလေ့လာမှု များပြုလုပ် လျက်ရှိပါသည။်နိုင်ငံတကာမှ ဧည်သည် အသီးသီးက ဗလီကြီး သည် ဘာသာတရားများအကြား သဘောထားကြီးမှု နှင့် အပြန်အလှန်လေးစာမှု ကို ပြသသည်နေသည်ဟု ခံစားယုံကြည်မိကြောင်း ၊ ယူအေအီးအုပ်ချုပ်သူ ရှိုခ်ခ လီဖာ ဘင်ဇေယဒ် အလ်နဟ်ယမ် ၏ ဘာသာတရားများ ချစ်ကြည်ရင်း နှီး ရေး ငြိမ်း ချမ်းစွာအတူယဉ်တွဲနေထိုင်ရေးကိုရှေးရှုသည့် ကြိုးပမ်း မှုဖြစ် ကြောင်း ယင်း မတ်စ်ဂျိဒ်သို့ဝင်ရောက်လေ့လာသူခဲ့ များက သူတို့၏ ရင်တွင်း စကား များ ဆိုခဲ့ကြသည်။
အစ္စလာမ့် ဂန္တ၀င်ဗိသုကာ ထုံမွမ်းထားသော ရှိုခ်ဇေယဒ် မတ်စ်ဂျိဒ် သို့ဝင် ရောက်လေ့လာခဲ့သူ များ၏ စိတ်မနောတွင် ထင်ဟပ်ခဲ့ပုံများကို ကြည့်မည် ဆိုလျှင်……
အမေရိကန်လူမျိုး ကွန်ပြူတာအင်ဂျင်နီယာ Kyle McQueenie ၏ပြောစကားကတော.
အစ္စလာမ် သာသနာရေး အဆောက် အုံ ကို မိသားစုနဲ့ ဒီလိုမျိုးလည်ပတ်ခွင့်ရတာ ကျွန်တေဲာ့ ဘ၀မှာ  ပတမဆုံးပဲဗျာ..ကမ္ဘာတစ်ခွင်က ပုံရပိတွေမြင်ရသလိုမျိုးခံစားရ တယ်လေ.. အဘူဒါဘီမှာမြင်မြင် သမျှအဆောက်အုံ ထဲမှာတော့အလှဆုံးပဲဗျို့
သူဇနီးဖြစ်သူကလည်း…..
ဒီခရီးစဉ်မှာ ကျွန်မကို အဆွဲဆောင်နိုင်ဆုံးကတော့ ဒီဗလီကြီးထဲကယဉ်ကျေးမှုဆိုင်ရာ လမ်းညွန်တွေပဲရှင် ကျွန်မအရင်က ဘယ်တော့မှ မမြင်ဖူးသေတဲ့ဗိသုကာလက်ရာတွေကို မြင်ခဲ့တာလေ …ဟု ခံစားချက်ကိုဆိုပါသည်။
အဆိုမတ်စ်ဂျိဒ်ကြီးသို့ လာရောက်လည်ပတ်သူအသီးသီး ၏ဆန္ဒအမြင်များကိုအလေးထား စောင့်ကြည့်ခဲ့ကြသည်။အစ္စလာမ့်၏ ဘာသာတရားခြားနားသူများပေါ် ထား ရှိ တဲ့ သဘောထားကြီးမှု နှင့် ချစ်ကြည်မှု များကိုယင်းရှိုခ်ဇေယဒ် မတ်စ်ဂျိဒ် ကြီးကနေ သိရှိခွင့်ရခဲ့ကြောင်း သူတို့၏ ဆန္ဒသဘောထား များကိုပြောပြခဲ့ကြသည်။ ယူအေ အီးမှာ ကျင်းပ နေသောကမ္ဘာကလပ်ဖလားပြိုင်ပွဲအတွက် ဘရာဇီးမှာရောက်ရှိနေသူ ဂျာနယ်လစ် JiukoOlivier ကလည်း မတ်စ် ဂျိဒ်ကြီး ကိုမြင်တွေ လိုက်တာ နဲ့တင် တကယ့်ငြိမ်အေးမှု ၊ချစ်မေတ္တာ ၊နွေးထွေးလုံခြုံမှုကိုထိတွေလိုက်ရတယ်..ဒီဗလီကြီးကို ဆောက်လုပ် ထားတဲ့ ဗိသုကာ ကတော့ကျွန်တော်အတွက် မှတ်မှတ် သား သား ပါပဲဗျာ… ဟုသူ့ခံစားချက်ကိုထုတ်ပြခဲ့သည်။ ကျွန်မဒီဗလီကြီးကိုမြင်လိုက်ကတည်းကစိတ်ထဲမှာ ရို သေ ကိုင်းရှိုင်း မိခဲ့တယ် ကျွန်မအထင်ကတော့  ဒါက ဘာ သာရေးအဆောက်အုံထက်ပိုပါတယ် …ခေတ်သစ် လူယဉ်ကျေးမှု ရဲ့ သင်္ကေတတစ်ခုလိုပဲ လွမ်းမိုးနိုင်လွန်းပါတယ် ရှင် ဟု ဘရာဇီးလူမျိုး ဗိသုကာပညာရှင်အမျိုးသမီး Letchi Siaက သူအမြင့်ကို ဆိုပါသည်။
အစ္စလာမ့်ဗိသုကာလက်ရာ လည်းဖြစ် အဘူဒါဘီရဲ့ ဘာသာရေး အဆောက် အုံ လည်းဖြစ် တဲ့ ဒီဗလီကြီးက ကြည်ရှုသူတိုင်းကို မေးခွန်းတွေ ဖြစ်စေမှာမလွဲပါဘူးဒီခရီး စဉ် ကနေ အစ္စလာမ်နဲ့ပတ်သက်လို့ တော်တော်လေးကိုသိလိုက်ရပါပြီးဒါပြင့် အဘူဒါ ဘီက ယုံကြည်ချက်မတူသူတွေကို လည်း တံခါးဖွင့် ထားတယ်ဆိုတာကိုရောပဲ ဟု ဟု ဂျာမနီကမ္ဘာလှည့်ခရီးသည် Andrew Vavil က စစ်တမ်းကောက်ယူသူများ အား ပြောပါသည်။ ဂျော်ဒန်လူမျိုးဆရာဝန်မ ရီမာ အဗဒယ်ဟာဖီဇ် က လည်း အစ္စ လာမ့် တန်ဖိုး တွေဖြစ်တဲ့ သဘောထားကြီးတက်မှု ၊ချစ်ခြင်းမေတ္တာ ၊ကွဲပြားတဲ့ ဘာသာ တ ရား တွေအကြား အပြန်လှန် စကားဆိုနိုင်ရေးစတဲ့အစ္စလာမ့်တန်ဖိုးတွေကိုဗလီ ကြီး ရဲ့ အသွင်ပြင် အရောင်အသွေးတို့ကဖေါ်ကျူးနေသလိုပါပဲရှင့် ဟု လည်းကောင်း ဂျော်ဒန် လုပ်ငန်းရှင်တစ်ဦးကလည်းအစ္စလာမ်နှင့်မွတ်စလင် တို့ယဉ် ကျေး မှု ကို  ရောင်ပြန် ဟပ်နိုင်သောဗလီတစ်လုံးဖြစ်ကြောင်း မတ်စ်ဂျီဒ်ကြီးသို့ ရောက်ဖြစ်သူ တိုင်းထပ်မံတစ်ခေါက် လာချင်မည်ဖြစ်ကြောင်း ဗလီကြီးအား အသီးသီး ချီးမွမ်း ခန်းဖွင့် ခဲ့ကြသည်။
ခေတ်သစ် ကမ္ဘာစိန်ခေါ်ချက်များကို ထိထိရောက်တန်ပြန်နိုင်နိုင်ဖို့အတွက်မတ်စ်ဂျိဒ်များသည် ရှေ့တန်းကရှိနေပါသည်။ တမန်တော်မြတ်မိုဟမ္မဒ် (ဆွ) လက်ထက်တော်က မတ်စ်ဂျိဒ်များသည် လူမှု အဖွဲ့အစည်းမြင့်တင်ရေးတွင် အခရာကျခဲ့သည်ကိုအ ထင် သားလေ့လာနိုင်ပါသည်။  ရှိုခ်ဇေယဒ် မတ်စ်ဂျိဒ် စင်တာကော်မတီဝင်ဒေါက်တာ အလီဘင် သာမင်းမ် ကဘာသာများအကြားဆွေးနွေးပွဲများ၊ ယဉ်ကျေးမှု ဆိုင်ရာဆွေးနွေးပွဲများ စသည့် ဂဏ္ဍစုံ လှုပ်ရှားမှုများဖြင့် မတ်စ်ဂျိဒ် စင်တာကြီးသည် အကောင်း ဆုံးအနေအ ထားတွင် ရပ်တည်နေပါကြောင်း ထောင်သောင်း ချီသောစာအုပ် များရှိသည့် စင်တာရှိစာကြည့်တိုက်ကလည်း အစ္စလာမ်နှင့် အနောက် ကမ္ဘာအကြားက ကျော ချင်းကပ်ခဲ့သော နှစ်ထောင်ချီ ဆက်ဆံရေး ကိုပြသ နေ ကြောင်း ပြောပါသည်။
ရှိုခ်ဇေယဒ်မတ်ဂျိဒ်သို့ ဘာသာယုံ ကြည်မတူကြသောထောင်သောင်းချီသည့်လူအများ လစဉ် လာရောက်လေ့လာလျက်ရှိကြနေကြပြီးခန်းနားသည့်အစ္စလာမ့် ဗိသု ကာ လက်ယာများကနေ ခန်နားသောယဉ်ကျေးမှုတစ်ရပ်ကိုထိတွေ့ခွင်ရနေကြသည်။ ….  ဒီမှာက ယဉ်ကျေးမှု၊ဓလေ့ထုံးစံ၊ဘာသာစကား ၊ကိုးကွယ် ယုံကြည်မှု မတူကြ တဲ့ သူတွေ ချစ်ခြင်းမေတ္တာ၊ အပြန်အလှန်လေးစားမှု တွေနဲ့ အတူယှဉ်တွဲနေထိုင်ခဲ့တာဟာ ကြာနေပါပြီ …ယူအေးအီးအနေနဲ့ လည်း မတူခြား နားတဲ့ကိုး ကွယ်သူတွေ နဲ့ ရင်း နှီးတဲ့ဆက်ဆံရေးကို တန်ဖိုးထားပါတယ် ဟု ၄င်းကရှင်းပြပါသည်။ နာမ်ပိုင်းရေးရာတွင်သာမက ပညာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး မျက်နှာစာမှာဝင်ဆံနိုင်ခဲ့သော အစ္စလာမ်သမိုင်းတစ်လျှောက် က မတ်စ်ဂျိဒ်များ၏ အခန်းကဏ္ဍကိုရှိုခ်ဇေယဒ်မတ်စ်ဂျိဒ်ကြီးက ပြန်လည်ဆောင်ကျဉ်းပေးနိုင်မည်ဟုမျှော်လင့်ကြောင်း ဒေါက်တာအလီ ဘင် သာမင်းမ် ကသုံးသပ်ပြခဲ့ပါသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive