သိရှိထားရန်ထိုက်သည်မှာ ဒရူးဒ်ရှရီးဖ်၏ အကျိုးကျေးဇူးများမှာ မရေမတွက်နိုင်အောင်ပင်ဖြစ်သည်။သို့သော်လည်း အကျိုးကျေးဇူးများကို အကျဉ်းသဘောဖြင့်သာဖော်ပြသွားပေမည်။


ဒရူးဒ်ရှရီးဖ်ဖတ်ခြင်း၏ အကြီးဆုံးသော အကျိုးကျေးဇူးမှာ အကြင်သူသည် ကိုယ်တော်မြတ်(ဆွ) အပေါ်သို့ ဒရူးဒ်တစ်ကြိမ်ပို့ပါက အလ်လာဟ်အသျှင်မြတ်နှင့် ဖရှစ်ရှ်သဟ်များက ထိုသူ့အပေါ
်ဒရူးဒ် ဆယ်ကြိမ်ပို့သတော်

မူကြလေသည်။ ထို့အပြင် ထိုသူ၏ အဆင့်အတန်းဆယ်ခုကို တိုးမြှင့်ပေးခြင်းခံ၇လေသည်။ ကောင်းမှုကုသိုလ် ဆယ်ခုရေးသားပေးခြင်းခံရလေသည်။


ထိုသူ့ထံမှ မကောင်းမှု ဆယ်ခုပယ်ဖျက်ပေးခြင်း ခံရပေသည်။ ထို့အပြင် ကှ်ျသို့သောလူမျိုး၏ ဒိုအာလက်ခံခြင်းခံ၇

လေသည်။ထိုသူ့အပေါ် ကိုယ်တော်မြတ်(ဆွ)၏ရှဖာအသ်အသနားခံချက် ကယ်ပေးမှု ၀ါဂျစ်ဗ်ဖြစ်သွားလေသည်။

ကေယာမသ်နေ့တွင် ကိုယ်တော်မြတ်(ဆွ)အနီးအပါးတွင်နေရပေမည်။ ထို့အပြင် ကေယာမသ်နေ့တွင်

ကိုယ်တော်မြတ် (ဆွ) သည် ၄င်းသူအတွက် အဖိုးတန် အသုံးကျလာမည်ဖြစ်ပေသည်။


၎င်းကျေးဇူးများအပြင် ဒရူးဒ်ရှရီးဖ်ဖတ်ခြင်းဖြင့် လောကီေ၇းနှင့်သာသနာရေးတို့၏ လုပ်ငန်းဆောင်တာများကို ပြည့်ဝစေသည်။ အကုသိုလ် ဒုစရိုက်များ၏
လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံမှုဖြစ်သည်။ဒရူးဒ်ရှရီးဖ်ဖတ်ခြင်းသည်

အလူဒါနပြုခြင်း၏အစားဖြစ်သည်။ ၄င်း၏ဗရကသ်ဖြင့် ဒုက်ခနှင့် ကြပ်တည်းမှုများကင်းဝေးသွားပေမည်။ရောဂါ

သည်အား ပျောက်ကင်းချမ်းသာရန်နဖူးစာဖြစ်ပေသည်။ ရန်သူအပေါ်တွင်အောင်နှိုင်မှုရရှိစေသည်။ထို့အပြင် ဒရူးဒ်ဖတ်သောသူအပေါ် အချိန်တိုင်းတွင် ဖရစ်ရှ်သဟ်များက ရဟ်မသ်ပို့သကြလေသည်။
နှလုံးသားအားသန့်စင်

စေသည်။အိမ်နှင့် ပစ်စည်းဥစ်စာတို့တွင်ဗရကသ်ဖြစ်စေသည်။ ဒရူးဒ်ရှရီးဖ်ဖတ်သော သူများ၏ကျောရိုးတွင် ဒရူးဒ်၏ ဗရကသ်များပေါ်လွင်နေပေသည်။ သေခါနီးအချိန် စကရားသ် (အသက်ငင်ခြင်း)မှ
လွတ်ကင်းစေသည်။


ကှ်ျသို့သောသူသည် ကေယာမသ်နေ့၏ ကြောက်မက်ဖွယ်စိုးထိတ်ဖွယ်ရာတို့မှငြိမ်းချမ်းမှုတွင်ရှိနေပေမည်။ဒွန်နယာ

တွင်လွတ်မြောက်မှုကိုရရှိစေသည်။ဒရူးဒ် ဗရကသ်ဖြင့် မေ့လျော့နေသော အိမ်မက်ကိုသတိရလာစေသည်။ ကျပ်တည်းမှုကင်းဝေးစေသည်။၎င်းအားဖတ်ရွတ်သူသည်စေးနဲသူမမည်ပေ။


ဒရူးဒ်ရှရီးဖ်ဖတ်သော ထိုင်ဝိုင်းတွင် အလ်လာဟ်အသျှင်မြတ်က ထိုင်ဝိုင်းရှိသူအားလုံးကို မိမိ၏ ရဟ်မသ်တော်ဖြင့်

လွှမ်းခြုံလိုက်တော်မူပေသည်။ထို့အပြင် ၄င်းအားဖတ်ရွတ်သူသည် ပွလ်စွေရားသဲတံတားမှ အလွန်လွယ်ကူလျှင်မြန်

စွာဖြတ်သန်းသွားပေလိမ့်မည်။ကိုယ်တော်မြတ် (ဆွ)၏ ထံတော်ပါးတွင် ၄င်းသူအား တင်ပြခြင်းရလေသည်။


ထို့အပြင် ကိုယ်တော်မြတ်(ဆွ)၏ မြတ်နိုးမှုကို တိုးပွားစေသည်။ ကိုယ်တော်မြတ် (ဆွ) သညှ်ကျှ်ျသို့သောသူအား

ချစ်ခင်သွားလေသည်။ဒရူးဒ်ဖတ်သူအား အိမ်မက်တွင် ကိုယ်တော်မြတ်အားမြင်တွေ့ခွင့်နှင့် ကေယာမသ်နေ့တွင်

လက်ဆွဲနှုတ်ဆက်ခွင့်တိုရရှိမည်ဖြစ်ပေသည်။


ထို့အပြင် ၄င်းသူအား ဖရစ်ရှ်သဟ်များကလည်း လက်ဆွဲနှုတ်ဆက်ကြပေမည်။ကြိုဆိုနှုတ်ခွန်းဆက်သကြပေမည်။

လူတို့ဖတ်ရွတ်သော ဒရူးဒ်ရှရီးဖ်အား ဖရစ်ရှ်သဟ်များက ရွေကလောင် ငွေကလောင်များဖြင့် စာရင်းစာအုပ်တွင်

ရေးသားလျက်ရှိကြသည်။အလ်လာဟ်အသျှင်မြတ်ထံမှ ထိုသူအတွက် ကောင်းမှုကုသိုလ်လိုလားပေသည်။ထိုသူ

အားလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်လည်းအလိုရှိပေသည်။

ထိုသူ၏ဒရူးဒ်အား ကိုယ်တော်မြတ် (ဆွ)ထံသို့ " ကိုယ်တော်အား အဘယ်သူသည် ဒရူးဒ်စလာမ်ပို့သလိုက်ပါသည်"

ဟုရှ်ျ ပို့သပေးလေသည်။ အကယ်ရ်ျ ကိုယ်တော်မြတ် (ဆွ)၏သင်းချိုင်းတော်ပေါ်သို့သွားရူ် အကြင်သူသည် စလာမ်ပို့သပါက ကိုယ်တော်မြတ်(ဆွ)ကလည်းထိုသူ့အပေါ်သို့ စလာမ်ပြန်လည်ပို့သပေသည်။အကယ်ရ်ျ တစ်စုံ

တစ်ယောက်အနေဖြင့် ကိုယ်တော်၏ စလာမ်ကို ရရှိလိုက်ပါက ၄င်းသည် သိန်းပေါင်းများစွာသော တန်းခိုးပြာဋိကာ

အကျိုးကျေးဇူးတို့ထက် ပိုရ်ျ ထူးမြတ်သည်ဟု ထင်မှတ်ပါ။


၎င်းအပြင် ဒရူးဒ်ရှရီးဖ်၏ ထူးခြားချက် သုံးရက်အထိ ရွတ်ဖတ်သူ၏ အပြစ် ဂိုနာဟ်ကိုရေးမှတ်ခြင်း မခံရပေ။၎င်းမှာ

အကယ်ရ်ျ ထိုသူသည်-သောင်ဗဟ်ပြုလိုက်ပါက ၄င်းသူ၏ ဂိုနာဟ်ပျောက်သွားစေရန်ဖြစ်နိုင်ပေသည်။


ဒရူးဒ်ဖတ်ရွတ်သူသည် ထိုဒရူးဒ်၏ ဗရကသ်ဖြင့် အရ်ရှ်တော်၏အရိပ်တွင် ရပ်စေခြင်းခံရပေမည်။၎င်းအားရွတ်ဖတ်

သူ၏ အမလ်ကောင်းမှုချိန်ခွင်ခွက်ကို ကေယာမသ်နေ့တွင်လေးစေတော်မူမည်။ထို့အပြင် ကေယာမသ်နေ့တွင်

ရေငတ်ခြင်းမှ လွတ်ငြိမ်းချမ်းသာပေမည်။


သူတော်စင်များ၏အိမ်မက်တွင် ကိုယ်တော်မြတ်သည် ၄င်းတို့၏ နှုတ်ခမ်းအထိ နမ်းရှုံတော်မူခဲ့ပေသည်။အဘယ်

ကြောင့်ဆိုသော် ကှ်ျသူများသည် ဒရူးဒ်ရှရီးဖ်ဖတ်တော်မူလေ့ရှိခဲ့သည်။အကြင်သူ၏အနားတွင် လူစုဝေးနေသည်

ဟုအထင်ရှိပါက ၄င်းသူအနေဖြင့် ဒရူးဒ်ရှရီးဖ်ကို မြောက်များစွာ ဖတ်ရပေမည်။ ၄င်းအပြင် ဒရူးဒ်ရှရီးဖ်ပြီးနောက်

ကှ်ျကလေမာဟ်ကိုရွတ်ဖတ်ပါ ။


"ဇကရလ်လာဟို့ ဗေခိုင်းရင်မ် မန်ဇကရနီ"

အလ်လာဟ်အသျှင်မြတ်သည် ကျွန်ုပ်တို့ မွတ်စလင်မ်အားလုံးကို ဒရူးဒ်ရှရီးဖ်ဖတ်နိုင်သောစွမ်းအားချီးမြှင့်ပေးသနား

တော်မူပါစေသတည်း။ထို့အပြင်၎င်း၏ ဗရကသ်တော်များဖြင့် ကျွန်ုပ်တို့အား ကယ်မတော်မူပါစေသတည်း။


သွစ်ဗေ့နဗ၀ီ တမန်တော်မြတ် ကုထုံးလမ်းညွှန်စာအုပ်မှ တင်ပြပါသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive