ဝူဇူပြုခြင်း၏ထူးမြတ်ပုံနှင့်အကျိုးသက်ရောက်ပုံများ
August 30, 2010 by ယူစွတ်ဖ် ( ISB )
..................................................................ပိုစ်ကိုသူငယ်ချင်းများမျှဝေခြင်းဖြစ်ပါသည်။

ဝူဇူပြုခြင်းသည်အပြစ်ဂိုနာဟ် များမှ လွတ်ငြိမ်းချမ်းသာခွင့် ရရန် အကြောင်းခံဖြစ်ခြင်း

ဟဒီးစ်တော် တစ်ပုဒ်တွင် ဤသို့လာရှိ၏

အကြင်သူသည် ကောင်းမွန် ကျနသေသပ်စွာဝူဇူပြုလုပ်လျှင် ထိုသူ၏ ခန္ဓာကိုယ်မှ အပြစ်ဂိုနာဟ် ဟူသမျှတို့သည် လက်သည်းများအောက်ကပါ မကျန်ထွက်သွားသည်ဟု ကိုယ်တော် မြတ် ( ဆွ ) သခင်၏ သြ၀ါဒတော်ကို ဟဇ်ရသ် အွတ်စ်မာန် သခင် ကဆင့်ပြန်တော်မူခဲ့လေသည် ။ ( ဗုခါရီ - မွတ်စ်လင်မ် )

ဆိုလိုသည်မှာ အကြင်သူသည် ကိုတော်မြတ် ( ဆွ ) သခင်၏ သွန်သင်ပြသလမ်းညွှန်မှုနှင့်အညီ ဂရုတစိုက်လေးစားစွာဖြင့် သန့်ရှင်းစင်ကြယ်မှုကိုရယူကာ စွန္နသ်တော်နှင့်အညီ ဂရုတစိုက် ကောင်းမွန်သေသပ်စွာ ၀ူဇူပြုလုပ်လိုက်လျှင် ထိုသူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် အတွင်းစိတ်ဓာတ်များပါ သန့်ရှင်းစင်ကြယ်သွားရုံသာမက ထိုသူသည် အကုသိုလ် ဒုစရိုက်အပေါင်းမှလဲ သန့်ရှင်းစင်ကြယ်သွားမည်ဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်..။


ဝူဇူပြုသော အင်္ဂါအစိတ်အပိုင်းများသည် ကေယာမသ်နေ့တွင် ထွန်းလင်းတောက်ပလျှက် ရှိမညှ်ုအကြောင်း
ဟဒီးစ်တော်တခုတွင် ဤသို့လာရှိပေ၏

ငါကိုယ်တော် မြတ်၏အွမ္မသ်များသည် ကေယာမသ်နေ့တွင်ဆင့်ခေါ်ခြင်းခံရပေအံ့ ။ ထိုအခါ ၄င်းတို့၏ခြေလက်မျက်နှာအစရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် လင်းဝင်းတောက်ပလျှက်ရှိပေအံ့ ဟူသော ကိုယ်တော် မြတ်၏သြ၀ါဒတော်ကို အဗူဟုရိုင်ရဟ်

သခင်က ဆင့်ပြန်တော် မူခဲ့ပေသည်..။


ဝူဇူ၏ဖရ်ဇ် ( 4 ) ရပ်

၁ ။ နဖူးဆံမှ မေးအောက်အထိနှင့် တစ်ဖက်နားရင်းမှ နောက်တစ်ဖက်နားရင်း ထိဆေးကြောခြင်း ။


၂ ။ လက်နှစ်ဖက်ကို တံတောင် ဆစ်အထိဆေးကြောခြင်း ။


၃ ။ ဦးခေါင်း၏ လေးပုံ တစ်ပုံ ကို မစဟ်ပြုလုပ်ခြင်း ။


၎ ။ ခြေထောက်နှစ်ဖက်ကို ခြေ မျက်စိအထိဆေးကြောခြင်း ။


ဝူဇူ၏ဖရ်ဇ်များဆိုင်ရာရှင်းလင်းချက်
ဝူဇူပြုရာတွင်ကိုယ်အင်္ဂါအစိတ်အပိုင်းများပေါ်တွင်ရေစို၍ရေတစ်စက်နှစ်စက် စီးကျအောင်ဆေးကြောမှသာလျှင် ၀ူဇူအထမြောက်ပေသည် ။ ထိုထက်နည်းလျှင်ဝူဇူပြုလုပ်ရာမရောက်ပေ..။ ဥပမာ...လက်ကိုရေဆွတ်၍မျက်နှာကိုပွတ်သပ်ရာတွင် ရေသည်မျက်နှာစိုရုံသာစို၍ တစ်စက်မျှပင်စီးမကျပါက မျက်နှာကို ရေဖြင့်ဆေးကြောရာမရောက်ပေ။ ထိုမျှလောက်ပြုခြင်းဖြင့် ၀ူဇူမပိုင်ပေ..။

ဆေးကြောရန် ဖရ်ဇ်ဖြစ်သည့်အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်ဆေးကြောခြင်းသည် ဖရ်ဇ်ဖြစ်၏ ။ သုံးကြိမ်ဆေးခြင်းသည် စွန္နသ် ဖြစ်၍ လေးကြိမ်ဆေးခြင်းသည် မက္ကရူဟ်ဖြစ်သည်။


မျက်နှာသစ်ရာတွင် နဖူးဆံမှမေးရင်းအထိ တဖက်နားရင်းမှ နောက်တဖက်နားရင်းအထိကောင်းမွန်စွာဆေးကြောရမည် ။

ဤကဲ့သို့ဆေးကြောမှသာ ဖရ်ဇ် တာဝန်ကျေ၏ ။ ဆေးကြောရန်ဖရ်ဇ်တာဝန်ဖြစ်သည့်အစိတ်အပိုင်းများကိုဆံပင်

တပင်မျှမကျန်အောင် သတိထား၍ဆေးကြောရမည် ။ ဆံပင်တမျှင် ခန့်ရေးမဆိုပဲကျန်ခဲ့လျှင် ၀ူဇူပြုလုပ်ခြင်းမပိုင်ပေ ။

ဆေးကြောရန် ဖရ်ဇ် ဖြစ်သည့်အစိတ်အပိုင်းတွင် အသားပိုများရှိနေလျှင် ယင်းကိုလဲဆေးကြောရန် ဖရ်ဇ်ဖြစ်သည် ။



ဦးခေါင်း၏ 4 ပုံ 1 ပုံမစဟ်ပြုလုပ်ခြင်းသည် ဖရ်ဇ်ဖြစ်၏ ။ ရေဆိုနေသောလက်ဖြင့် ပွတ်သပ်ခြင်းကို မစဟ်ဟုခေါ်သည် ။

ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆေးကြောသဖြင့် ရေဆိုနေသာလက်ဖြင့် မစဟ်ပြုလုပ်လျှင်ပိုင်၏ ။ မစဟ်အတွက် သီးသန့်ရေယူလျှင် ပို၍ကောင်း၏ ။ နားရွက်များကို မစဟ်ပြုရန်ရေကိုထပ်မံ ၍ စွတ်ရန်မလိုအပ်ပေ ။ နားရွက်များတွင်လက် ညိုးဖြင့်မစဟ်ပြုရ၏ ။ လည်ကုတ်ပေါ်တွင် လက်ချောင်းများ၏အနောက်ဘက်နှင့် မစဟ်ပြုရ၏ ။ လည်ပင်းကို မစဟ်မပြုရပေ ။


တင်ပြသူ - အလ်ဟာဂ်ျ မော်လာနာ ဟာဖီဇ် သာဂျွတ်အစ္စလာမ် ( မဟ်မူဒီ - ဆွာဒိကီ )

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive