ပါကစ္စတန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုင်ဝမ်န် သဗလီးဂ်အဂ်ျသေမာ၏ပထမပိုင်း အား ကြာသာပတေးနေ့တွင် စတင် ခဲ့ ကြောင်း Dawn သတင်းတစ်ရပ် တွင်ဖေါ်ပြ ထားပါသည်။ အဆိုပါ အိဂ်ျသေမာ အား လုံခြုံရေးနှင့် စီမံခန့်ခွဲရေးပိုင်း များတွင် ပိုမိုကြီးကြပ်နိုင်ရန် ယခင်နှစ်များ အတိုင်း နှစ်ပိုင်းခွဲ စီစဉ်ထား ဖြစ်ရာ ပထမပိုင်း အား ..နေမှ နေ့ထိ ၊ဒုတိယပိုင်း အား ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၁၂ရက်နေ့ အထိ ကျင်းပမည် ဟုသိရသည်။ ပထမပိုင်း အိဂ်ျသေမာ တွင် လာဟိုး၊ ကရာချိ၊ အာဇဒ်ကရှ်မီရ်၊ ဂီလ်ဂစ်ဘလ်တီစတန် နယ်မြေ များ အတွက် စီစဥိထားသည်။ အိဂ်ျသေမာ တက်ရောက် သူများလွယ်ကူချော့မွေ့ စေရေး အတွက် ပါကစ္စတန် မီးရထား ဌာန ၊ လေ ကြောင်း လိုင်းများ ကလည်း အထူး အစီစဉ်များ ဆောင်ရွက် ပေးထားသည်။ ယခုနှစ် ကျင်းပသော အိဂ်ျသေမာအား လုံခြုံရေး အခြေနေ များကြောင့် ယခင်နှစ် ထက် တစ်လခန့် နောက်ကျခဲ့ ရကြောင်း သိရသည်။ ယင်း အိဂ်ျသေမာ တွင် ပါကစ္စတန်နှင့် အိန္ဒိယမှ လူသိများ သော ဘာသာ ရေး ပညာ ရှင်များ တက်ရောက် တရားဟော မည်ဖြစ်သည်။ ပါကစ္စတန်မှ သဗလီးဂ် အမိရ် ဟာဂျီ အဗ္ဗဒူလ် ၀ဟာဘ်၊ မောင်လာနာ မိုဟမ္မဒ် အဟ်မဒ် ၊ မောင်လာနာ အဲဟ်ဆာနွလ်ဟာက် ၊မောင်လာနာ နာဇရ်ရွလ်၇ဟ်မန်၊ မောင်လာနာ မိုဟမ္မဒ် ဂျမီးရ် သွာရီးက် ၊မောင် လာနာ အဗ္ဗဒူလ်ရဟ်မန်၊ မောင်လာနာ ခွရ်ရှီ ဒ်အဟ်မဒ် ၊အမိရ်းချုပ် မောင်လာနာ ဇူဘိုင်ရ်ရွလ်ဟဆန် ၊ နှင့် အိန္ဒိယမှ မောင် လာနာ ယူနွစ်ပါလန်ပူရီတို့ တက်ရောက် ကြမည်ဖြစ်သည်။ အမိရ်းချုပ် မောင်လာနာ ဇူဘိုင်ရ်ရွလ်ဟဆန် က အိဂ်ျသေ မာ နှစ်ပိုင်းလုံး တွင် ဆွလာသ် ဦးဆောင် ၀တ်ပြုမည်ဟု သိရသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive