နေထွက်ချိန်၊
နေ၀င်ချိန်၊ နေမွန်းတည့် ချိန်တွင်မည်သည့် နမာဇ် မျိုးကို မဆို
(သို့မဟုတ်) စဂ်ျဒါဦးချခြင်းကို တားမြစ်ထားသည်။ ဂျနာဇာ နမာဇ် ဖတ်ခြင်းကို
လည်း တားမြစ်ထားသည်။ နံနက် အာရုဏ်တတ်ပြီး သည့် အချိန်မှ စ၍ နေထွက်သည့်
အချိန် အထိ ဖဂျေ နမာဇ် စွန္နသ် 2 ရကအသ် အပြင် အခြား နဖိလ် နမားဇ်များ
ဖတ်ခြင်း၊ အဆွရ်နမာဇ် ၀တ်ပြုပြီးသည့် နောက် နေ၀င်သည့် အချိန်ထိလည်းကောင်း၊
ခွသ်ဗာ များ ဖတ်ကြားချိန်တွင်လည်းကောင်း၊ နေထွက်ပြီးနောက် အိဒ်နေ့များတွင်
အိဒ်နမာဇ်များ ၀တ်ပြုပြီးသည်အထိ နဖိလ်နမာဇ်များ၊ စွန္နသ်နမားဇ် များ
ဝတ်ပြုခြင်းနှင့် နဖိလ် စဂ်ျဒါ ဦးချခြင်းများ လုံးဝ မပိုင်။ သို့ရာတွင်
ကဇွာနမာဇ်များ၊ ဂျနာဇာနမာဇ်များဖတ်ခြင်း၊ ၄င်းနောက် သိလာဝသ်၏ စဂ်ျဒါကို
ပြုပိုင်ခွင့်ရှိသည်။ သို့သော် အဆွရ်နမာဇ် ပြီးနောက် နေလုံး၏ အရောင်
ပျော့၍ အရောင်ပြောင်းသွားချိန်တွင်
ယခုရောက်ရှိလာသည့် ဂျနာဇာဟ် မဟုတ်ဘဲ ယခင်က ဂျနာဇဟ် ဖတ်ခြင်း၊ ယခုသေလာဝသ် ၏
စဂ်ျဒဟ် ဦးချခြင်းမဟုတ်ပဲ အရင်က ဖတ်ခဲ့သည့် သေလာဝသ်၏ စဂ်ျဒါ ဦးချခြင်း
မပိုင်။ အကယ်၍
ယခုအချန်တွင် ရောက်လာသည့် ဂျနာဇာနမာဇ် ဖတ်ခြင်းနှင့် ယခုဖတ်လိုက်သော
သေလာဝသ်၏ စဂ်ျဒါ အတွက် ဦးချခြင်းဖြစ်ပါက ပိုင်သည်။



×××××××××××××××××××××××××××××××××××××××××××××××
အလ်ဟဂ်ျမော်လာနာ မုဖ်သီရှမ်ရွတ်ဒိုဟာ ၏ ကန်ဇုလ်မစာအိလ် အတွဲ (1) မှ ကူးယူတင်ပြပါသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive