နပ်ဖ်စ်ကို သာသနာရေးကိစ္စများတွင်စွဲမြဲစွာပြုလုပ်ခြင်းနှင့်သာသနာ၏ဆန့်ကျင်သောကိစ္စရပ်များတွင်ပြုလုပ်ခွင့်မပေးခြင်းကို
"စွဗရ်"သည်းခံခြင်း
ဟုခေါ်သည်။၎င်းနှင့်ပတ်သက်ရ်ျပြုလုပ်ရသောနေရာအမျိုးမျိုးရှိပေသည်။

(၁)လူသားသည် အေးချမ်းစွာရှိနေမည်။ကျန်းမာရေးလဲကောင်းမည်။၎င်းပြင်အလ္လာဟ်အရှင်မြတ်ဘက်တော်မှပစ္စည်းဥစ္စာ၊ဂုဏ်သိက္ခာ၊အခိုင်းအစေ၊
သားသမီး၊မိသားစု၊အိုးအိမ်နှင့်အရေးကြီးသောအခြားလိုအပ်ချက်များကိုချီးမြှင့်ထားပါက
ထိုသို့သောအချိန်အခါတွင် "စွဗရ်"သည်းခံမှုကိုကျူ်သို့
ပြုရမည်။ဦးနှောက်ပျက်မသွားပါနှင့်။ဘ၀င်မြင့်မသွားပါနှင့်။အလ္လာဟ်အရှင်မြတ်ကို
မမေ့ပါနှင့်၊ဆင်းရဲသားများအား အထင်မသေးပါနှင့်။၎င်းတို့
ကိုနူးညံ့သိမ့်မွေ့စွာဆက်ဆံပါ။ကျေးဇူးပြုပါ။
(၂)ဒုတိယနေရာမှာ အေဗာဒသ်ပြုသောအချိန်တွင်ဖြစ်သည်။အေဗာဒသ်ပြုသောအချိန်တွင်နပ်ဖ်စ်သည် ပျင်းရိသွားသည်။ဥပမာ နမာဇ်ဖတ်ရန်ထသော
အခါတွင် ပျင်းရီသွားသည်။ဇကားသ်။ခိုရာသ်ပေးလှူရာတွင်နပ်ဖ်စ်သည် စေနှဲသွားသည်။ကျူ်ကဲ့သို့သောနေရာများတွင်(၃)မျိုးသောနည်းလမ်းဖြင့်
စွဗရ်လုပ်ရန် အရေးကြီးပေသည်။

(က) အိဗာဒသ်မပြုမီ နီယသ်ကို မှန်ကန်အောင်ပြုလုပ်ရမည်။နပ်ဖ်စ်၏ ရည်ရွယ်ချက်တစ်ခုမှမပါဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာလျှင် သီးသန့်ပြုလုပ်
ရမည်။
(ခ)အိဗာဒသ်ပြုချိန်တွင် ဇွဲ၊ သတ္တိတို့ကိုမလျှောပါနှင့်။ အိဗာဒသ်ပြုသင့်သည့်ပုံစံအတိုင်းပြုပါ။
(ဂ)အိဗာဒသ်ပြုပြီးသောအခါ အခြားသူတစ်ဦးဦး၏ရှေ့တွင်မပြောဆိုပါနှင့်။
(၃)တတိယ စွဗရ် ပြုရမည့်နေရာသည် ဂုနာဟ်ဖြစ်မည့်အချိန်ဖြစ်သည်။ထိုအခါတွင်နပ်ဖ်စ် ကို ဂုနာဟ်ဖြစ်မည့်အခြေအနေမှ ထိန်းချုပ်ရမည်။
(၄)စတုထ္ထ စွဗရ် လုပ်ရမည့်နေရာသည် အဖန်ဆင်းခံတစ်ဦးဦးက မိမိအား ဒုက္ခပေးသောအခါ သို့မဟုတ် မကောင်းပြောဆိုသောအချိန်တွင်
ဖြစ်သည်။ထိုအခါတွင် ဂလဲ့စားမချေဘဲ တိတ်တိတ်နေရ်ျ စွဗရ်လုပ်ရမည်။
(၅) ပဉ္စမ စွဗရ်လုပ်ရမည့်နေရာသည် ဒုက္ခရောက်သောအခါတွင်လည်းကောင်း၊ပစ္စည်းဥစ္စာဆုံးရှုံးရ်ျလည်းကောင်း၊ရင်းနှီးသောမိတ်ဆွေတစ်ဦးဥိး
ကွယ်လွန်သောအခါတွင်လည်းကောင်း စွဗ၇်ပြုလုပ်ရမည်။
ထိုအခါများတွင် နှုတ်မှ
တရားတော်နှင့်ဆန့်ကျင်သောစကားများပြောဆိုခြင်းနှင့်ထိုဒုက္ခကိုပြောဆိုရ်ျ
ငိုယိုခြင်းမပြုဘဲ စွဗရ်ပြုရမည်။
စွဗရ်ပြုခြင်းနည်းလမ်းအားလုံးသည် "ဆ၀ါးဗ်"ကုသိုလ်ရသည်ကိုသတိရပါ။ကျူ်အရာအားလုံးသည် မိမိ၏ကောင်းကျိုးအတွက်ဖြစ်သည်မှတ်ယူပါ။
စွဗရ်မလုပ်ပါကလည်း "သပ်က်ဒီးရ်"နဖူးစာသတ်မှတ်ချက်သည်ပြောင်းသွားလိမ့်မည်မဟုတ်သည်ကိုသတိရပါ။အဘယ်ကြောင့်ကုသိုလ်များကို
အကျိုးမဲ့ဖျက်စီးမည်နည်း။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive