မယားပြိုင်ဝါဒ
ရှီလာဟ်။    ။ အစ္စလာမ်ဘာသာသည် ယောက်ျားတစ်ယောက်အား မိန်းမအများ နှင့်လက်ထက်ခွင့်  “Polygamy” ကို အဘယ်ကြောင့်  ခွင့်ပြုရပါသနည်း။

ဒေါက်တာဇာကိရ်။    ။အမှန်စင်စစ်  “Polygamy” ဆိုသည်မှာ လူပုဂ္ဂိုလ် တစ်ယောက်တွင် တစ်ယောက်ထက်ပိုသော ကြင်ဖော်များရှိခြင်းဖြစ်သည်။  ဤကိစ္စတွင် အမျိုးအစားနှစ်မျိုးခွဲခြားနိုင်သည်။  “Polygeny” ခေါ် မယားပြိုင်ထားခြင်း (အမျိုးသားတစ်ယောက်တွင် ဇနီးမယားတစ်ယောက်ထက် ပို၍ရှိခြင်း)နှင့်  “Polyendry”ခေါ် လင်ပြိုင်ထားခြင်း (အမျိုးသမီးတစ်ယောက်တွင် လင်ယောက်ျား တစ်ယောက်ထက် ပို၍ရှိခြင်း) ဟူ၍ဖြစ်သည်။ များစွာသော လူပုဂ္ဂိုလ်များမှ  ‘Polygamy’ ဟူသောစကားရပ်အတွက် `ယောက်ျားတစ်ယောက်မှ ဇနီးမယား တစ်ဦးထက်ပို၍ လက်ထပ်နိုင်ခြင်း (၀ါ)မယားပြိုင်ထားခြင်းဟူ၍ ထင်မြင်နေကြသည်။ အမှန်စင်စစ် ထိုသဘောသာမက အမျိုးသမီးတစ်ဦးတွင် တစ်ဦးထက်ပိုသော လင်ယောက်ျား ကြင်ဖော်များရှိခြင်းသည်လည်း အကျုံးဝင်၏။
ယောက်ျားတစ်ဦးသည် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ထိမ်းမြားခြင်းကို  “Polygeny” ဟုခေါ်ပြီး မိန်းမတစ်ဦးတွင် ခင်ပွန်းတစ်ဦးထက်ပို၍ လက်ထပ်ထိမ်းမြားခြင်းကို  “Polyendry” ဟု ခေါ်သည်။ ညီမတော်မှ မေးသောမေးခွန်းမှာ အဓိကအားဖြင့် `ယောက်ျားတစ်ယောက်ကို အဘယ်ကြောင့် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်ပြု ရပါသနည်း။´ တစ်နည်းဆိုသော် မယားပြိုင်ထားခြင်း (Polygeny)ကို ဘာကြောင့် အစ္စလာမ်မှ ခွင့်ပြုထားရပါသနည်းဟူသော အမေးဖြစ်သည်။ ကျွန်ုပ်မှ ဤမေးခွန်းကို ဖြေပါမည်။
ကျမ်းမြတ်ကုရ်အာန်သည် ကမ္ဘာမြေပေါ်ရှိ ဘာသာရေး ကျမ်းဂန်များအနက် `ဇနီးတစ်ဦးတည်းသာ လက်ထပ်ပါ´ဟု ဖော်ပြထားသော တစ်အုပ်တည်းသော စာအုပ်ဖြစ်ပါသည်။ သင်သည် ဂီတကျမ်း၊ ဝေဒကျမ်း၊ ရာမယနကျမ်း၊ မဟာဘာရတကျမ်း၊ သမ္မာကျမ်းအားလုံးကို ဖတ်ကြည့်ပါ။ `တစ်ဦးတည်းကိုသာ လက်ထပ်ပါ´ဟူ၍ ဖော်ပြထားသော နေရာတစ်နေရာမျှမရှိပါ။ ကုရ်အာန် ကျမ်းတစ်အုပ်တည်းတွင်သာ `တစ်ဦးတည်းကိုသာ လက်ထပ်ပါ´ဟု ဖော်ပြထားသည်ကို တွေ့နိုင်သည်။
အမှန်စင်စစ် သင်သည် ဟိန္ဒူကျမ်းဂန်များကို ဖတ်ရှုလေ့လာပါက များစွာသောဘုရင်များတွင် ဇနီးအများရှိသည်ကို တွေ့နိုင်သည်။ ဥပမာ- ဘုရင်ဒါရှရတ်တွင် ဇနီးတစ်ဦးထက်ပို၍ရှိသည်။ ခရစ်ရှနာတွင်လည်း ဇနီးတစ်ဦးထက် ပို၍ရှိသည်။ သင်သည် ဂျူးကျမ်းဂန်များကို ဖတ်ရှုကြည့်ပါက ဂျူးဥပဒေ၏ (၁၁)ရာစုတွင်  Polygeny ခေါ် ဇနီးတစ်ဦးထက် ပို၍လက်ထပ်ထိမ်းမြားခွင့်ပြုထားကြောင်း တွေ့ရပေမည်။ ရာဘီဂါတ်ဒ်ရွှန်(မ်) ဘင်ဂျာဟူဒါ (Gurdshom Benjahuda)မှ Signordအား တင်ပြပြီး ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခြင်းခွင့်မပြုသင့်ကြောင်း တင်ပြခဲ့သည်။ သို့တိုင်အောင် မွတ်စ်လင်မ် နိုင်ငံများတွင်ရှိသော စက်(ပ်)ထရာနစ် ဂျူးလူ့အဖွဲ့အစည်း (Septranic Jewish Community)တွင် (၁၉၅၀)တိုင်အောင် ကျင့်သုံးမှုရှိခဲ့သည်။ အစ္စရေးနိုင်ငံ၏ အကြီးအကဲဖြစ်သူမှ ဤသို့ကျင့်သုံးမှုအပေါ် တားမြစ်ပိတ်ပင် ခဲ့သည်။
ခရစ်ယာန်လူ့အဖွဲ့အစည်းများတွင်လည်း လွန်ခဲ့သော နှစ်ရာစုခန့်ထိ (၁၈ ရာစု) Polygeny ခေါ် `မယားပြိုင်ထားခြင်း´ကို ခွင့်ပြုကြောင်း သမ္မာကျမ်းတွင် တွေ့နိုင်သည်။ ထိုရာစုနောက်ပိုင်းတွင် `ခရစ်ယာန်အသင်းတော်´မှ တားမြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တရားရေး (ဥပဒေရေးရာ)ကို လေ့လာပါက အိန္ဒိယနိုင်ငံ၏ တရားဥပဒေသည်  ဟိန္ဒူအမျိုးသားများအား ဇနီးတစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြား ခွင့်ပြုထားကြောင်းတွေ့ရသည်။ (၁၉၅၄)ခုနှစ်တွင်မှ ဟိန္ဒူလက်ထပ်ထိမ်းမြားမှု အက်ဥပဒေပြဋ္ဌာန်းခဲ့ပြီး၊ ၎င်းတွင် စည်းကမ်းသတ်မှတ်ချက်တစ်ခု ပါဝင်သည်။ ယင်းမှာ ဟိန္ဒူယောက်ျားများသည် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်မပြုဟူသောအချက် ဖြစ်သည်။
“အစ္စလာမ်တွင်ရှိသော အမျိုးသမီးများ၏ အဆင့်အတန်း´´နှင့် ပတ်သက်၍ တင်ပြသောကော်မတီ၏ (၁၉၇၅) ခုနှစ် စာရင်းဇယားအရ၊ စာမျက်နှာ (၆၆၊ ၆၇)တွင် ဇနီး တစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြားသော ရာခိုင်နှုန်းကို တင်ပြထားသည်။ ယင်းထုတ်ပြန်ထားသော စာရင်း၊ ဇယားအရ၊ ဟိန္ဒူဘာသာဝင်များအတွင်း တစ်ဦး ထက်ပိုသော လက်ထပ်ထိမ်းမြားမှုရာခိုင်နှုန်းမှာ (၅.၀၆)ဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင် များအတွင်း ရာခိုင်နှုန်းမှာ(၄.၃၁)ဖြစ်သည်။ ဤစာရင်းဇယားများကိုထားပြီး ကျွန်ုပ်တို့၏ အဓိကအချက်ဖြစ်သော “အစ္စလာမ်မှ  ဇနီးတစ်ဦးထက်ပိုသော လက်ထပ်ထိမ်းမြားခြင်း (၀ါ) မယားပြိုင်ထားခြင်းကို အဘယ်ကြောင့် ခွင့်ပြုထားရပါသနည်း´´ဟူသောအချက်  ကို ဆွေးနွေးကြပါစို့။
ကျွန်ုပ်တစ်ခါတင်ပြထားပြီးဖြစ်ပါသည်။ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၃) တွင်
“မိမိတို့နှစ်ခြိုက်သော (အခြား) အမျိုးသမီးများအနက် (ယောက်ျား တစ်ဦးလျှင်) မိန်းမနှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ သုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမလေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တဖန် အကယ်၍ အသင်တို့သည် (မိန်းမ တစ်ယောက်ထက်ပို၍ ထိမ်းမြား ရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်း ဖြစ်ကြပြန် သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်)။´´ (၄း၃)
ထို့ကြောင့် `တစ်ဦးတည်းကိုသာလက်ထပ်ပါ´ ဟူသော စကားသည် ကျမ်းမြတ်ကုရ်အာန်တစ်အုပ်တည်းတွင်သာ ဖော်ပြထားသော ဖော်ပြချက်ဖြစ်သည်။ အခြားမည်သည့် ဘာသာရေးကျမ်းဂန်တွင်မှ ညွှန်ကြားထားခြင်းမရှိပါ။ အစ္စလာမ်မပေါ်ထွန်းမီ အချိန်ကာလက အာရေးဗီးယားကျွန်းဆွယ်ရှိ အာရဗ်လူမျိုး ယောက်ျားများသည် ဇနီး အများအပြား ယူလေ့ရှိသည်။ အချို့သောသူများတွင် ဇနီးဦးရေ ရာချီ၍ပင် ရှိတတ်သည်။ အစ္စလာမ်မှ ဇနီးများယူခြင်းနှင့် ပတ်သက်၍ အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သော `(၄) ဦး´ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သင့်အနေနှင့် ဇနီးတစ်ဦးထက်ပိုယူပါက ထိုနှစ်ဦး၊ ထိုသုံးဦး၊ ထိုလေးဦးအကြားတွင် တရားမျှတမှုနှင့် ဆက်စပ်မှုပြုရမည်ဖြစ်သည်။ ထိုသို့မဆက်ဆံနိုင်ပါက တစ်ဦးထဲသာ လက်ထပ်ပါ။ ထို အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၁၂၉)၌ ထပ်၍ ညွှန်ပြထားသည်။
“ထိုမှတပါးတုံ အသင်တို့သည် (မည်မျှပင် တရားမျှတစေရန်) ဆန္ဒထား ရှိကြသော်လည်း (မိမိတို့၏တဦးထက်ပိုသော) ဇနီးမိန်းမတို့၏ စပ်ကြားဝယ်(အဘက်ဘက်မှ) တရားမျှတအောင် အလျင်း ပြုနိုင်ကြမည် မဟုတ်ပေ။´´ (၄း၁၂၉)
ထို့ကြောင့် ဇနီးတစ်ဦးထက်ပို၍ ယူခိုင်းခြင်းကိစ္စမှာ ချွင်းချက်ဖြစ်သည်။ ၎င်းင်းသည် စည်းမျဉ်း ဥပဒေသမဟုတ်။ များစွာသော လူပုဂ္ဂိုလ်များမှ `အစ္စလာမ်မှ ယောက်ျားများကို ဇနီး တစ်ဦးထက်ပိုပြီး ဇနီးလေးဦးထိ မဖြစ်မနေယူရမည်ဟု သတ်မှတ်ထားသည်´ဟု ထင်မြင်နေကြသည်။
အစ္စလာမ်တွင် လုပ်ရန်နှင့် မလုပ်ရန် အမျိုးအစား (၅)မျိုး သတ်မှတ်ထားသည်။
(၁) الواجب “ မလုပ်မနေရတာဝန် ´´
(၂) المستحب “ ထောက်ခံသည်။ အားပေးသည်။´´
(၃) الحلال “ ခွင့်ပြုချက်ရှိသည်။´´
(၄) الكمكروه “မထောက်ခံ အားမပေးပါ။´´
(၅) المحرم “တားမြစ်ပိတ်ပင်သည်။´´ တို့ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်၊ တမန်တော်မြတ်(صلي الله عليه و سلم)၏ ဟဒီးဆ်သြ၀ါဒများ၏ မည်သည့်နေရာတွင်မှ `ဇနီး တစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြားသူသည် ဇနီးတစ်ဦးတည်း လက်ထပ် သူထက်ပို၍ သာလွန်ကောင်းမွန်သော မွတ်စ်လင်ဖြစ်သည်´ဟု ရေးသား ဖော်ပြထားခြင်းမရှိပါ။
ကျွန်ုပ်တို့အနေနှင့် အစ္စလာမ်မှ အဘယ်ကြောင့် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်ပြုရသည်ကို ယုတ္တိဗေဒနည်းကျကျ ဆန်းစစ် ဝေဖန်ကြည့်ကြပါစို့။ သဘာဝတရားအရ ယောက်ျားကလေးများနှင့် မိန်းကလေးများသည် တူညီသော အချိုးအစား နှင့် မွေးဖွားလာခဲ့ကြသည်။ သို့သော် ဆေးသိပ္ပံမှ ပြောကြားသည့်အချက်မှာ သန္ဓေသားအဆင့်တွင်ပင် မိန်းကလေးသန္ဓေသားသည် ယောက်ျားလေးသန္ဓေသားထက်ပို၍ ခံနိုင်ရည်ရှိ၍ ပို၍အားကောင်းသန်မာသည်။ ကလေးများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အထူးပြုလေ့လာထားသော အသိပညာ ဗဟုသုတအရ မိန်းကလေးများသည် ယောက်ျားလေးများထက်ပို၍ ခုခံအားကောင်းပြီး၊ ရောဂါများနှင့် ပိုးမွှားများကို ပို၍ခုခံနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကလေးအရွယ်တွင်ပင် ယောက်ျားလေး အချိုးသည် မိန်းကလေး အချိုးထက်ပို၍နည်းသည်။ ကလေးအဆင့်တွင်ပင် ယောက်ျားများထက် မိန်းကလေးများ၏ ကျန်းမာရေး အဆင့်အတန်းပို၍ မြင့်မားသည်ကိုတွေ့ရ၏။
စစ်ဖြစ်ပွားသောကာလ၌ဆိုလျှင် ယောက်ျားများသည် မိန်းမများထက်ပို၍ အသတ်အဖြတ်ခံရပါသည်။ ယခု လောလောဆယ် ကမ္ဘာတွင် ဖြစ်ပွားနေသော စစ်ပွဲများ အထူးသဖြင့် အာဖဂန်နစ္စတန်တွင် ဖြစ်ပွားခဲ့သောစစ်ပွဲတွင် လူပေါင်း (၁.၅)သန်းကျော် သေဆုံးခဲ့ရပြီး ၎င်းင်းတို့အနက် အများစုမှာ ယောက်ျားများဖြစ်သည်။ စာရင်းဇယားများအရ မတော်တဆထိခိုက်ဒဏ်ရာရမှုနှင့် စီးကရက်သောက်မှုကြောင့် သေဆုံးသူများတွင် ယောက်ျားဦးရေမှာ မိန်းမဦးရေ ထက်ပိုများသည်ကို တွေ့ရ၏။ ထို့ကြောင့် ကမ္ဘာပေါ်တွင် မိန်းကလေးဦးရေမှာ ယောက်ျားဦးရေထက်ပိုများသည်ကို တွေ့နိုင်သည်။
အာရှနှင့် အာဖရိကနိုင်ငံအချို့အပြင် အိန္ဒိယနိုင်ငံသည်  ယောက်ျားကလေးဦးရေသည်   မိန်းကလေးဦးထက် ပိုများသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးသန္ဓေသား ဖျက်ချမှုမှာ နှစ်စဉ်နှစ်တိုင်း တစ်သန်းကျော် အထက်၌ရှိသည်။ မိန်းကလေးကို ပဋိသန္ဓေဆောင်သည်ဟုသိသည်နှင့် တစ်ပြိုင်နက် သန္ဓေသားဖျက်ချတတ်သော မိစ္ဆာဓလေ့ဆိုးကြီးကြောင့် မိန်းကလေး ဦးရေမှာ တစ်ဖြည်းဖြည်းနည်းပါးလာရပြီး၊ ကျားဦးရေများလာရခြင်းဖြစ်သည်။ (သို့မဟုတ်) မိန်းကလေး သန္ဓေသားကို ဖျက်ချတတ်သည့် ဓလေ့ဆိုးကြီးကို ပယ်ဖျက် ပစ်နိုင်ပါက အခြားနိုင်ငံများမှာကဲ့သို့ပင် ယောက်ျားလေးဦးရေမှာ မိန်းကလေး ဦးရေထက် ပိုနည်းနေဦးမှာဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် မိန်းမဦးရေသည် ယောက်ျားဦးရေထက် (၇.၈)သန်းပိုနေပါသည်။ နယူးယောက်မြို့တစ်မြို့တည်း၌ပင် ယောက်ျားလေး အရေအတွက်နှင့်ယှဉ်လျှင် မိန်းကလေးအရေအတွက်သည် တစ်သန်းကျော် ပိုနေပါသည်။ နယူးယောက်မြို့တွင် နေထိုင်လျှက်ရှိကြသော ယောက်ျားဦးရေ၏ သုံးပုံ တစ်ပုံမှာ မိန်းမလျှာများဖြစ်နေကြသည်။ အမေရိကန်တစ်နိုင်ငံလုံးမှာ လိင်တူ ဆက်ဆံသူဦးရေမှာ နှစ်ဆယ့်ငါးသန်းမက ရှိနေပါသည်။ ဗြိတိန်နိုင်ငံတွင်မူ မိန်းမ ဦးရေသည် ယောက်ျားဦးရေထက် (၄)သန်းကျော်ပိုနေပြီး၊ ဂျာမနီနိုင်ငံတွင်မူ (၅)သန်းကျော်၊ ရုရှားနိုင်ငံအတွက်မူ (၇)သန်းကျော် ပိုများနေသည်ကို တွေ့ရပါသည်။ တစ်ကမ္ဘာလုံး၌ရှိကြသည့် ယောက်ျားနှင့် မိန်းမဦးရေကို နှိုင်းယှဉ်ကြည့်လျှင် မိန်းမဦးရေ သန်းပေါင်းမည်မျှ ပိုများနေမည်ကို အလ္လာဟ်အရှင် တစ်ပါးတည်းသာ သိရှိတော်မူနိုင် မည်ဖြစ်သည်။
အကယ်၍ ကျွန်ုပ်၏ညီမသည် အမေရိကန်ပြည်ထောင်စု၌ရှိသော အပျိုကြီးတွေထဲမှ တစ်ယောက်ဟု ဆိုကြပါစို့။ အကယ်၍ ယောက်ျားတိုင်းမှာ ဇနီးမယားတစ်ဦးကျစီ ရှိနေလျှင်တောင်၊ အမေရိကန်ပြည်တစ်ပြည်တည်းတွင် ယောက်ျားရစရာလမ်းမရှိမည့် မိန်းမသားဦးရေသည် သန်းသုံးဆယ်ကျော်နေပါသည်။ သူမတို့အတွက် ရွေးချယ်စရာလမ်းနှစ်သွယ်သာလျှင် ကျန်ပါတော့သည်။ မိန်းမရှိပြီး သားယောက်ျားတစ်ယောက်နှင့် လက်ထပ်လျှင် လက်ထပ်၊ ဒါမှမဟုတ်လျှင် အများပိုင် ပစ္စည်းလုပ်ချင်လုပ် စသည့် ဤလမ်းနှစ်သွယ်သာလျှင် ရှိပါတော့သည်။ တတိယ ရွေးချယ်စရာ လမ်းကြောင်းမရှိချေ။

ကျွန်ုပ်ကိုယုံပါ။ အထက်ဖော်ပြပါ ပြဿနာကို မွတ်စ်လင်မ်မဟုတ်သူ ယောက်ျားသားများကိုတင်ပြ၍  ၎င်းတို့၏ အပျိုကြီးညီမ၊ အစ်မများအတွက် ဘယ်ကဲ့သို့ ပြုလုပ်ကြမည်နည်းဟု မေးခွန်းမေးကြည့်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမျှ အများပိုင်ပစ္စည်းလုပ်ဖို့ကို လိုလားကြလိမ့်မည်မဟုတ်ချေ။ အချို့တော်သောပုဂ္ဂိုလ်များကတော့ ၎င်းတို့၏ ညီမ၊ အစ်မများကို အပျိုစင် (အပျိုကြီး)အဖြစ် နေစေမည်ဟု ဆိုကြပါသည်။ ကျွန်ုပ်ကိုယုံပါ။ ဆေးသိပ္ပံ၏တွေ့ရှိချက်အရ ယောက်ျားတစ်ယောက် (သို့) မိန်းမတစ်ယောက်သည် သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး အပျိုစင်၊ လူပျိုစင်အဖြစ် မနေနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဟော်မုန်းများသည် နေ့စဉ်နဲ့အမျှ လှုံ့ဆော်နေပါသည်။ ယင်းကဲ့သို့ လှုံ့ဆော်မှုကြောင့် တရားမ၀င်သော လိင်ဆက်ဆံမှု (သို့) လိင်ဖောက်ပြန်မှုများ ကျူးလွန်ရန်၊ လိင်နှင့် ဇိမ်ခံမှုပြုလုပ်ကောင်း ပြုလုပ်နိုင်ပါသည်။ တရားကျင့်ရန် ဟိမ၀န္တာတောအတွင်းသို့ ၀င်သွားကြသော သူတော်စင်၊ သူတော်ကောင်း အချို့ကလွဲ၍ ကျန်သောလူများသည် မည်သည့်အရာများကို ပြုကျင့် ကြပါသနည်း။ သင်သည် ဖောက်ပြန်သူ များမှ  အဘယ်သို့ နေထိုင်သွားကြပါသနည်း။ မည်သည့်အရာများ ပြုလုပ်ကြပါသနည်း။  ဆိုသည့်အချက်ကို တွေ့ရှိရ ပေမည်။ အစီရင်ခံစာတစ်ခုအရ အင်္ဂလန်နိုင်ငံရှိ ခရစ်ယာန်အသင်းတော်တစ်ခု၏ လက်အောက် ၌ရှိသော  မယ်သီလရှင်များနှင့် ဘုန်းတော်ကြီးများအတွင်းမှ အများစုသည် တရားမ၀င် လိင်ဆက်ဆံခြင်းနှင့် လိင်တူဆက်ဆံခြင်းဆိုသောလုပ်ရပ်ကို ပြုလုပ်နေကြကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အပျိုကြီး၊ လူပျိုကြီးအဖြစ် နေထိုင်မည်ဆိုသည်ကား မဖြစ်နိုင်ချေ။ (မှတ်ချက်- လူမျိုးနှင့် ယဉ်ကျေးမှုအရ မိမိတို့ကိုယ်ကို အပျိုစင်၊ လူပျိုစင်များအဖြစ် ထိန်းသိမ်းနိုင်ကြသော သူများလည်း ရှိနိုင်ပါသည်။) ထို့ကြောင့် ဖြစ်နိုင်သောလမ်းကြောင်းမှာ သင်သည် ဇနီးရှိပြီးသားယောက်ျားတစ်ဦးကို လက်ထပ်ဖို့သာဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း

ဤစာတမ်းအား ဘာသာရေး စာပေကို လက်တွေ့ ယုတ္တိဗေဒသဘောဖြင့် သိလိုသူများ အနေဖြင့် ပါးစပ်ရာဇ၀င် လာ နူးဟ်ကိုယ်တော်၏သမိုင်း၊ သမ္မာကျမ်းလာ နူးဟ်ကိုယ်တော် (နောဧ)၏ သမိုင်း၊ ကျမ်းမြတ်ကုရ်အံမှ ဖေါ်ပြ သော နူးဟ်ကိုယ်တော်၏ သမိုင်းတို့အား နှိုင်းယှဉ်သိမှတ်စေရန် ရည်ရွယ်၍ သုတေသနလုပ် ပြုစု တင်ပြခြင်း သာ ဖြစ်ပေသည်။
နူးဟ် نُوح ကိုယ်တော်သည် ကျမ်းမြတ်ကုရ်အံတွင် အမည်နာမအားဖြင့် တိုက်ရိုက်ဖေါ်ပြသော ဉာဏ်စဉ်ဆောင် ကိုယ်တော်များ အနက်မှ တစ်ပါး ဖြစ်သည်။ အချို့သော ဆရာတော်ကြီးများက နူဟိုသခင် ဟု ခေါ်ဝေါ်ရေးသား ကြသည်။ သမ္မာကျမ်းစာတွင် ကိုယ်တော်၏ အမည်ကို နောဧ ဟုဖေါ်ပြထားသည်။
ပါးစပ်ရာဇ၀င်လာနူးဟ်ကိုယ်တော်
အစဉ်အလာ ကြားဘူးနားဝအရ နူးဟ်ကိုယ်တော်၏ လက်ထက်တွင် ကမ္ဘာကြီး တစ်ခုလုံးကို ရေလွှမ်းမိုးခံရ သည်။ ထိုသို့ ရေမလွှမ်းမိုးမှီ အလ္လာဟ်အရှင်က ကိုယ်တော်အား ဉာဏ်စဉ်အာရုံဖြင့် အသိပေး၍ တောင်ကုန်း တစ်ခုပေါ်တွင် သင်္ဘောတည်ဆောက်ခိုင်းသည်။ အလ္လာဟ်အရှင်၏ အသိပေးမှုဖြင့် သင်္ဘောတည်ဆောက်နေ စဉ် သူ၏မျိုးက သူ့အား ပျက်ရယ်ပြောင်လှောင်ကြသည်။ ပမာမခန့်ပြုကြသည်။ သူ့အား အရူးတစ်ယောက်ဟု သတ်မှတ်သည်။ မိရိုးဖလာကို ဆန့်ကျင်သူတစ်ယောက်ဟု သမုတ်သည်။ သူ၏ တရားစကားကို နာထောင်ချင် သူ၊ နာခံချင်သူ၊ အလေးဂရုပြုသူဟူ၍ မရှိသလောက် ရှားပါသည်။ သူ့သားအရင်းကိုယ်တိုင်က သူ့စကားကို လက်မခံခဲ့ဟု ဆိုသည်။
ကိုယ်တော်သည် သူတည်ဆောက်ထားသော သင်္ဘောပေါ်တွင် သူ့အား နားထောင်သော တပည့်များနှင့် ကမ္ဘာ ပေါ်တွင် ရှိသမျှသော တိရိစ္ဆာန်များမှ တစ်စုံစီအား သင်္ဘောပေါ်တွင် တင်ဆောင်၍ နေခဲ့သည်။ ထိုအချိန်တွင်ပင် မိုးပြင်းမုန်တိုင်းကြီးကျရောက်၍ ကမ္ဘာကြီး တစ်ခုလုံး ရေမြုပ်တော့သည်။ သူ့စကားအား နားမထောင်သော သူ များနှင့် သူ့သင်္ဘောပေါ်တွင် မတင်သော တိရိစ္ဆာန်များမှာ မကြွင်းမကျန် အကုန်သေကုန်တော့သည်။ ယခုခေတ် တွင် ရှိသမျှသော ကမ္ဘာပေါ်ရှိ လူ၊ တိရိစ္ဆာန်မှန်သမျှသည် နူးဟ်ကိုယ်တော်၏ သင်္ဘောပေါ်မှ မျိုးဆက်ပင် ဖြစ် တော့သည် ဟူ၏။
နူးဟ်ကိုယ်တော်သည် လူ့လောက၌ အသက် နှစ်ပေါင်း ၉၅၀ တိုင် နေထိုင်သွားသည်ဟု လည်း ဖြစ်၏၊
သမ္မာကျမ်းစာပါ နူးဟ်ကိုယ်တော်
သမ္မာကျမ်းစာတွင် နူးဟ်ကိုယ်တော်အား နောဧ ဟု ခေါ်တွင်၍၊ ကိုယ်တော်၏ ရာဇ၀င်ကို ကမ္ဘာဦးကျမ်း ၆း၈ မှ စ၍ ၉း၂၉ ထိတွင် စုံလင်စွာ ဖေါ်ပြထားသည်ကို တွေ့ရပေသည်။
မွေးဘွားသည့် ခုနှစ်
သမ္မာကျမ်းပါ ဖေါ်ပြချက်အရ နောဧသည် အာဒံ-အသက် ၁၃၀ တွင်မွေးသော သား ရှေသ၊ ရှေသ အသက် ၁၀၅ တွင်မွေးသော သား ဧနုတ်၊ ဧနုတ် အသက် ၉၀ တွင်မွေးသော သား ကာဣိနန်၊ ကာဣိနန် အသက် ၇၀ တွင်မွေးသော သား မဟလေလ၊ မဟာလေလ အသက် ၆၅ တွင်မွေးသော သား ယာရက်၊ ယာရက် အသက် ၁၆၂ တွင်မွေးသော သား ဧနောက်၊ ဧနောက် အသက် ၆၅ တွင်မွေးသော သား မသုရှလ၊ မသုရှလ အသက် ၁၈၇ တွင်မွေးသော သား လာမက်၊ လာမက် အသက် ၁၈၂ တွင်မွေးသော သား နောဧ ဖြစ်သည်။ (ကမ္ဘာဦး ကျမ်း ၅း၃ မှ ၃၂) ကမ္ဘာကြီး စတည်ဖြစ်ပေါ်ပြီး နှစ်ပေါင်း ၁၀၅၆ နှစ်တွင် မွေးဘွားခဲ့သူ ဖြစ်၍ အသက် ၉၀၂ နှစ် ရှည်သော အာဒံ၏ မြေး ဧနုတ်အား မှီလိုက်သူဖြစ်သည်။ နောဧ အသက် ၈၁ နှစ်အရွယ်တွင်မှ အာဒံ၏မြေး ဧနုတ်ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ (ဤခုနှစ်များမှာ သမ္မာကျမ်းစာတွင် ဖေါ်ပြခြင်းဖြစ်၍ အကျယ်ဖွင့်ဆိုချက် များကို ဓမ္မဆရာများထံ၌ မေးမြန်းသင့်သည်)။
ကမ္ဘာမြေကြီးပေါ်မှ သတ္တ၀ါများအား သုတ်သင်ရသော အကြောင်း
မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏ စိတ်နှလုံးအကြံအစည် ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက် သက် ရှိကြောင်းကို ဘုရားသခင် သိမြင်တော်မူလျှင်၊- မြေကြီးပေါ်တွင် လူကို ဖန်ဆင်းတော်မူသည်ကို နောင် တရ၍ နှလုံးတော်ပူပန်လျှက် ရှိတော်မူ၏။ ထာဝရဘုရားကလည်း ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍သားများ၊ တွားတတ်သည့် တိရိစ္ဆာန်များ၊ မိုဃ်းကောင်ကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်၊ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ (ကမ္ဘာဦး ၆း၅ မှ၇) သတ္တ၀ါတို့အား ဖန် ဆင်း မိလိုက်သည့်အတွက် ထာဝရဘုရားသခင်က နောင်တရသောကြောင့် သုတ်သင်ပစ်ရသည်ဟု အဓိပ္ပါယ် သက်ရောက်ပေသည်။ သို့သော် ကျမ်းစာတစ်ခု၏ ကောက်ယူမှုအား ထိုကျမ်းစာ၌ ကျွမ်းကျင်သူများသာ ပိုမို စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်သည်။
ကမ္ဘာမြေကြီးအား ရေလွှမ်းမိုးခြင်း
မြေကြီးအား ရေမလွှမ်းမိုးမှီ နောဧအား ဂေါဖရ သစ်သားဖြင့် သင်္ဘောတည်ဆောက်ခိုင်းသည်၊ (ကမ္ဘာဦး ၆း၁၄)။ နောဧ၏ သား၊ မယား၊ ချွေးမနှင့် တကွ မြေပေါ်တွင်ရှိသော- အိမ်မွေးတိရိစ္ဆာန်၊ တောရိုင်းတိရိစ္ဆာန်၊ တွားသွား သတ္တ၀ါ၊ ကျေးငှက် အားလုံးမှ တစ်စုံစီကို သင်္ဘောပေါ်သို့ တင်ဆောင်ခိုင်းသည်၊ (ကမ္ဘာဦး ၆း၁၈-၁၉။ ၇း၁-၃) ထိုအချိန်တွင် နောဧ၏ အသက် နှစ် ၆၀၀ ပြည့်ပြီ ဖြစ်သည်၊ (ကမ္ဘာဦး ၇း၆)။ ရေကြီးမှုမှာ မိုးကောင်းကင် အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။- မြေပေါ်တွင် အသက်ရှုသော သတ္တ၀ါအားလုံး သေကြေကုန်လေသည်။ (ကမ္ဘာဦး ၇း၁၉-၂၄)။
ထိုနောဧ၏ သားတို့မှ လူမျိုးဆက်များ၊ သင်္ဘောပေါ်တွင် တင်ခဲ့သော တိရိစ္ဆာန်မျိုးဆက်များမှ ယနေ့ လက်ရှိ လူသားမျိုးနွယ်များ တိရိစ္ဆာန်မျိုးနွယ်များ ပြန်လည် ဖြစ်ထွန်းဆင်းသက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အထူး သဖြင့် နောဧ၏ သားသုံးယောက်ဖြစ်သော ရှေမ၊ဟာမ၊ယာဖက် တို့မှ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏ (လူသား များ ပြန်လည် ပြန့်ပွားလာခြင်း ဖြစ်သည်) ဟု ဆိုပေသည်။ (ကမ္ဘာဦး ၉း၁၉)
ကုရ်အံကျမ်းတွင် ဖေါ်ပြသော နူးဟ်ကိုယ်တော်
ကုရ်အံကျမ်းတော်တွင် နူးဟ် ကိုယ်တော်၏ အကြောင်းကို အမည်နာမအားဖြင့် ၄၃ ကြိမ် ဖေါ်ပြ၍၊ ထိုအမည် နာမနှင့် သက်ဆိုင်သော အကြောင်းအရာများတွင် သူ၊ သူ့ကို၊ သူ၏ ဆိုသော နာမ်စားများဖြင့် ဆက်လက်ဖေါ် ပြထားသည်များ ရှိပေသည်။ (အောက်တွင် မရမ်းရောင်ဖြင့် ဖေါ်ပြထားသည့် သုတ်နံပါတ်များသည် နူးဟ်သည် نُوح ၊ နူးဟ်၏ نُوح ဟု ဖေါ်ပြသော ကတ္တားပြ အမည်နှင့် ပိုင်ဆိုင်မှုပြ အမည် ဖေါ်ပြသော သုတ်တော်များ ဖြစ်၍၊ အနီရောင် ဖြင့် ဖေါ်ပြသော ကျမ်းချက်များမှာ နူးဟ်ကို نُوحًا ဟူသည့် ကံပုဒ်ဖြင့် ဖေါ်ပြသော သုတ်တော် များ ဖြစ်သည်။
၎း၁၆၃။ ၇း၆၉။ ၉း၇၀။ ၁၀း၇၁။ ၁၁း၃၂။ ၁၁း၃၆။ ၁၁း၄၂။ ၁၁း၄၅။ ၁၁း၄၆။ ၁၁း၄၈။ ၁၁း၈၉။ ၁၄း၉။ ၁၇း၃။ ၁၇း၁၇။ ၁၉း၅၈။ ၂၂း၄၂။ ၂၅း၃၇။ ၂၆း၁၀၅။ ၂၆း၁၀၆။ ၂၆း၁၁၆။ ၃၃း၇။ ၃၇း၇၅။ ၃၇း၇၉။ ၃၈း၁၂။ ၄၀း၅။ ၄၀း၃၁။ ၅၀း၁၂။ ၅၁း၄၆။ ၅၃း၅၂။ ၅၄း၉။ ၆၆း၁၀။၇၁း၂၁။ ၇၁း၂၆။
၃း၃၃။၆း၈၄။ ၇း၅၉။၁၁း၂၅။ ၂၁း၇၆။ ၂၃း၂၃။၂၉း၁၄။၄၂း၁၃။၅၇း၂၆။ ၇၁း၁
မွေးဘွားသည့် ခုနှစ်
ကုရ်အံကျမ်းတော်တွင် ကမ္ဘာမြေကြီးအား ဖြစ်တည်စေပြီး ရက်ပိုင်းအတွင်း အာဒံအား ဖြစ်တည်လာခဲ့စေသည် ဟု လည်းကောင်း၊ အာဒံသည် ကမ္ဘာ့ ပထမဦးဆုံး လူသားဟုလည်းကောင်း ဖေါ်ပြမထား သကဲ့သို့ နူးဟ်ကိုယ် တော်သည် ကမ္ဘာကြီး ဖြစ်တည်ပြီး နှစ်ပေါင်း မည်မျှအကြာတွင် မွေးဘွားခဲ့သည်ဟု ဖေါ်ပြထားခြင်း မရှိပေ။ သို့သော် ကျမ်းတော်တွင် လူသားတို့၏ သမိုင်းကို ခေတ်အားဖြင့် ပိုင်းခြားပြောဆိုပေသည်။ ဥပမာအားဖြင့် သိပ္ပံ ပညာတွင် နယူတန်၏ ခေတ်၊ အိုင်စတိုင်း၏ခေတ်ဟု သီအိုရီတည်မြဲမှု၊ လက်တွေ့နယ်၌ အသုံးပြုနိုင်မှုပေါ် မူ တည်၍ သတ်မှတ်ပြောဆို သကဲ့သို့- လူသားတို့အား ဉာဏ်စဉ်ဆောင်တို့ ဦးဆောင်သောခေတ်များကို အာဒံ၏ ခေတ်၊ နူးဟ်၏ခေတ်၊ အီဗရာဟီးမ်၏ ခေတ်၊ မောရှေ၏ ခေတ်၊ မုဟမ္မဒ်၏ ခေတ်ဟူ၍ သတ်မှတ်ပိုင်းခြားသည် သာ ဖြစ်သည်။
ထိုခေတ်စနစ်များအရ ကြည့်လျှင် နူးဟ်ကိုယ်တော်သည် အာဒံ၏ ခေတ်နှင့် အီဗရာဟီမ်း၏ ခေတ် နှစ်ခုကြား တွင် ပွင့်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ဖေါ်ပြမှု ဇယားကို ၃း၃၃ တွင် အာဒံ၊ နူးဟ်၊ အီဗရာဟီမ်း ဟူ၍ အစဉ် လိုက် ဖေါ်ပြထားသည်ကို တွေ့နိုင်ပြီး၊ နူးဟ်၏ ခေတ်နောက်ပိုင်း အီဗရာဟီးမ်၏ ခေတ်ဖြစ်ကြောင်းကို မကြာ ခဏ ဖေါ်ပြထားပေသည်။ (အထက်တွင် ဖေါ်ပြထားသော သုတ်နံပါတ်တော်များတွင် ကြည့်ပါ)
မြေကြီးပေါ်မှ သတ္တ၀ါများအား သုတ်သင်သော အကြောင်း
ကုရ်အံကျမ်းတော်တွင် မြေကြီးပေါ်မှ သတ္တ၀ါများကို သုတ်သင်ရှင်းလင်းပစ်သည်ဟု ဖေါ်ပြထားခြင်း မရှိပေ။ သတ္တ၀ါအပေါင်းအား ဖြစ်တည်စေခြင်းကြောင့် အလ္လာဟ်အရှင်က နောင်တရသည်၊ စိတ်နှလုံး မချမ်းမြေ့ဖြစ်ရ သည်။ မောပန်းရသည်- စသည်ဖြင့် လူသားတစ်ဦး၏ ပုံစံ ခံစားမှုများလည်း မရှိချေ။ ကုရ်အံကျမ်းတော်တွင် လူသားတစ်ဦး လူမျိုးတစ်မျိုး ကောင်းကျိုးခံစားရခြင်း၊ ဆိုကျိုးခံစားရခြင်းသည် ထိုလူမျိုး၏ ကျင့်ဆောင်အား ထုတ်မှုပေါ်၌သာ တည်သည်ဟု ဆိုသည်။
နူးဟ်ကိုယ်တော်သည် ဉာဏ်စဉ်ဆောင် ဖြစ်၍၊ သူသိသော သစ္စာဓမ္မအား သူ့လူမျိုးအား ဟောကြားသည်။ သူ့ လူမျိုးမှ အများစုကြီးသည် သစ္စာဓမ္မအား လက်မခံဘဲ မိရိုးဖလာ၌ ပျော်ပါးနေသည်။ တွယ်ကပ်နေသည်။ နူးဟ် ကိုယ်တော်အား အရူးအနှမ်းတစ်ဦးပမာ သဘောထားသည်။ နူးဟ်ကိုယ်တော်သည် သူရရှိသော အာရုံဉာဏ်စဉ် ဖြင့် ထိုဒေသတွင် မိုးပြင်းမုန်တိုင်းတိုက် ရေကြီးမည်ကို ကြိုသိခဲ့သည်။ (ယခုခေတ်အခါများတွင်လည်း မုန်တိုင်း တိုက်မည်၊ ငလျှင်လှုပ်မည် ဆိုသည်များကို ကြိုသိနိုင်ပေသည်။) သိသူတစ်ဦး၏ စကားကို နားမထောင်ဘဲ ခေါင်းမာနေသူများနှင့် ထိုသိသူ၏ စကားကို အသိအမှတ်ပြု လက်ခံစဉ်းစားသူများ ရင်ဆိုင်ရမည့် ဘေးဒုက္ခမှာ တူညီမည် မဟုတ်ပေ။
ရေလွှမ်းမိုးသော ကမ္ဘာ
ကျမ်းမြတ်ကုရ်အံတွင် ကမ္ဘာဆိုသော အသုံးကို အာရ်ဗီ ဘာသာဖြင့် أَرْض အောက်သ် ဟု ခေါ်၍ ထိုဝေါဟာရ အား အခြေအနေပေါ်မူတည်၍။ —လောက၊ ကမ္ဘာ၊ ကမ္ဘာမြေ၊ ကမ္ဘာဂြိုလ် ဟူ၍ သုံးပေသည်။ ယခုခေတ်တွင် အာရဗ်ကမ္ဘာ၊ အနောက်ကမ္ဘာ စသည်ဖြင့် သုံးခြင်းသည် ကမ္ဘာဂြိုလ် တစ်ခုလုံးအား ကိုယ်စားပြုသော ကမ္ဘာဟူ သည့် ဝေါဟာရမ မဟုတ်ချေ။ ကျမ်းမြတ်ကုရ်အံသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်ကပင် ထိုကဲ့သို့ အီဒီယံ ဝေါဟာရများကို သုံးစွဲပေသည်။
နူးဟ်နှင့် ပတ်သက်၍ သုံးသော ကမ္ဘာဟူသည် ကမ္ဘာဂြိုလ်တစ်ခုလုံးအား ပြောဆိုခြင်း မဟုတ်ပေ။ ထိုအ ကြောင်းကို နူးဟ်ကိုယ်တော်အား ဖေါ်ပြသမျှသော အကြောင်းအရာတိုင်းတွင် لَقَدْ أَرْسَلْنَا نُوحًا إِلَى قَوْمِهِ မုချ ပင် ငါသည် နူးဟ်ကို သူ၏ လူမျိုးအတွက် စေစားတော်မူ၏။ (၇း၅၉။ ၁၁း၂၅) သည်ဟူ၍ ထည့်ပြောထား သည်ကို ထင်ရှားစွာ တွေ့ရပေသည်။ တနည်းအားဖြင့် နူးဟ်ကိုယ်တော်သည် သူ၏ လူမျိုးအတွက်သာ ကိုယ် စားလှယ် ဖြစ်၍ ကမ္ဘာဂြိုလ်တစ်ခုလုံးတွင် ရှိသော လူမျိုးအားလုံးအတွက် ကိုယ်စားလှယ် မဟုတ်ချေ။ ထို့ ကြောင့် ကိုယ်တော်နူးဟ်၏ တရားဒေသနာစကား၊ သတိပေးစကားများကို နားမထောင် အာခံသူများမှာလည်း ကမ္ဘာဂြိုလ်တစ်ခုလုံးတွင် ရှိသော လူမျိုးအားလုံး မဟုတ်ချေ။ ထို့ကြောင့် မိုးသက်မုန်တိုင်းကြီးဖြင့် ရေကြီးမည်ဟု သတိပေးခံရသူများမှာ နူးဟ်ကိုယ်တော်နှင့် ပတ်သက်သော လူမျိုးများသာ ဖြစ်၍၊ ထိုသတိပေးခြင်းကို နားမ ထောင်၍ ရေနစ်သေဆုံးရသူများမှာလည်း ထိုလူမျိုးသာ ဖြစ်ပေသည်။ ထိုလူမျိုး ထိုအသိုင်းအ၀ိုင်းကို နူးဟ်၏ ကမ္ဘာဟု ခေါ်ပေသည်။ ကျမ်းမြတ်ကုရ်အံတွင် ကိုယ်တော်မုဟမ္မဒ်မှ အပ အခြားသော မည်သည့် ဉာဏ်စဉ် ဆောင်ကိုမှ အာလမီးန် ဟုခေါ်သော လူမျိုးအားလုံးအတွက် စေစားသည်ဟု ပြောဆိုထားခြင်း မရှိချေ။
أَرْض အောက်သ် ကို အခြားအဓိပ္ပါယ်ဖြင့် ကမ္ဘာဂြိုလ်ဟု သုံးခြင်းများကို ကျမ်းတော်၏ မြောက်များစွာသော နေရာများတွင် တွေ့ရသည်။ ထိုသုတ်တော်များအနက် တစ်ခုမှာ وَالْأَرْضَ بَعْدَ ذَلِكَ دَحَاهَا۞ ကမ္ဘဂြိုလ် ဤ နောက် ၎င်းကို ကြက်ဥပုံ ဖြစ်စေ၏။ ၇၉း၃၀ ဟူသော သုတ်တော်ပင် ဖြစ်သည်။
ထို့ကြောင့် နူးဟ်ကိုယ်တော်လက်ထက် ရေယဉ်ပေါ်သို့ တင်ဆောင်သော သတ္တ၀ါများမှာ ကမ္ဘာဂြိုလ် တစ်ခုလုံး တွင် ရှိသော တိရိစ္ဆာန်မျိုးနွယ် အားလုံးမှ တစ်စုံစီ တင်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ၊ နူးဟ်ကိုယ်တော်၏ လူမျိုးများ မွေးမြူထားသည် အိမ်မွေးတိရိစ္ဆာန်များမှ တစ်စုံစီသာ ဖြစ်ပေသည်။ နူးဟ်ကိုယ်တော်၏ ရေယဉ်မှာ သစ်သား၊ သပ်စို့များဖြင့် ပြုလုပ်ထားသော အရာဟု ဆိုထားသည်၊ ၅၄း၁၂-၁၃။ ထိုကဲ့သို့ သစ်သား သစ်စို့များဖြင့် ပြုလုပ် ထားသော ရေယဉ် တစ်စီးပေါ်တွင် နူးဟ်ကိုယ်တော်၏ စကားအား နားထောင်သော နောက်လိုက်များ၊ သူတို့ အတွက် ရိက္ခာများ၊ ထို့အပြင် ဆင်တစ်စုံ၊ ကြံ့တစ်စုံ၊ ကုလားအုပ်တစ်စုံ၊ သစ်ကုလားအုပ်တစ်စုံ၊ ကျွဲတစ်စုံ၊ နွား တစ်စုံ၊ မြင်းတစ်စုံ၊ ကျားတစ်စုံ၊ ခြင်္သေ့တစ်စုံ၊  — စသည်ဖြင့် ရှိသမျှသော သတ္တ၀ါများနှင့် ထိုသတ္တ၀ါများ အတွက် ရိက္ခာများအား တင်ဆောင်ရန် မည်သို့မျှ ဖြစ်နိုင်ခြင်း မရှိသကဲ့သို့- ကမ္ဘာ့တိရိစ္ဆာန်မျိုး ဆက်များမှာ ယခု ခေတ်အထိ အသစ်အသစ်ထပ်မံတွေ့ရှိနေသော မျိုးစိတ်၊ မျိုးခွဲပေါင်းများစွာ ရှိနေလေသည်။ ထိုသို့ မဖြစ်နိုင် သော ဇတ်လမ်းမျိုးအား ကျမ်းမြတ်ကုရ်အံတွင် ထည့်သွင်းဖေါ်ပြထားခြင်း လုံးဝ မရှိချေ။
နူးဟ်ကိုယ်တော်၏ သက်တမ်း
ခရစ်ယာန် သမ္မာကျမ်းစာ၏ ဖွင့်ဆိုမှုနောက်သို့ လိုက်နေသော သမ္မာကျမ်းစာမှိုင်းမိ ဆရာများက နူးဟ်ကိုယ် တော် သက်တမ်းမှာ နှစ်ပေါင်း ၉၅၀ ရှိသည်ဟု ဒဏ္ဍာရီမင်းသား ဖြစ်ရန် ပြောဆိုကြပေသည်။ ထိုဆရာတော်များ ၏ ကိုးကားသော သုတ်တော်မှာ-
وَلَقَدْ أَرْسَلْنَا نُوحًا إِلَى قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ۞
ငါသည်- နူးဟ်ကို သူ့လူမျိုးများထံသို့ မုချစေစား၍၊ သူတို့ထဲ၌ နှစ်တစ်ထောင်တွင် နှစ်ငါးဆယ်လျှော့ နေစေခဲ့ ၏။ ထို့နောက် သူတို့အား မုန်တိုင်းသင့်စေခဲ့၏။ သူတို့သည် အမိုက်ကောင်များပင် ဖြစ်ကြ၏။ (၂၉း၁၄) ဟူသည့် သုတ်ဒေသနာပင် ဖြစ်သည်။
ဤသုတ်တော်တွင် ဖေါ်ပြသော لَبِثَ လဘိဆ နေစေခဲ့သည် ဆိုသည့် ဝေါဟာရသည် ထိုအမည်နာမ အသုံးခံရ သူ၏ လူ့သက်တမ်းကို ဆိုလိုခြင်း မဟုတ်ဘဲ၊ ထိုအမည်နာမအား သုံးစွဲသူ၏ မျိုးရိုးသက်တမ်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ထိုအထောက်အထားအား ကျမ်းတော်၌-
وَلَقَدْ أَهْلَكْنَا الْقُرُونَ مِن قَبْلِكُمْ لَمَّا ظَلَمُواْ وَجَاءتْهُمْ رُسُلُهُم بِالْبَيِّنَاتِ وَمَا كَانُواْ لِيُؤْمِنُواْ كَذَلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ۞
ငါသည် သင်တို့ မတိုင်မှီ မျိုးဆက်များကို သူတို့ အမိုက်သင့်နေစဉ်တွင် တိမ်ကောစေခဲ့ပြီ၊ သူတို့ထံသို့ ဉာဏ်စဉ် တော်ဆောင်များသည် သက်သေလက္ခဏာများဖြင့် ရောက်လာသောအခါ၊ သူတို့သည် မယုံကြည်ကြ။ ငါသည် ရာဇ၀တ်သင့်သော လူမျိုးတို့အား ညီမျှသော အကျိုးကို သင့်စေပြီ။ (၁၀း၁၃)
ثُمَّ جَعَلْنَاكُمْ خَلاَئِفَ فِي الأَرْضِ مِن بَعْدِهِم لِنَنظُرَ كَيْفَ تَعْمَلُونَ۞
တဖန် ငါသည် သင်တို့ကို၊ သင်တို့ မည်သို့ပြုကျင့်ကြမည်ကို စီစစ်ရန် သူတို့နောက် မြေကမ္ဘာ၌ အမွေခံမျိုးဆက် အဖြစ် ပြုလုပ်တော်မူခဲ့ပြီ။(၁၀း၁၄)
وَإِذَا تُتْلَى عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ لاَ يَرْجُونَ لِقَاءنَا ائْتِ بِقُرْآنٍ غَيْرِ هَـذَا أَوْ بَدِّلْهُ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِن تِلْقَاء نَفْسِي إِنْ أَتَّبِعُ إِلاَّ مَا يُوحَى إِلَيَّ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ۞
ငါ၏ ရှင်းလင်းထင်ရှားသော သုတ္တန်များအား ရွတ်ဖတ်ပြသောအခါ၊ ငါ့အား ဖူးတွေ့ရမည်ကို မမျှော်ကိုးသူများက ဒီအပြင် အခြားသော ကုရ်အံကျမ်းတော်ကို ယူဆောင်ခဲ့လော့။ သို့မဟုတ် ၎င်းအား ပြောင်းလဲပစ်လော့၊ ဟု ဆိုကြ၏။ ကျွန်ုပ်သည် ၎င်းကို ကိုယ်ပိုင်သဘောဖြင့် ပြောင်းလဲခွင့်မရှိချေ။ ကျွန်ုပ်ထံသို့ အာရုံဈာန်ဖြစ်စေသည် ကိုသာ ကျွန်ုပ်သည် လိုက်နာရ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်အား ဖီဆန်လျှင် ၀ဋ်ကြွေးဒဏ်သင့်စေမည့် နေ့ကာလ အား ကျွန်ုပ်ကြောက်ရွံ့ပါ၏-ဟု ဟောပြောလော့။ (၁၀း၁၅)
قُل لَّوْ شَاء اللّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلاَ أَدْرَاكُم بِهِ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِّن قَبْلِهِ أَفَلاَ تَعْقِلُون۞
ဟောလော့၊ အလ္လာဟ်အရှင်၏ စံချိန်မပြည့်ခဲ့သော်၊ ၎င်းကို သင်တို့ထံ၌ ကျွန်ုပ် ရွတ်ပြမည်မဟုတ်၊ သို့မဟုတ် ၎င်းမှ တစ်စုံတစ်ရာကိုသော်မျှ သင်တို့အား သွန်သင်မည် မဟုတ်ချေ။ ဤမတိုင်မှီက ကျွန်ုပ်သည် သင်တို့အထဲ ၌ တစ်သက်လုံး နေခဲ့ပြီးပြီ၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော။ (၁၀း၁၆) ဟု ဖေါ်ပြထားသော ကိုယ် တော်မုဟမ္မဒ်နှင့် ကိုယ်တော်၏ နောက်လိုက်များဟု ခံယူထားသော ကျွန်ုပ်တို့အားဖြင့် တွေ့နိုင်ပေသည်။
ဤအကြောင်းအရာ ၁၀း၁၃ မှ ၁၆ ထိတွင် ရှေးဉာဏ်စဉ်ဆောင်တို့၏ မျိုးဆက်များကို ဖေါ်ပြလျှက် ထိုမျိုး ဆက်များမှာ တရားတော်အား မနာခံ ဖေါက်ပြန်သောကြောင့် တိမ်ကောသွားရပုံ (၁၃)၊ ထို့နောက် ကျွန်ုပ်တို့၏ အစ္စလာမ်မျိုးဆက်အား ဖြစ်တည်စေပုံ (၁၄)၊ ကျွန်ုပ်တို့၏ မျိုးဆက်အား ကိုယ်တော်မုဟမ္မဒ်က တရားတော် ဖြစ် သည့် ကျမ်းမြတ်ကုရ်အံအား ရွတ်ဖတ်ပြသောအခါ- မိရိုးဖလာနှင့် မတူညီသော အဆုံးအမများကြောင့် ကျွန်ုပ် တို့၏ မျိုးဆက်က မနာခံပုံ (၁၅)၊ ထိုအခါ ကိုယ်တော်က ကျွန်ုပ်သည် သင်တို့အထဲ၌ တစ်သက်လုံး နေခဲ့ပြီးပြီ သင်တို့၌ အတွေးအခေါ် မရှိကြသလော-ဟု ဆိုပုံ (၁၆) တို့ကို ဖေါ်ပြထားသည်။ ဤသုတ်တော်များတွင် ပြော فِيكُمْ သင်တို့အထဲ၌ ဆိုသည့် စကားလုံးသည် ကိုယ်တော် အသက်ထင်ရှားရှိစဉ် သူ့ပတ်ဝန်းကျင်မှ အာရဗ်များ ကိုသာ ရည်ညွှန်းခြင်းမဟုတ်၊ အစ္စလာမ်မျိုးဆက်အားလုံးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း တဖန် ငါသည် သင်တို့ ကို၊ သင်တို့ မည်သို့ ပြုကျင့်ကြမည်ကို စီစစ်ရန် သူတို့နောက် မြေကမ္ဘာ၌ အမွေခံမျိုးဆက် အဖြစ် ပြုလုပ်တော်မူ ခဲ့ပြီ။ (၁၀း၁၄) ဟူသည့် ၀ါကျက ထောက်ပြထားပေသည်။ ထို့ကြောင့် မျိုးဆက်ကြားထဲတွင် အဆို အဆုံးအမ ကို ဦးဆောင်သည့် ခေါင်းဆောင်တစ်ဦးအနေဖြင့် ထိုမျိုးဆက်၏ ကြားထဲတွင် အမည်နာမအားဖြင့် ရှင်သန်နေ ခြင်းကိုသာ ဆိုလိုခြင်း ဖြစ်၍ ထိုသို့ နေထိုင်ခြဲု့ခင်းကို لَبِثَ လဘိဆ ဟု သုံးပေသည်။
သူတို့ အထဲတွင် အသက်နှင့် အတူနေထိုင်ခဲ့သည်ဟူသော အသုံးကို ကျမ်းတော်၌  مَّا دُمْتُ فِيهِمْ မာဒွန်းတု ဖီးဟင်မ် ဟူ၍ သုံးပေသည်၊ (၅း၁၁၇)။
ထို့ကြောင့် နူးဟ်ကိုယ်တော်သည် فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا သူတို့ထဲ၌ နှစ်တစ်ထောင်တွင် နှစ်ငါး ဆယ်လျှော့ နေစေခဲ့၏။ ဆိုသည်မှာ နူးဟ်ကိုယ်တော်၏ သက်တမ်းကို ဆိုလိုခြင်း မဟုတ်ပေ။ နူးဟ်ကိုယ်တော် ၏ အမည်နာမသက်တမ်း၊ အယူဝါဒသက်တမ်းကိုသာ ဆိုလိုခြင်း ဖြစ်ပေသည်။
အချုပ်အားဖြင့် ဆိုရသော် ကျမ်းမြတ်ကုရ်အံပါ နူးဟ်ကိုယ်တော်၏ သမိုင်းက သက်ဆိုင်ရာ လူထုတစ်ရပ် အတွက် ပေါ်ပေါက်လာသော ခေါင်းဆောင်ကောင်း တစ်ဦး၏ အတွေးအခေါ်၊ အသိဉာဏ်၊ ဟောပြောသွန်သင် မှုတို့အား အသိအမှတ်မပြုသော၊ မပြုတတ်သော လူမျိုးများမှာ နစ်နာဆုံးရှုံးရကြောင်း၊ ထိုခေါင်းဆောင်ကိုယ်စား ပြုသော လောကသည် ထိုခေါင်းဆောင်၏ ကမ္ဘာ ဖြစ်ကြောင်း၊ ထိုခေါင်းဆောင်၏ အယူအဆ၊ သီအိုရီသည် လက်တွေ့နယ်၌ အသုံးဝင်နေသ၍ ထိုခေါင်းဆောင်၏ သက်တမ်းဟု ခေါ်ဆိုကြောင်းများပင် ဖြစ်သည်။
ကျမ်းမြတ်ကုရ်အံသည် မျိုးဆက်သစ်တို့အား ဒဏ္ဍာရီပုံပြင်များအား လက်ဆောင်ပေးခြင်း မရှိချေ။
ကောင်းသော စေတနာဖြင့် ဆင်ခြင်၍ အားသန်ရာကို လက်ခံနိုင်ပါသည်။

fictional_Black_Hole_Cygnus_X1_1__Cham
Astrology, Astronomy and့ Islam
မနေ့ကနိုင်ငံတကာသတင်းမှာစူပါဘလက်ဟိုးလို့ ခေါ်
တဲ့် အာကာသဟင်းလင်းပြင်ထဲ မှမဟာတွင်းနက်ကြီး များအ
ကြောင်းဖတ်လိုက်ရတယ်။
အာကာသဟင်းလင်းပြင်ထဲမှာ Black Hole လို့ခေါ်တဲ့တွင်းနက်ကြီးတွေ
ရှိကြောင်းသိတာ နှစ်အတန်ကြာခဲ့ပါပြီ။ ကြယ် များသက်တမ်းကုန်တဲ့အခါ
ဒြပ်ထု ဟာပထမပိုင်းပွလာ ပြီးနောက်တဖြည်းဖြည်း ပြန်ကျုံ့ပါတယ်။ ဒီလိုပြန်ကျုံ့
လေလေသူ့ရဲ့ ဒြပ်ဆွဲအားဟာလဲကြီးလေလေ နဲ့နောက်ဆုံး ကြယ်သေရဲ့ ဒြပ်ထုဟာ
လူသားမျက်စေ့နဲ့ မမြင်နိုင်အောင် သေးငယ်သွားတဲ့အချိန်မှာ သူ့ရဲ့ဆွဲအားဟာ
အလွန်ကြီးမားလာတဲ့အတွက်အလင်းရောင်တောင်ပြန်မထွက်လာနိုင်ပဲ စုပ်ယူဝါးမြို
ခြင်းခံရပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ဒီအလင်းရောင်မဲ့ တွင်းနက်ကြီးတွေကို အာကာသပညာရှင် တွေက X ray ရောင်ခြည်
သုံး အာကာသကြည့်တယ်လီစကုပ် မှန်ပြောင်းကြီးများနဲ့လေ့လာရာမှာ မနေ့က
မဟာတွင်းနက်ကြီးတခုကိုတွေ့ရှိတဲ့သတင်းကိုဖတ်လိုက်ရပါတယ်။
Super massive  Black Hole သို့မဟုတ် မဟာတွင်းနက်ကြီးများဟာ
ဂယ်လက်ဆီလို့ခေါ်တဲ့ ကြယ်အစု ကြီးတိုင်းရဲ့ အလယ်ခေါင်မှာနေရာယူထားတယ်
လို့ဆိုပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မဟာတွင်းနက်ကြီးတခုဟာ အချိန် တနာရီပြည့်တိုင်းကမ္ဘာဂြိုယ်အရွယ်ရှိ ဂြိုယ်နှစ်ခုကို
ဝါးမြိုတယ်လို့ဆိုပါတယ်။သူ့ရဲ့အလေးချိန်ကတော့ ကျွန်တော်တို့ရဲ့ နေမိသားစု ရဲ့ အကြီးဆုံး
ဂြိုယတခုဖြစ်တဲ့ နေ ရဲ့ဒြပ်ထုပေါင်းသန်းသုံး ထောင်မှသန်းငါးထောင် ရဲ့အလေးချိန်နဲ့ ညီပါသတဲ့။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဗေဒင်ပညာရဲ့အခြေခံဟာ ဂြိုယ်များရဲ့အနေအထားနဲ့လူသားရဲ့ မွေးရက်
နဲ့ ရှေ့ဖြစ်ကိုတွက်ချက်တယ်လို့နားလည်ပါတယ်။
ဥပမာပေးရရင်လရဲ့ဆွဲ ငင်အားကြောင့်ဒီရေအတက်အကျ ဖြစ်ရသလို
ဒီဂြိုယ်တွေရဲ့ဆွဲအားနဲ့တည်နေရာကလူတဦးရဲ့ ရှေ့ဖြစ်ရပ်ကိုစိုမိုးတယ်
ဆိုတဲ့အယူအဆပါ။
Islam ဘာသာကAstrology လို့ခေါ်တဲ့ ကြယ်နှင့်ဂြိုယ်တွေကလူတွေရဲ့ဘဝနဲ့ရှေ့ရေးကိုလွှမ်းမိုးနိုင်တယ်ဆိုတဲ့
ပညာကိုလက်မခံပါ။
အကယ်၍ Allah မှတပါးအခြားတစုံတခုက(ကြယ်၊ဂြိုယ်) သင့်ရဲ့ဘဝရှေ့ရေးကိုအဆုံး
အဖြတ်ပြုနိုင်တယ်လို့ယုံကြည်မိ တာနဲ့(Shirk Akbar)လို့ခေါ်တဲ့ဖန်ဆင်းရှင်နဲ့တွဲဖက်
ကိုးကွယ်ရာ ရောက်တဲ့ အလွန်ကြီးလေးတဲ့အပြစ်ဖြစ်ပါတယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
Astrology vs Astronomy
တကယ်လို့ ကြယ်တွေ ဂြိုယ်တွေမှာလူတွေကိုလွှမ်းမိုးနိုင်တဲ့
ပါဝါတွေရှိတယ်ဆိုတဲ့ အယူဝါဒကိုလက်ခံသူတွေ ဒီလိုမမြင်နိုင်သော်လည်း
အလွန်အင်အားကြီးတဲ့ မဟာတွင်းနက်ကြီးတွေကို ကြားဖူးကြမယ်မထင်ပါ။
သူတို့ရဲ့တွက်ချက်မှူများမှာလဲဒိလိုအင်မတန်ဆွဲငင်အား
ကြီးပြီးမမြင်ရတဲ့ Black hole တွေ နဲ့အခြားမမြင်နိုင်တဲ့စွမ်းအင်တွေ
ပါနိုင်မယ်မထင်ပါ။
ဒါဆိုရင် Islam ဘာသာဝင်မဟုတ်သူတောင်မှဒီပညာကိုလက်ခံဖို့
အသေချာစဉ်းစားရင်အတော်ခက်သွားပြီဖြစ်ပါတယ်။
Islam ဘာသာက Astronomy ဆိုတဲ့ကြယ်နဲ့ဂြိုယ်တွေရဲ့ရွေ့ရှားမှူတည်နေရာကို
လေ့လာတဲ့ပညာကိုလက်ခံပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီကြယ်နဲ့ဂြိုယ်တွေဟာလူသားတွေအတွက်အချိန်ကို
တွက်ချက်ရန်မှအစ ခရီးလမ်းညွန်မှူပေးရန် အသုံးချခံဖန်ဆင်းခံတွေဖြစ်ပါတယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အလွန်အင်အားကြီးတဲ့ မဟာတွင်းနက်ကြီးတွေကိုတွေ့ရှိခြင်းဟာ
Allah ရဲ့ကြီးကြယ်မြင့်မြတ်မှူကို ညွန်ပြတဲ့သက်သေ လက္ခဏာများသာ ဖြစ်တယ်။
Allah အရှင်မြတ်ရဲ့ပေးထားတဲ့စွမ်းအားနဲ့လူသားတွေ အာကာသဟင်းလင်းပြင်ကို
ခြေဆန့်ခဲ့တာ လပေါ်ကိုလူရောက်ခဲ့တာ အနှစ်လေးဆယ်ကျော်ခဲ့ပါပြီ။
နောင်အနာဂတ်မှာလူသားတွေဒီကြယ်တွေအခြားဂြိုယ်တွေကို Allah အရှင်မြတ်ခွင့်
ပြုရင်ခြေဆန့်ကြဦးမှာပါ။အဲဒီမှာတွေ့တဲ့သယံဇာတတွေကိုလဲAllah အရှင်မြတ်ခွင့်
ပြုရင်ထုတ်ယူသုံးစွဲကြဦးမှာပါ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဒီPost ကိုရေးဖြစ်တဲ့အကြောင်းကမြန်မာမွတ်စလင် ညီနောင်များထဲမှအချို့
သောသူများမသိနားမလည်မှူ ကြောင့်ဒီပညာများကိုယုံကြည်မိလျှင် အလွန်အပြစ်ကြီး
ကြောင်း အမြန်ဆုံး Allah အရှင်မြတ်ရဲ့လမ်းကိုပြန်လှည့်ရန်အသိပေးလိုခြင်းဖြစ်ပါတယ်။
ဒီအထဲမှာ ဂျာနယ်မဂ္ဂဇင်းတွေမှာပါတဲ့ Horoscope ဖတ်ကြည့်တာကအစ
လက္ခဏာ ဗေဒင်မေးခြင်းနဲ့ ဂဏန်းဗေဒင်တွက်တာတွေ အားလုံးပါပါတယ်။
တကယ်တော့လူသားကိုAllah အရှင်မြတ်ကအကောင်းဆုံးပုံ
စံနဲ့ဖန်ဆင်းထားသလိုအခြားဖန်ဆင်းခံများကိုလဲ Allah ရဲ့အမိန့်
ခံများအဖြစ်ဖန်ဆင်းထားပါတယ်။
ထူးခြားတာကလူသားကို Allah အရှင်မြတ်က စမ်းသပ်ရန်ရွေးချယ်ပိုင်ခွင့်ပေးထား
ပါတယ်။
အားလုံး မိမိရဲ့ရွေးချယ်ပိုင်ခွင့်ကို အဖိုးတန်တဲ့အချိန်အတွင်းမှာအကောင်း
ဆုံး အသုံးပြုနိုင်ကြပါစေ။

ကမ္ဘာ့ဘာသာကြီးများဆိုတဲ့ခေါင်းစဉ်နဲ့

ဂူးဂယ် မှာရှာကြည့်လိုက်တော့အတော်စိတ်ဝင်စားစရာကောင်းတဲ့
ဘာသာကြီးများစတင်ပေါ်ပေါက်လာပုံမှအစပြန့်ပွါးပုံကိုနားလည်လွယ်
အောင်ပြထားတဲ့ မြေပုံအတော်များများတွေ့ရတယ်။
ပထမဆုံးဒီလင့်မှာ Flash Player နဲ့ဘာသာတွေပေါ်ပေါက်လာပုံ သမိုင်းနဲ့
Time Line နားလည်လွယ်အောင်ပြထားတာ ကိုကြည့်စေချင်တယ်။
ခရိယန်တွေလုပ်ထားတဲ့မြေပုံ မို့ နောက်ဆုံးကမ္ဘာကြီးရဲ့နေရာအတော်များများကို
အပြာရောင်ခရိယန်ကိုးကွယ်တဲ့ဒေသလို့ပြထားတာ အတိအကျမမှန်ပါ။
တရုပ်နဲ့အနောက်နိုင်ငံအများစုဟာတကယ်တော့ ဘာသာမဲ့ အများစုဖြစ်ပါတယ်။
ဒီFlash Player နဲ့တင်ပြပုံလေးဟာအကြမ်းသဘောလောက်တော့လေ့လာရာမှာအ
ထောက်အကူဖြစ်ပါတယ်။
အောက်ကပုံကတော့ Wikepedia ကယူတာပါ။ဒီပုံကအမှန်နဲ့နီးနည်းပိုနီးစပ်ပါတယ်။
ဒါပေမဲ့ခရိယန် နဲ့ဘာသာမဲ့တွေကို ရောပြီး ခရိယန် နယ်မြေလို့ပြထားပါတယ်။
Map1800px-Major_religions_distribution1
နောက်တပုံက ခရိယန် ကို အုပ်စုမတူတဲ့ Roman Catholic,Orthodox စသည်ဖြင့်ခွဲပြထား ပြီး Islam ကို လဲ ဆွန်နီနဲ့ရှီအာဆိုပြီး ခွဲပြထားပါတယ်။
Worldreligion2
ဒီအောက်ကမြေပုံကိုတော့ကျွန်တော်အတော်လေးစိတ်ဝင်စားပါတယ်။
မိမိကိုကွယ်ယုံကြည်တဲ့ဘာသာအပေါ်မှာ ဘယ်လောက်လေးစားသမှူပြုကြ
တယ်ဆိုတာပြထားတာပါ။မြန်မာပြည်လဲဘာသာရေးလေးစားတဲ့နိုင်ငံအဖြစ်ပြထားတာ
တွေ့ရပါတယ်။
Religion_in_the_world3
ဒီအောက်ကမြေပုံက တမန်တော်အီဘရာဟင် (PBUH)ရဲ့နောက်လိုက်တွေလို့
လက်ခံယုံကြည်သူ သို့မဟုတ်လူသားများသည်ဖန်ဆင်းခံဖြစ်တယ်လို့ယုံကြည်
သူတွေနတိုင်ရာ အရပ်ကိုကိုခရမ်းရောင်နဲ့ပြထားပြီး မယုံကြည်သူများအများစုနေတိုင်ရာ အရပ်ကိုအဝါရောင်နဲ့ပြထားပါတယ်။
Abraham_Dharma
နောက်ဆုံးအောက်ကပုံကတော့ခရိယန်နဲ့ Islam ဘာသာဝင်တို့
ရောနှောနေမှူကိုပြထားပါတယ်။အစိမ်းရောင်တောက်လေလေ Islamဘာသာဝင်
များလေဖြစ်ပြီး အနီရောင်ကခရိယန်ကိုကိုစားပြုပါတယ်။အစိမ်းရောင်အစက်အပြောက်ကလေးများသည် Islam ဘာသာကိုကိုးကွယ်သောကျွန်းနိုင်ငံလေးများအဖြစ် သတိထားကြည့်ရင်မြင်နိုင်
ပါတယ်။
ဒီ post မှာပါတဲ့မြေပုံတွေကို Wikepedia ကယူပါတယ်။
Christ_Islam
ရည်ရွယ်ချက်က ကမ္ဘာ မှာ ရှိနေတဲ့ဘာသာကြီးတွေရဲ့
လက်ရှိအနေအထားကို မိတ်ဆွေတို့သိစေချင်လို့ပါ။
နောက်ဆုံးပုံက မြေပုံမဟုတ်ပါ။ လပေါ်ကနေကျွန်တော်
တို့ကမ္ဘာကြီးကိုမြင်ရတဲ့ပုံပါ။
Earth Rising လို့အမည်ပေးထားပါတယ်။
ကျွန်တော်ရဲ့အကြိုက်ဆုံးပုံဖြစ်ပါတယ်။
EarthRising

သေပြီးသည့်နောက်ဘဝတမလွန်
အမေး................
သေပြီးသည့် နောက်ဘဝ (တမလွန်) ရှိတာကို လူကြီးမင်း ဘယ်လို သက်သေထူပြနိုင်ပါသလဲ။
အဖြေ
၁။ တမလွန်အပေါ် ယုံကြည်ချက်က မျက်ကန်း ယုံကြည်မှုအပေါ် အခြေခံ မထားပါဘူး။

                လူတော်တော်များများကပဲ သိပ္ပံစိတ်ဓါတ် ယုတ္တိဗေဒ စိတ်ဓါတ် ရှိနေတဲ့လူတစ်ဦးကို တမလွန်အပေါ် ယုံကြည်မှုက မှန်တယ် မမှန်ဘူး ဆိုတာကို ဘယ်လိုလုပ်ပြီး ယုံကြည်လက်ခံ သွားနိုင်စေမှာတုံးလို့ တအံ့ တဩနဲ့ ဆိုတတ်ကြပါတယ်။ လူအတော်များများကပဲ တမလွန်ကိုယုံကြည်သူ ဘယ်သူမဆိုဟာဖြင့် မျက်ကန်း ယုံကြည်ချက်ကို အခြေခံပြီး ယုံနေကြတယ်ရယ်လို့ အတတ် ဆိုနေကြပါတယ်။
                တမလွန်အပေါ် ကျွန်တော်ရဲ့ ယုံကြည်ချက်ကတော့ ယုတ္တိဗေဒ နည်းကျတဲ့ အဖြေအပေါ်မှာ အခြေခံထားတာပါ။
၂။ တမလွန်သည် ယုတ္တိဗေဒနည်းကျတဲ့ ယုံကြည်ချက် တစ်ခုပင်။
                ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ သိပ္ပံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက ပါဒပေါင်း တစ်ထောင်မက ရှိနေပါတယ်။ ကျွန်ုပ်ရဲ့ ‘Quran’ and Modern Science - Compatible or Imcompatible?၊  ကုရ်အာန်နှင့် ခေတ်သစ်သိပ္ပံ ကိုက်ညီလား၊ မကိုက်ညီဘူးလား၊ ကို ညွှန်းချင်ပါတယ်။ ကုရ်အာန်ထဲမှာ ဖော်ပြထားတဲ့ အချက်အလက် အတော်များများကို ပြီးခဲ့တဲ့ ရာစုနှစ် အနည်းငယ် အတွင်းမှာပဲ တွေ့ရှိခဲ့ ကြပါတယ်။ ဒါပေမဲ့ ကုရ်အာန်ထဲမှာ ဆိုထားတဲ့ အချက်တိုင်းကိတော့ အတည်ပြုနိုင် လောက်တဲ့အဆင့် သိပ္ပံက မရောက်သေးပါဘူး။
                ကုရ်အာန်ထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ၁၀ဝ ရာနှုန်းပြည့် လုံးဝ မှန်ကန်နေတယ် ဆိုပါစို့။ ကျန် နေတဲ့ ၂၀ ရာခိုင်နှုန်း လောက်ကို သိပ္ပံက ခြေခြေမြစ်မြစ်ကျကျ မဆို နိုင်သေးဘူးပဲ ထားပါတော့။ ဒီဆိုထားချက်ကို သက်သေပြနိုင်မပြနိုင်ဖို့အတွက် အလှမ်းမှီတဲ့အဆင့်မှာ မရှိသေးတာကြောင့်ထား။ ကျွန်ုပ် တို့မှာ ရှိတဲ့ ဘောင်ကန့်သတ်ထားတဲ့ ပညာကလေးနဲ့ ဒီ ၂၀ ရာခိုင်နှုန်း အပိုင်းထဲက ကုရ်အာန်ရဲ့ ပါဒတော်တစ်ခုကိုပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း တစ်ရာခိုင်နှုန်းကိုတောင် မှားပါတယ်ရယ်လို့ ယတိပြတ် မပြောနိုင် သေးဘူး ထားပါတော့။ ဒါဆိုရင်တော့ ကုရ်အာန်ရဲ့ ၈၀ ရာခိုင်နှုန်းက ၁၀ဝ ရာခိုင်နှုန်း မှန်ကန်နေပြီဆိုရင် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုလည်း သက်သေသာဓကနဲ့ မချေဖျက်နိုင်ဘူးဆိုရင် ယုတ္တိဗေဒအရ ပြောရရင် ဒီ ၂၀ ရာခိုင်နှုန်းကလဲ အမှန်ပဲတဲ့။ ကုရ်အာန်မှာ ဖော်ပြထားတဲ့ တမလွန် ရှိကြောင်း အချက်ကလဲ ဒီဝေခွဲမရသေးတဲ့ ၂၀ ရာခိုင်နှုန်း အပိုင်းထဲမှာ ပါနေတာကိုဆိုတော့ ယုတ္တိဗေဒအရ ကျွန်ုပ်ဘက်က ပြောရရင် အမှန် ပါပဲ။
၃။ တမလွန် အယူအဆသာ မရှိခဲ့ရင် ငြိမ်းချမ်းရေးဒဿနနဲ့ လူ့တန်ဖိုး ကလဲ ဘာမှ အသုံးမကျတော့ပါဘူး။
                တိုက်ခိုက်လုယက်မှုက ကောင်းမှုလား၊ မကောင်းမှုလား၊ သမာ သမတ် ရှိသူကတော့ ဒါကို မကောင်းမှုလို့ပဲ ဆိုလိမ့်မှာပါ။ တမလွန်ကို မယုံကြည်တဲ့သူ တစ်ဦးအဖို့ ဓါးပြတိုက်လုယက်မှုက မကောင်းမှုပါဆိုတဲ့ အင်မတန် ကြီးကဲလေးလံလှတဲ့ ရာဇဝတ် ပြစ်မှုကြီးရယ်လို့ ဘယ်လို လုပ်ပြီး ရဲရဲ ယုံကြည်နိုင်မှာလဲ။
                ကျုပ်က ကမ္ဘာမှာ တကဲ့ကို ဩဇာ အကြီးဆုံး ရာဇဝတ်ကောင် ကြီးပဲ ထားပါတော့။ တစ်ချိန်တည်းမှာပဲ ကျုပ်က ဥာဏ်ကလဲ ထက်သလို ကျုပ် ယုတ္တိနဲ့ ကျုပ် ရှိနေတဲ့သူ တစ်ဦးဖြစ်နေပြီဆိုပါတော့။ ဓါးပြတိုက်တာက သိပ် ကောင်းတဲ့အလုပ်ပဲ။ ကျုပ်က ဒါနဲ့ပဲ ကျိကျိတက် ချမ်းသာပြီး ဇိမ်နဲ့ နေရတာလို့ ဆိုမယ်။ ဒါကတော့ ဓါးပြမှုက ကျုပ်အတွက် ကောင်း နေတာကိုး။
                တကယ်လို့ တစ်ဦးဦးက လာပြီး ဓါးပြတိုက်တယ်ဆိုတာ မကောင်းပါဘူးဗျာဆိုပြီး ကျုပ်ကို ကျိုးကြောင်းယုတ္တိကျကျ နားဝင်သွား စေအောင် ပြောပြလာမယ်ဆိုရင် ဒါကို ချက်ချင်း ကျုပ်ရပ်ပစ်လိုက်မှာပါ။ အစဉ်သဖြင့် လူတွေဟာ အောက်ပါအကြောင်းပြချက်တွေကို တင်ပြ တတ်ကြစမြဲပါ။
(က) ဓါးပြတိုက်ခံရသူဟာ အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ရမယ်။
                တချို့က ပြောတယ်။ ဓါးပြတိုက်ခံရသူခမျာ ဒုက္ခအခက်အခဲ တွေကို ရင်ဆိုင်ရတယ်တဲ့။ ဓါးပြတိုက်ခံရသူ အတွက်တော့ ဒါဟာ အဆိုး ဆိုတာကို ကျုပ် တကယ်ပဲ သဘောတူ လက်ခံပါတယ်။ ဒါပေမဲ့ ကျုပ် အတွက်ကျတော့ ကောင်းတယ်လေ။ ကျုပ်က ဒေါ်လာ ၁၀ဝ၀ ဓါးပြတိုက် ခဲ့တယ်ဆိုပါစို့၊ ဖိုက်စတားဟော်တယ်ပေါ် တက်ပြီး ကျုပ် ကောင်းကောင်း စားနိုင်တယ်လေ။
(ခ) တစ်ဦးဦးက ခင်ဗျားကိုလည်း ဓါးပြတိုက်လာမှာတဲ့။
                တစ်နေ့ကျရင် ကျုပ်ကိုယ်တိုင်လဲ ဓါးပြတိုက်ခံရကိန်းရှိတာပဲ လို့ တချို့က ဆိုကြပါတယ်။ ဘယ်လိုလူက လာပြီး ကျုပ်ကို ဓါးပြတိုက်နိုင် မှာလဲဗျာ။ ကျုပ်က ဩဇာကြီးလှတဲ့ ရာဇဝတ်ကောင်ကြီးပဲ။ ကျုပ်မှာ သက်တော်စောင့်တွေလဲ ရာနဲ့ချီပြီး ထားထားတာပဲ။ ကျုပ်ကသာ ဘယ်သူ့ကိုမဆို အချိန်မရွေး ထပြီး ဓါးပြတိုက်လို့ ရပေမဲ့ ကျုပ်ကိုတော့ဘယ်သူကမှ ဓါးပြတိုက်နိုင်မှာ မဟုတ်ပါဘူး။ သာမန်လူ အဖို့တော့ ဓါးပြတိုက် တယ်ဆိုတာ အတော်ကို စွန့်စားရတဲ့အလုပ်ဗျ။ ကျုပ်လို ဩဇာကြီးလှတဲ့ လူအဖို့ကတော့ အသေးအမွှားပဲလေ။
(ဂ) ငွေရပေါက်လဲ လွယ်တယ်လေ               
                ဒါဟာ အချောင် ငွေရလမ်းပဲ။ ခက်ခက်ခဲခဲ ရှာရတာမှမဟုတ်ပဲ လို့ တချို့က ဆိုကြတယ်။ အချောင် ငွေရပေါက်ဆိုတာကို ကျုပ် လုံးလုံး လျားလျား သဘောတူပါတယ်။ ကျုပ် ဓါးပြ ဖြစ်ရတာကလဲ ဒီအချက် တစ်ချက်ပါတယ်လေ။ တကယ်လို့ လူတစ်ဦးမှာ ငွေကို လွယ်လွယ် ရနိုင်တဲ့ လမ်းရော ခက်ခက်ခဲခဲနဲ့မှ ရနိုင်မဲ့လမ်းရော ရှိနေရင် ဆင်ခြင်တတ်တဲ့ သူ အဖို့ကတော့ လွယ်လွယ်ရမဲ့ လမ်းကိုပဲ ရွေးမှာပေါ့။
(င) ဒါက လူသားချင်းစာနာမှုကို ဆန့်ကျင်ရာရောက်တယ်လေ။
                တချို့က ပြောမယ်။ ဒါက လူသားချင်း စာနာမှုကို ဆန့်ကျင်ရာ ကျတာပဲလို့လေ။ ဒီ လူလူချင်းစာနာမှု(Humanity)  ဆိုတဲ့ ဥပဒေသ ကို ဘယ်သူ ရေးခဲ့တာတုံးလို့တောင် ကျုပ်က ပြန်ပြီး မေးလိုက်ပါဦးမယ်။ ဒါကို ဘာကြောင့် ကျုပ်က လိုက်နာရမှာတုံးလို့လေ။
                ဒီဥပဒေဟာ ခံစားလွယ်တဲ့ သူတွေ စိတ်နုလွယ်တဲ့လူမျိုးတွေအဖို့ ဆိုရင်တော့ ကောင်းချင်ကောင်းမှာပါ။ ဒါပေမဲ့ ကျုပ်ကတော့ ကျုပ်ယုတ္တိနဲ့ ကျုပ်လေ။ လူတစ်ဖက်သားကို သွားပြီး ထောက်ထားနေလို့ ဘာအကျိုး မှ မရှိဘူးလို့ မြင်တဲ့သူလေ။
(စ) ဒါက အတ္တဆန်တဲ့ အပြုအမူကြီးပဲ
                တချို့က ဆိုမယ်၊ လုယက်မှုက ကိုယ်ကျိုးဆန်ရာ ကျတယ်ပေါ့။ မှန်ပါတယ်။ လုယက်မှုက ကိုယ်ကျိုးရှာရာကျပါတယ်။ ဒါနဲ့ပဲ ဘာကြောင့် များ ကျုပ်က ကိုယ်ကျိုး မရှာဘဲ နေရမှာတုံးဗျာ။ ဒါက ကျုပ်ဘဝကို ကောင်းစားအောင် ဖြည့်ဆီးပေးနေတဲ့ဟာပဲ။
၁။ တိုက်ခိုက်လုယက်မှုက မကောင်းတဲ့ပြစ်မှုကြီးဆိုတာနဲ့ ပတ်သက်ပြီး ယုတ္တိဗေဒ ကျတဲ့ ဘာအကြောင်းချင်းရာမှ မရှိပါ။
                ခိုးဝှက်လုယက်မှုဟာ မကောင်းမှု ဆိုတာကို သက်သေထူပြဖို့ ကြိုးပမ်းခဲ့တဲ့ အချက်အလက်တွေဟာ အလဟဿပါပဲ။ ဒီအကြောင်းပြ ချက်တွေကို သာမန်လူမျိုးကသာ သဘာတွေ့စရာရှိပါမယ်။ ကျုပ်လို တန်ခိုးဩဇာအာဏာထက်တဲ့ ရာဇဝတ် သားကောင်အဖို့ကျတော့ အချည်းနှီးပါပဲ။ ကျုပ်လို ခေါင်းမာလှတဲ့ ရာဇဝတ်ကောင်လို မျိုးကိုတော့ ဒီဆင်ခြင် ဆင်လက်တွေက ဘာ တရားပဲပြပြ အရာမရောက်နိုင်ပါဘူး။ ဒီကမ္ဘာမှာ ဒုစရိုက်သားတွေ အများကြီးရှိနေတာ ဆန်းမှ မဆန်းပဲလေ။
                ဒီလိုပဲ မုဒိမ်းမှု၊ လိမ်လည်မှု စတာတွေဟာ ကျုပ်လိုလူမျိုးအ တွက်ကတော့ ကောင်းမှကောင်းလို့ပဲ အတည်ယူမှာဗျ။  ဒီအရာတွေဟာ ဆိုးမှဆိုးပဲလို့ ကျုပ်က ယုံကြည်သွားစေအောင် ဘယ်လိုမျိုး ကြောင်းကျိုး ကျကျ ဆင်ခြေကမှ မတတ်နိုင်ပါဘူး။
၂။ မွတ်စလင်တစ်ဦးက ဩဇာအာဏာ ထက်လှတဲ့ ရာဇဝတ်ကောင်ကို အခိုင်အမာ ယုံကြည်သွားစေနိုင်ပါတယ်။
                အခု ကျုပ်တို့ ဘက်ပြောင်းကြည့်ကြပါစို့လား။ အသင်ဟာ ဒီကမ္ဘာမှာ အင်မတန်ကို တန်ခိုးဩဇာ ထူးကဲလှတဲ့ ရာဇဝတ်ကောင်ကြီး ဆိုပါစို့။ ရဲတွေ ဝန်ကြီးတွေကလည်း ခင်ဗျားရဲ့ လက်ခုပ်ထဲကရေ ဆိုပါစို့။ စစ်တပ်ကြီးကပါ ခင်ဗျားဘက်ကပဲ ကာကွယ် ပေးမယ်ဆိုပါစို့။ ခင်ဗျားကို မုဒိမ်းမှု၊ တိုက်ခိုက်လုယက်မှု၊ လိမ်လည်မှု စတာတွေဟာ မကောင်းမှုတွေပဲလို့ အခိုင်အမာ ယုံကြည်သွားစေမဲ့ မွတ်စလင်တစ်ဦးက တော့ ကျုပ်ပါပဲ။
                တကယ်လို့ ကျုပ်ဘက်က လုယက်မှု၊ မကောင်းမှု ဖြစ်ပါတယ် ဆိုတာကို အလားတူ အကြောင်းပြချက်တွေနဲ့ သက်သေထူ ပြမယ်ဆိုရင် လဲ သူကတော့ ကနဦးက အတိုင်းပဲ သူ့ဆင်ခြေနဲ့သူ တုန့်ပြန်လာဦးမှာပါပဲ။
                ရာဇဝတ်မှုက သူ့ဆင်ခြေနဲ့သူဆိုတာကို ကျုပ်သဘောတူပါ တယ်။ သူ့ဖက်က ဆင်ခြေဆင်လက် အားလုံးကလဲ တကယ်ပဲ သူဟာ ဩဇာအာဏာ အထွားဆုံး ရာဇဝတ်ကောင်ကြီး ဖြစ်နေမှသာ မှန်မှာပါ။
၃။ လူတိုင်းပင် တရားမျှတမှုကို လိုလားကြသည်
                လူတိုင်းကိုယ်စီဟာ တရားမျှတမှုကို လိုလားကြပါတယ်။ သူ များအတွက် မလိုချင်အုံးတောင် သူ့အတွက်တော့ တရားမျှတမှုကို လို လားတာပါပဲ။ တချို့လူတွေက ဩဇာအာဏာယစ်မူးပြီး လူတစ်ဖက်သားကို  ဒုက္ခရောက်အောင် နာကျည်းအောင် ပြုတတ်ကြတယ်။ အဲဒီလူတွေပဲ သူတို့အပေါ် မတရားပြုခံလာရပြီဆိုရင်တော့ ဆတ်ဆတ်ခုန်တော့တာပါပဲ။ ဒီလိုလူမျိုးတွေဘက်က လူတစ်ဖက်သားရဲ့ ခံစားချက်ကို မစာနာတတ် တာကတော့ ဩဇာအာဏာကို သူတို့က ကိုးကွယ်နေကြလို့ပဲလေ။ သူတို့ စိတ်မှာက ဒီ ဩဇာအာဏာကြောင့် လူတစ်ဖက်သားကို  သူတို့ အန္တရာယ် ပြုနိုင်ခဲ့တာဖြစ်ပြီး တစ်ဖက်သားက သူတို့ကို ရန်မပြုဝံ့တာကလဲဒီဩဇာအာဏာ တန်ခိုးကြောင့်ရယ်လို့ ခံယူထားလို့ပါပဲ။
၎။ အလ္လာဟ်သည် စွမ်းအားအထက်ဆုံးနှင့် တရားမျှတတော်မူသော အရှင် ဖြစ်သည်။
                မွတ်စလင်တစ်ဦးအနေနဲ့ ရာဇဝတ်ကောင် တစ်ဦးဘက်က အလ္လာဟ်ရှိကြောင်းကို ယုံကြည်သွားအောင် လုပ်နိုင်ပါတယ်။ (အလ္လာဟ် ရှိကြောင်း သက်သေထူချက် အဖြေကို ညွှန်းပါရစေ) အလ္လာဟ်ရှင်ဟာ တစ်ချိန်တည်းမှာ အသင့်ထက်ပိုပြီး ဩဇာ အကြီးမားဆုံးအရှင် ဖြစ်တော် မူသလို တရားမျှတတော်မူတဲ့ အရှင်လည်းပဲ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ် အာန်မှာ အခုလို ဆိုထားပါတယ်။
"အလ္လာဟ်အရှင်သည် မတော်မတရားမှုကို မြူတစ်မှုံစာသော်မျှ မပြုပြီ။"[ အလ် ကုရ်အာန်  ၄း ၄၀ ]
၅။ အလ္လာဟ်က ဘာကြောင့် ကျုပ်ကို အပြစ်မပေးတာတုံး။
                ကုရ်အာန်ထဲက သိပ္ပံနည်းကျ အချက်အလက်များနဲ့ နားဝင် အောင် တင်ပြပေးသွားခဲ့မယ်ဆိုရင် ယုတ္တိဗေဒနဲ့ သိပ္ပံအသိရှိထားတဲ့ ရာဇဝတ်ကောင်အနေနဲ့ အလ္လာဟ်ရှိကြောင်းကို ယုံကြည်လက်ခံသွားမှာပါ။ သူ့ဖက်က ထပ်ပြီး စောဒကတက်လာဦးမှာက အလ္လာဟ်က စွမ်းအားတော် ရှင် တရားမျှတတော်မူသောအရှင်ဆိုရင် ဘာကြောင့် သူ့ကိုကျတော့ အပြစ် မပေးရသလဲလို့ပါပဲ။
၆။ မတော်မတရားပြုမူသူသည်  အပြစ်ခံရအံ့။
                ငွေရေးကြေးရေးနဲ့ လူမှုရေးအဆင့်အတန်းကို အပထား လူတိုင်း လူတိုင်းဟာ ကိုယ့်အပေါ် မတော်မတရားပြုလာသူအပေါ် တကယ်ကို အပြစ်ဒဏ် ခတ်ခံရတာကို လိုလားခဲ့ကြတယ်။ ပုံမှန်ဆိုရင် လူတစ်ဦးအနေ နဲ့က သူခိုးဓါးပြ ဒါမှမဟုတ် မုဒိမ်းကောင်ကို ကောင်းကောင်းကြီး သင် ခန်းစာ ပေးတာကို နှစ်မျို့ကြတယ်။ ရာဇဝတ်ကောင် အတော်များများကို အပြစ်ဒဏ် သင့်သွားစေပေမဲ့လဲ အပြစ်ပေး မခံရသေးဘဲ လွတ်နေတဲ့သူ တွေကလဲ အများကြီးရှိနေပါတယ်။ သူတို့တတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစိမ်ခံစားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေနေကြရတယ်။ ဩဇာအာဏာ ရှိတဲ့ လူတစ်ယောက်ဟာ သူ့ထက် ပိုပြီး သူ့အပေါ် ဩဇာအရှိန်အဝါ ကြီးကဲတဲ့သူက မတရားပြုတာကို ခံလိုက်ရရင်တော့ အဲဒီခံရတဲ့သူကလဲပဲ သူ့အပေါ် မတရားလုပ်သွားတဲ့လူမှာ ပြစ်ဒဏ်ဆိုက်သွားတာကိုပဲ မြင် ချင်တွေ့ချင်ကြတာပါ။
၇။ ဤလောကီဘဝသည် တမလွန်အတွက် စမ်းသပ်ရာနေရာ
                ဒီလောကီဘဝက တမလွန်အတွက် စမ်းသပ်ချက်တစ်ရပ်ပါပဲ။ ကျမ်းမြတ်ကုရ်အာန်မှာ အခုလို ဆိုထားပါတယ်။
" အသင်တို့အနက် မည်သူသည် အကျင့်အမူ အကောင်းဆုံးဆိုသည်ကို စမ်းသပ်အံ့ သော်ငှာ သေခြင်းနှင့် ရှင်ခြင်းကို ထိုအရှင်က ဖန်ဆင်းထားချေ၏။ အရှင်သည် အနန္တ စွမ်းအားတော်ရှင်နှင့် ခွင့်လွှတ်ရှင်တည်း။" [ အလ် ကုရ်အာန် ၆၇း ၂ ]
၈။ တရားစီရင်မည့်နေ့တွင် အပြီးသတ် တရားစီရင် စစ်ဆေးမှု
ကျမ်းမြတ်ကုရ်အာန်မှာ အခုလို ဆိုထားပါတယ်။
"သက်ရှိတိုင်း သေခြင်း၏အရသာကို မြည်းစမ်းကြရသည်။ တရားစီရင်ရာနေ့ကျမှ မိမိတို့၏ အကျိုးကို အပြည့်အဝပေးခြင်း ခံကြရမည်။ ငရဲမီးဘေးမှ ကယ်တင်ရာရပြီး သုခဘုံသို့ ဝင်ရောက်ရသူသည်သာ (ဘဝ၏) ရည်ရွယ်ချက်ကို ရယူနိုင်သူ ဖြစ်၏။ လောကီဘဝသည်ကား ထင်ယောင်ထင်မှားဖြစ်စေသော ပစ္စည်းမျှသာတည်း။"   [ အလ် ကုရ်အာန်  ၃း ၁၈၅ ]
                တရားစီရင်မဲ့ နေ့မှာ အပြီးသတ်တရားစီရင်မှုကို ပြုတော်မူမှာ ဖြစ်ပါတယ်။ လူတစ်ဦးသေဆုံးသွားရင် ကျန်လူသားအားလုံးနှင့်အတူ ကမ္ဘာ့တရား စီရင်မည့်နေ့မှာ ပြန်ရှင်လာရမှာ ဖြစ်တယ်။ လူတစ်ဦးအနေ နဲ့ ဒီလောကီမှာ သူ့ပြစ်ဒဏ်တချို့တဝက်ကို ခံစားရမှာ ရှိပါတယ်။ အပြီး သတ်ဆုလဒ်နဲ့ ပြစ်ဒဏ်ခတ်မှုကတော့ တမလွန်မှာမှ ဖြစ်မှာပါ။ အနန္တ စွမ်းအားတော်ရှင်အလ္လာဟ်က သူခိုးဓါးပြတစ်ဦး ဒါမှမဟုတ် မုဒိမ်းသမား တစ်ဦးကို ဒီလောကီကမ္ဘာမှာ ပြစ်ဒဏ်ခတ်ကောင်းမှ ခတ်မှာပါ။ တရား စီရင်ရာနေ့မှာတော့ အသေအချာ အစစ်အဆေးခံကို ခံရမှာပါ။ သေပြီး တဲ့နောက်ဘဝ တမလွန်မှာတော့ ပြစ်ဒဏ် စီရင်တာကိုခံကိုခံရလိမ့်မှာပါ။
၉။ ဟစ်တလာလို လူကို လူလုပ် ဥပဒေက ဘာ ပြစ်ဒဏ်ပေးနိုင်မှာလဲ
                ဟစ်တလာက သူအကြမ်းဖက်အုပ်စိုးခဲ့တဲ့ကာလတုံးက ဂျူး လူမျိုးခြောက်သန်းကို အဆိပ်ငွေ့ပေးပြီး လက်စတုံး သတ်ဖြတ်ခဲ့ပါတယ်။ ရဲက သူ့ကို အရေးယူ ဖမ်းဆီးတယ်ပဲ ထားပါဦး။ တရားဥပဒေစိုးမိုးရေး အတွက် လောကီဥပဒေက ဟစ်တလာကို ဘာပြစ်ဒဏ်ထိ အများဆုံး ပေးနိုင်မှာလဲ။ အများဆုံး လူတို့ဘက်က ပေးနိုင်တဲ့ ပြစ်ဒဏ်ဟာ ဟစ်တ လာကို အဆိပ်ငွေ့ခန်းထဲဝင်စေရုံပဲပေါ့။ ဒီပြစ်ဒဏ်က ဂျူးတစ်ယောက်ကိုသတ်လိုက်လို့ ရတဲ့ပြစ်ဒဏ်နဲ့ပဲ ညီတယ်။ ကျန်တဲ့ ဂျူး ငါးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးယောက်အတွက်ကျတော့ ဘယ်လို စီရင်မလဲ။
၁၀။ အလ္လာဟ်က ဟစ်တလာကို ငရဲမှာ အကြိမ် ခြောက်သန်းထက်မက ကျစေနိုင်ပါတယ်။
                အလ္လာဟ်က ကျမ်းမြတ်ကုရ်အာန်ထဲမှာ မိန့်ချွေထားတော်မူပါ တယ်။
"ငါအရှင်၏ သက်သေလက္ခဏာတော်တို့ကို မယုံကြည်သူတို့ အား မကြာမြင့်မီမှာပင် ငရဲမီးသို့ ပစ်ချချေအံ့။ ပြစ်ဒဏ်ကို  တတိတိ ခံစားအံ့သော်ငှာ သူတို့၏ အရေပြားများ လောင်ကျွမ်းသွားပြီးသည်နှင့် ထိုအစား အရေပြား အသစ်ကို ငါအရှင် အစား လဲလှယ် ပေးချေအံ့။ အလ္လာဟ်ရှင်သည် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်နှင့် အနန္တဥာဏ်တော်ရှင် ဖြစ်သတည်း။" [ အလ် ကုရ်အာန်  ၄း ၅၆ ]
                အလ္လာဟ်အရှင်အနေနဲ့ လိုလားတော် မူလို့ကတော့ တမလွန် ကျရင် ငရဲဘုံမှာ ဟစ်တလာကို အကြိမ်ပေါင်း ခြောက်သန်း အဆိပ်ငွေ့ ပေးပြီး အကြိမ်ကြိမ် သတ်လို့ ရပြီးသားပဲ။
၁၂။ တမလွန်အယူအဆ မပါခဲ့ရင် လူ့တန်ဖိုးတို့  အကောင်းတို့၊    အဆိုးတို့ ဆိုတဲ့ အယူဝါဒ ဘာမှ မရှိနိုင်တော့ပါဘူး။
လူတစ်ဦးဦးမှသာ တမလွန်နဲ့ ပတ်သက်လို့ အခိုင်အမာ ယုံကြည် မှု မရှိခဲ့ရင် သေပြီးတဲ့နောက်ဘဝကို မယုံကြည်ဘူးဆိုရင်ဖြင့် အထူးသဖြင့် သူ့ ဩဇာအရှိန်အဝါ သိပ်ပြီး ကြီးလွန်းနေချိန်မျိုးမှာ သူကျူးလွန်နေတဲ့ မကောင်းမှု မတရားမှုတွေနဲ့ ပတ်သက်ပြီး လူ့တန်ဖိုးတို့ ကုသိုလ်တို့အကုသိုလ်တို့ဆိုတဲ့ အယူဝါဒတွေနဲ့ နားချ ဖြောင်းဖျ သာဓကပြရင် တောင် ဘယ်လိုမှ ဖြစ်နိုင်စရာ မရှိပါဘူး။

ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

အမျိုးသမီးနှင့်ဟိဂျာဗ်
ဘင်းမ်လာဒါလာလ်။        ။အစ္စလာမ်မှ အမျိုးသားနှင့် အမျိုးသမီးများအခွင့်အရေး အတူတူပင်ဖြစ်သည်ဟု ဟောပြောနေပါလျှက် အဘယ်ကြောင့် အမျိုးသမီးများအား `ပရဒါဟ်´၀တ်ဆင်ရန်လိုသည်ဟု ဆိုပါသနည်း။ အဘယ်ကြောင့် အမျိုးသားနှင့် အမျိုးသမီးများ တွေ့ဆုံချိန်တွင် သီးသန့်ခွဲခြားနေစေပါသနည်း။

ဒေါက်တာ ဇာကိရ်နိုက်(ခ်)။     ။ ညီမတော်မှမေးသော မေးခွန်းမှာ အလွန် ကောင်းသောမေးခွန်း ဖြစ်ပါသည်။ အစ္စလာမ်မှ ကျား၊ မရောနှောနေထိုင်ခြင်း၊ ပူးတွဲ နေထိုင်ခြင်းကို လက်မခံပါ။ အစ္စလာမ်မှ `ဟိဂျာဗ်´ (ဖုံးကွယ်ခြင်း၊ ဖုံးအုပ်ခြင်း)ကို အဘယ်ကြောင့် အထူးပြု ပြောနေရပါသနည်းဆိုသည့်အချက်ကို တိုတောင်းသော အချိန်ကာလအတွင်း၌ ရှင်းပြပါမည်။ ကျွန်ုပ်အနေနှင့် ယခုလိုမေးတဲ့အတွက် ညီမတော်ကို ကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်မှာ ဟိဂျာဗ်အကြောင်းကို သီးသန့်ပြောဆိုရန် အချိန်မရသည့် အတွက်ကြောင့်ပင်။
ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရှုကြည့်မည်ဆိုလျှင် အမျိုးသမီးများအတွက် ဟိဂျာဗ်ကိုမဖော်ပြမီ၊ အမျိုးသားများအတွက် ဟိဂျာဗ်အတိုင်းအတာအား ဖော်ပြ ထားသည်ကို တွေ့နိုင်ပါသည်။  ရောင်ခြည်တော်ကဏ္ဍ၊ ကျမ်းပိုဒ် (၃၀ )၌
“(အို-နဗီတမန်တော်) အသင်သည် “မုအ်မင်န်´´ သက်ဝင်ယုံကြည် သူတို့အား မိမိတို့၏ မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။´´ (၂၄း၃၀)
တဖန် ရောင်ခြည်တော်ကဏ္ဍ၊ ကျမ်းပိုဒ် (၃၁)တွင် အမျိုးသမီးများအတွက် ဟိဂျာဗ် အတိုင်းအတာကိုဖော်ပြထားပါသည်။
“(အို-နဗီတမန်တော်) အသင်သည် `မုအ်မင်န်´ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့)ပြော ကြားပါလေ။ ၄င်းတို့သည် မိမိတို့မျက်စိများ ကို အောက်သို့နှိမ့်၍ စိုက်၍ ထားရှိကြရမည်။  ထို့ပြင် ၄င်းတို့သည် မိမိတို့၏ အရှက်အင်္ဂါများကို (ကာမေသု မိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်း ကြရမည်။ ထိုမှတပါး၎င်းတို့သည် ပေါ်၍နေတတ်သော မိမိတို့၏ အလှမှတပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၄င်းတို့သည် မိမိတို့၏အပေါ်ရုံများ (ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ရင်ဘတ်များ အပေါ်သို့ ချထားကြရမည်။
ထိုမှတပါး ၄င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ် မိမိတို့၏ဖခင်များ၊ သို့မဟုတ်  မိမိတို့၏ လင်ယောက်ျားများ၏ ဖခင် များ၊ သို့မဟုတ် မိမိတို့၏သားများ၊ သို့မဟုတ် မိမိ တို့၏လင်ယောက်ျားများ ၏သားများ၊ သို့မဟုတ် မိမိ တို့၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ် မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် မိမိတို့၏ (သာသနာဝင်) မိန်းမချင်းများ၊ သို့တည်း မဟုတ် မိမိတို့ လက်ယာလက်များက ပိုင်ဆိုင်သော မိန်းမများ(၀ါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျား များအနက်မှ (မိန်းမများကို) အလိုမရှိသော (မိမိတို့) လက်အောက်ခံများ သို့မဟုတ် မိန်းမများ၏ အတွင်း ရေး လျှို့ဝှက်ချက်များကို မသိ နားမလည်ကြသေး သော ကလေးသူငယ်များ၊ ရှေ့မှတပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတပါး ၄င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို (သူတစ်ပါးတို့) သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍ မနင်းကြရ။ ထို့ပြင် အို-`မုအ်မင်န်´ သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြအံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ၀န်ချ တောင်းပန်ကြလေကုန်။´´  (၂၄း၃၁)

ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဆွဟီးဟ်ဟဒီးဆ်တော်များကိုအခြေခံ၍ အစ္စလာမ်တွင် ဟိဂျာဗ်အတွက် စံ(၆)ချက်ကို ဖော်ပြထားပါသည်။
(၁) အတိုင်းအတာ
ပထမစံမှာ ခန္ဓာကိုယ် အတိုင်းအတာကို ဖုံးထားရန်အတွက် ဖြစ်သည်။ ဤနေရာတွင် ဖုံးထားရန် အတိုင်းအတာသည်သာလျှင် ယောက်ျားနှင့်မိန်းမကွာခြားပါသည်။ ယောက်ျားများအတွက် ဖုံးအုပ်ထားရမည့်အတိုင်းအတာမှာ ချက်မှဒူးအထိ ဖြစ်ပါ သည်။ မိန်းမသားများအတွက် မျက်နှာနှင့် လက်ကောက်ဝတ်အထိမှတပါး ကျန်သော အစိတ်အပိုင်းများကို ဖုံးအုပ်ထားရမည်။ ဆန္ဒရှိခဲ့လျှင် ထိုအစိတ်အပိုင်းများကိုပါ ဖုံးအုပ်ထားနိုင်ပါသည်။ (အချို့အစ္စလာမ်သုတေသီများက မျက်နှာနှင့်လက်တို့ကိုလည်း အဓိကဟိဂျာဗ်ပြုရမည့် အတိုင်းအတာအတွင်း ပါဝင်ရမည်ဟုဆိုကြပါသည်။) ကျန်သောစံနှုန်းများမှာ ယောက်ျားနှင့်မိန်းမအတူတူပင်ဖြစ်သည်။
(၂) ၀တ်ဆင်ရမည့်အ၀တ်အစား ချောင်ချောင်ချိချိရှိရမည်။ ကိုယ်လုံးနှင့် ကောက်ကြောင်းကို မပေါ်စေရ။
(၃)၀တ်ဆင်သည့်အ၀တ်အစားသည်ခန္ဓာကိုယ်အတွင်းသားကို ဖောက်မြင်ရသည့်အထိ မပါးလွှာရပါ။
(၄) ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်ရန်ရည်ရွယ်ချက်နှင့် စွဲမက်ဖွယ်ကောင်းသော အ၀တ်မျိုးမဖြစ်စေရ။
(၅) ဆန့်ကျင်ဘက်လိင်၏ အ၀တ်အထည်ပုံစံနှင့်မတူစေရပါ။
(၆)  မယုံကြည်သူများ၏ အ၀တ်အစား အထူးသဖြင့် ၎င်းင်းတို့၏ ဘာသာရေးဝတ်စုံမျိုးကို မ၀တ်ကြရပါ။ ဤသည်ကား အစ္စလာမ်မှ သတ်မှတ်ထားသော ဟီဂျာဗ်၏စံနှုန်းများပင် ဖြစ်လေသည်။
ယခုတဖန် အစ္စလာမ်တွင် ဟိဂျာဗ်ကို အဘယ်ကြောင့် ပြဌာန်းရပါသနည်းဟူသောမေးခွန်းသို့ ရောက်ရှိလာပါပြီ။   ဟိဂျာဗ်ဝတ်ထားသော လူ့အဖွဲအစည်းနှင့် ဟိဂျာဗ် မ၀တ်ထားသောအဖွဲ့အစည်းကို နှိုင်းယှဉ် ဆန်းစစ်ကြည့်ကြပါဦးစို့။ ကမ္ဘာတွင် ရာဇ၀တ်ပြစ်မှု ကျူးလွန်မှုအများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ကြောင်း တွေ့ရသည်။ ၁၉၉၀ ခုနှစ်၏အစီရင်ခံစာအရတစ်ရက်လျှင် အမျိုးသမီး (၁၇၅)ယောက် သည် မုဒိန်းမှု ကျူးလွန်ခံခဲ့ရသည်။ ၎င်းအစီရင်ခံစာတွင် ဖော်ပြပါကိန်းဂဏန်းသည် ထိုပြစ်မှု၏ ၁၆%ကိုသာ ဖော်ပြထားခြင်းဖြစ်ကြောင်း ၀န်ခံထားသည်။ ၎င်းင်း ကိန်း ဂဏန်းကို အတိအကျတွက်ချက်ပါက (၁၉၉၀) ခုနှစ်တစ်ခုထဲတွင်ပင် အမျိုးသမီး (၆၄၀၀၀၀)သည် မုဒိန်းကျင့်ခံခဲ့ရသည်။ ၎င်းင်းကို ပျမ်းမျှနှုန်းနှင့် တွက်ချက်ပါက တစ်ရက်အတွက် အမျိုးသမီး (၁၇၅၆)သည် နေ့စဉ်  မုဒိန်းကျင့်ခံနေရသည်။ (၁၉၉၃) ခုနှစ်စာရင်းအရ (၁.၃)မိနစ်အတွင်း အမျိုးသမီး (၁၅)ဦးသည် မုဒိန်းကျင့် ခံနေရသည်ဟူ၏။ သင်သိထားသည့်အတိုင်း အမေရိကန်တွင် အမျိုးသမီး အခွင့်အရေးကို ပိုပေးထားခြင်းကြောင့် အမျိုးသမီးများ ပို၍ ပို၍ မုဒိန်းကျင့်ခံနေခြင်း ပင်ဖြစ်ပေလိမ့်မည်။ ဖြစ်ပျက်မှု ပြဿနာ၏ ၁၆%ကိုသာ ဖမ်းဆီးရမိ၏။ ဖြစ်သမျှအမှု၏ ၅၀%မှာ လွတ်လပ်ခွင့် ပေးထားခြင်းဖြစ်သည်။ စာရင်းဇယားအရ ယောက်ျားတစ်ယောက်သည် မိန်းမ (၁၂၅)ယောက်ကို မုဒိန်းကျင့်ပါမှ တစ်ကြိမ်သာ ဖမ်းခံ ရမည်ဖြစ်သည်။ တစ်ဖန် ထိုတစ်ကြိမ် အဖမ်းခံရပြန်လျှင်လည်း `၁´နှစ်အောက်သာ ထောင်ကျခံရမည် ဖြစ်သည်။ အကယ်၍ မုဒိန်းမှုကျူးလွန်သူသည် ပထမဆုံး အကြိမ် အဖမ်းခံရလျှင် လျော့လျော့ပေါ့ပေါ့ဖြင့် သူ၏ပြစ်ဒဏ်သည် `၁´နှစ်ထက် နည်းပေလိမ့်မည်။
အိန္ဒိယနိုင်ငံတွင်လည်း (၁၉၉၂)၊ ဒီဇင်ဘာလအတွင်း တစ်ရက်လျှင် (၅၄)မိနစ်တိုင်း မုဒိန်းမှုတစ်ခုရှိကြောင်း၊ အစီရင်ခံစာမှ တင်ပြနေပါသည်။ ထို့အတူ (၂၆)မိနစ်တိုင်း ဗလက္ကာရမှုတစ်မှု၊ (၁)နာရီ (၄၃)မိနစ်တိုင်းတွင် `ဒေါင်ရီကြောင့် သေဆုံးမှု´ တို့ ဖြစ်ပေါ်နေခဲ့ပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင်း ဖြစ်ပေါ်နေသော မုဒိန်းမှုများကို ခွဲခြမ်း စိတ်ဖြာလေ့လာကြည့်ပါက မိနစ်တိုင်း မိနစ်တိုင်းတွင် မုဒိန်းမှု ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်မှ ရိုးရှင်းလှသော မေးခွန်းတစ်ခု မေးလိုပါသည်။ ၎င်းင်းမှာ အမေရိကန် ပြည်ထောင်စုအတွင်း မိန်းမတိုင်း မိန်းမတိုင်းကို ဟိဂျာဗ်ဝတ်ဆင်ခိုင်းပါက အမေရိကန် ပြည်ထောင်စု၏ မုဒိန်းမှုအခြေအနေမှာ လက်ရှိ အခြေအနေအတိုင်း ရှိနေမည်လော။ လက်ရှိထက် လျော့နည်း သွားမည်လော။ လက်ရှိထက် တိုးတက်သွားမည်လော။ ထို့ကြောင့် အသင့်အနေနှင့် အစ္စလာမ်ကို တစ်ခုလုံး ခြုံငုံနားလည်သင့်ပါသည်။
အစ္စလာမ်မှ အမျိုးသမီးအား ဟိဂျာဗ်ဝတ်ရန်သတ်မှတ် ပြဋ္ဌာန်းပေးသည်။ အမျိုးသားအားလည်း ၎င်းင်းတို့၏မျက်လွှာ(အကြည့်)ကို ချုပ်ထိန်းရန် အမိန့်ပေးထားသည်ကို တွေ့နိုင်သည်။ အစ္စလာမ့်ရှရီအသ်ဥပဒေအရ ယောက်ျားတစ်ဦးက မိန်းမသားတစ်ဦးကို အဓ္ဓမပြုကျင့်လျှင် ကြီးလေးသောပြစ်ဒဏ်ကို ချမှတ်ထားပါသည်။ ယင်းကဲ့သို့ ကြမ်းတမ်းသော အပြစ်ဒဏ်ကို အချို့က ရိုင်းစိုင်းကြမ်းတမ်းသောဥပဒေဆို၍ အစ္စလာမ်ဘာသာကို ရက်စက်လွန်းသော ဘာသာတရားအဖြစ် စွပ်စွဲ ပြောဆိုမှုများ ရှိခဲ့ပါသည်။
ဤနေရာ၌ ကျွန်ုပ်ဘက်မှ မွတ်စလင်မ်မဟုတ်သောယောက်ျားသားများကို မေးကြည့်ချင်ပါသည်။ လူကြီးမင်းရဲ့ မိခင်(သို့) ဇနီး(သို့) နှမကို တစ်စုံတစ်ယောက်က သားမယားမှု ပြုကျင့်သွားသည်ဆိုကြပါစို့။ လူကြီးမင်းကိုလည်း တရားသူကြီးအဖြစ် ခန့်အပ်ပြီး တရားခံကို လူကြီးမင်း ရှေ့မှောက် ခေါ်ထုတ်လာမည်ဆိုလျှင် လူကြီးမင်းမှ ထိုသူအား မည်သို့သော ပြစ်ဒဏ်မျိုးချမှတ်ပေးမည်နည်းဟု မေးလျှင် အားလုံးသောလူပုဂ္ဂိုလ်များက `ဒီလိုကောင်မျိုးတွေ အသေသတ်ပစ်မှာပဲ´လို့ အဖြေပေးကြပါမည်။ အချို့ကတော့ `သူ့ကို မသေမချင်း တတိတိ နှိပ်စက်ညှင်းပန်းမည်´ဟု ဆိုကြပါသည်။ အသင်တို့၏ မိခင်(သို့မဟုတ်)ဇနီးကို သားမယားမှု ပြုကျင့်သူတွေကို အသင်တို့သည် သေဒဏ် ပေးချင်ကြသည် မဟုတ်ပါလောဟု ကျွန်ုပ်မှ သူတို့အား မေးခဲ့ပါသည်။ မိန်းမဆိုလျှင် မိခင်ပဲဖြစ်ဖြစ်၊ နှမပဲဖြစ်ဖြစ်၊ ဇနီးပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ဒီလို လူမဆန်စွာ ပြုကျင့်လာခဲ့လျှင် `ဒီကောင်မျိုး သတ်ပစ်မှတန်တယ်၊ သေသင့်တယ်၊ သတ်ပစ်မယ်´လို့ ခံပြင်းပြင်းနှင့် ဆိုတတ်ကြလျှင် အစ္စလာမ်ဥပဒေနှင့် ပြစ်ဒဏ်ပေးမှု ကျတော့မှ `ဘာကြောင့် ကြမ်းလှချည့်ရဲ့၊ ရိုင်းစိုင်းလှချည့်ရဲ့´လို့ ဆိုနေကြပါသနည်း။ အဘယ်ကြောင့် နှစ်မျိုးနှစ်ခွ ပြောနေရပါသနည်း။
ကျွန်ုပ်မှသင့်အားမေးလိုသည့် နောက်ထပ်မေးခွန်းတစ်ခုမှာ အစ္စလာမ့် ရှရီအသ်တရားဥပဒေကို အမေရိကန်ပြည်ထောင်စုတွင် ကျင့်သုံးပါက မုဒိန်းမှုများသည် လက်ရှိအတိုင်း တန့်နေမည်လော၊ ပို၍တိုးတက်သွားမည်လော၊ ကျဆင်းသွားမည်လော။ အိန္ဒိယနိုင်ငံအတွက်လည်း အလားတူ မေးခွန်းကိုပင် မေးလိုပါသည်။ လက်တွေ့ကျကျ သုံးသပ် ကြည့်ကြပါစို့။ အသင်တို့သည် အမျိုးသမီးအခွင့်အရေးကို ပေးနေကြပါသည်ဟု သီအိုရီဆန်ဆန်ပြောနေကြပါသည်။ လက်တွေ့တွင် ၎င်းတို့အား သူမတို့၏ အဆင့်အတန်းကို `ကိုယ်လုပ်တော်များ´၊ `အမြှောင်မယားများ´အဖြစ်ကို တွန်းပို့နေကြခြင်းဖြစ်သည်။ ကျွန်ုပ်အနေနှင့် `ဟိဂျာဗ်´၏အရေးကြီးပုံကို အောက်ဖော်ပြပါအမွှာညီအစ်မ၏ ဥပမာနှင့်သာ အမျိုးသမီးတစ်ဦး၏ တန်ဖိုးကိုမီးမောင်း ထိုးပြလိုပါသည်။
ချောမောလှပပုံချင်းကအစ ရုပ်ဆင်းသဏ္ဍန် အားလုံးနီးပါး တူညီသော အမွှာ ညီအစ်မနှစ်ဦး လမ်းလျှောက်ထွက်သွားကြတယ် ဆိုကြပါစို့။ တစ်ဦးက မျက်နှာနှင့် လက်ကောက်ဝတ်အထိ ဖော်ပြထားရုံမှတစ်ပါး၊တစ်ကိုယ်လုံး လုံလုံခြုံခြုံနှင့်၊ အစ္စလာမ် `ဟိဂျာဗ်´နှင့်အညီ ၀တ်ဆင်ထားပါသည်။ ကျန်တစ်ဦးကမူ အနောက်တိုင်း၌ ၀တ်နေကျဖြစ်သော  မီနီစကတ်၊ ပေါင်လန် ဂါဝန်တိုလေးနှင့် ၀တ်ဆင်ထားတယ်ဆိုလျှင် လမ်းထောင့် တစ်နေရာ၌ မိန်းကလေးကို စမည့်နောက်မည့် လမ်းသရဲ၊ လူရမ်းကားများသည် မည်သူ့ကိုပို၍ နောက်ပြောင်မည်နည်း။ အစ္စလာမ့်နည်းကျ ဟိဂျာဗ်ကို ၀တ်ဆင်ထားသော မိန်းကလေးကိုလော။ ပေါင်လန်ဂါဝန်တို ၀တ်ဆင်ထားသော မိန်းကလေးကိုလော။ သဘာဝအရ မီနီစကတ်ဝတ်ဆင်ထားသောသူကို နောက်မှ၊ စမှ ပို၍ ပွဲစည်မည်ဖြစ်သည်။ ဤကဲ့သို့ မလုံ့တလုံ့ ၀တ်ဆင်မှုသည် သွယ်ဝိုက်သောနည်းနှင့် ဆန့်ကျင်ဘက် လိင်၏ စိတ်ကိုစချင်နောက်ချင်အောင်၊ သိက္ခာမဲ့အောင်ပြုချင်စိတ်ကို ဖိတ်ခေါ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဟိဂျာဗ်ဝတ်ဆင်ခြင်းသည်  မိန်းမသားတစ်ဦးကို အသရေ မယုတ်စေပါ။ မိန်းမသား၏ဘ၀၊ တန်းဘိုးကို မြှင့်တင်ပေးပါသည်။ မိန်းမသား၏ အိနြေ္ဒသိက္ခာနှင့် အရှက်သီလကို စောင့်ထိန်း ကာကွယ်ပေးခြင်းသာဖြစ်ပါသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း

ဝက်သားကိုတားမြစ်ထားမှု
အမေး
အစ္စလာမ်က ဝက်သား စားသုံးမှုကို ဘာကြောင့် တားမြစ်ထားရတာလဲ။
အဖြေ
အစ္စလာမ်က ဝက်သား စားသုံးခြင်းကို တားမြစ်ထားတဲ့ အချက် ကတော့ လူသိများလှပါတယ်။ ဒီတားမြစ်ချက်နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းစုံကို အောက်ပါအချက်အလက်များက ရှင်းလင်းပြထားပါတယ်။
၁။ ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။
                ကုရ်အာန်က ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ တားမြစ်ချက်ကို ၂း ၁၇၃၊ ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။
“အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ် သတည်း။” [ ကုရ်အာန်  ၅း ၃ ]
                ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယတ်တော်တွေ အရနဲ့တင် ဝက်သားကို ဘာကြောင့်တားမြစ်ထားရတဲ့အကြောင်းကိုတော့ မွတ်စလင်တစ်ဦးအဖို့ ကျေနပ်မှု အပြည့်အဝ ရရှိသွားစေမှာပါ။
၂။ သမ္မာကျမ်းမှာလဲ ဝက်သားကို တားမြစ်ထားသည်
                ခရစ်ယာန်တွေကို သူတို့ရဲ့ ဘာသာရေး ကျမ်းဂန်တွေကို တကယ်ပဲ တိတိကျကျ ယုံကြည်အပ်တာကို သိမ်းသွင်းယူရတော့မဲ့ပုံ။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာလာ ဝတ်ပြုရာ ကျမ်းမှာလဲ ဝက်သားစားသုံးခြင်းကို တားမြစ်ထားပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့ မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ၊ မစင်ကြယ်ဟု သင်တို့ မှတ်ယူကြရမည်။”
[ ဝတ်ပြုရာကျမ်း   ၁၁း ၇-၈ ]
                သမ္မာကျမ်းလာ တရားဟောရာကျမ်းမှာလည်း ဝက်သားကို ပိတ်ပင်ထားတာ ရှိပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ “
[ တရားဟောရာကျမ်း  ၁၄း ၈ ]
                သမ္မာကျမ်းလာ ဟေရှာယ အနာဂတ္တိကျမ်း၊ အခန်း-၆၅၊ ပါဒ ၂-၅ မှာလည်း အလားတူပဲ ထပ်မံပြီး ပိတ်ပင်ထားတာ ရှိပါတယ်။
၃။ ဝက်သား စားသုံးခြင်းဖြင့် ရောဂါများစွာ ဝင်နိုင်သည်
                ဆင်ခြင်တုံတရားကျကျ၊ ယုတ္တိဗေဒနည်းဆန်ဆန်နှင့် သိပ္ပံအရ အခိုင်အမာ တင်ပြနိုင်မှသာ မွတ်စလင် မဟုတ်သူများနဲ့ ဘုရားမဲ့ဝါဒီများ အနေနဲ့ သဘောတူ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဝက်သားကို စားသုံးမှီဝဲ ခြင်းဖြင့် ရောဂါ အမယ်ပေါင်း ခုနှစ်ဆယ်ထက်မနည်း ဖြစ်ပွားနိုင်ပါတယ်။လူတွေမှာ သန်လုံးကောင်၊ တုတ်ကောင်နဲ့ ချိတ်သန် စတာတို့လိုမျိုး သန်မျိုးစုံ စွဲကပ်နိုင်ပါတယ်။ အန္တရာယ်အကြီးဆုံးကတော့ တေနီယာ ဆိုလျမ်ပါပဲ။ ဒီကပ်ပါးက လူသာမန်တို့ကတော့ တုတ်ပြားကောင်ရယ်လို့ ခေါ်ကြပါတယ်။ အကောင်က အတော်ရှည်ပြီး အူထဲမှာနေတယ်။ ၄င်းရဲ့ ဥက သွေးစီးကြောင်းထဲဝင်ပြီး လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို ဝင်ရောက်နိုင်ပါတယ်။ ဒီပိုးက ဦးနှောက်ထဲဝင်သွားရင် မှတ်ဥာဏ်ကို ထိခိုက်နိုင်ပါတယ်။ နှလုံးထဲကိုဝင်ခဲ့ရင် နှလုံးရောဂါ ဖြစ်နိုင်ပါတယ်။ မျက်စေ့ထဲဝင်ခဲ့ရင်တော့ မျက်စေ့ကွယ်သွားတတ်တယ်။ အသည်းထဲ ဝင်ခဲ့ရင်တော့ အသည်းကို ထိခိုက်ပျက်စီးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကိုပဲ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ် အန္တရာယ် ကြီးမားတဲ့ သန်ကောင်ကတော့ ထရီချူရာ တီချုရာစစ် (Trichura Tichurasis) ဖြစ်ပါတယ်။
                ဝက်သားကို ကောင်းစွာ ချက်ပြုတ်ပြီးမှ စားရင် ဒီဥက သေသွား မယ်ဆိုပြီး ယေဘူယျအားဖြင့် တလွဲ သိရှိထားနေကြတယ်။ အမေရိကမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရီချူရာ တိချုရာစစ် သန်စွဲနေတဲ့ လူနာ ၂၄ ဦးမှာ ၂၂ ဦးက ဝက်သားကို ကောင်းစွာ အချက်ခံပြီးမှ စား ကြတာတဲ့။ ဒီအချက်က ပုံမှန် အပူချိန်မှာ ချက်သွားလို့ကတော့ ဝက်သားမှာ ဒီပိုးဥက သေ မသွားဘူး ဆိုတာကို ပြနေပါတယ်။
၎။ ဝက်တွင် အဆီကို ဖွဲ့စေသော ဝတ္ထု ရှိသည်
                ဝက်မှာ အင်မတန်နည်းပါးတဲ့ ကြွက်သားကိုသာ ဖွဲ့စည်းနိုင်တဲ့ ဝတ္ထု ရှိပြီး အဆီက အလွန်အကျွံ ပါဝင်နေပါတယ်။ ဒီအဆီကသွေးကြောများထဲမှာ စုနေတာကြောင့် သွေးတိုး ဝင်ပြီး နှလုံးထိခိုက် ပျက်စီးရပါတယ်။ အမေရိကန်လူမျိုး ၅၀ ရာခိုင်နှုန်းကျော်က သွေးတိုး ရောဂါ ခံစားနေရတယ် ဆိုတာဟာ ဒါကြောင့် အံ့ဩစရာ မဟုတ်တော့ ပါဘူး။
၅။ ဝက်သည် ကမ္ဘာမှာ အညစ်ညမ်းဆုံး သတ္တဝါ ဖြစ်သည်
                ဝက်က ကမ္ဘာမှာ အညစ်ပတ်ဆုံး တိရစ္ဆာန်တွေထဲက တစ်မျိုး ဖြစ်တယ်။ ရွှံ့နွံတွေ၊ မစင် အညစ်အကြေးတွေထဲမှာ ရှင်သန် ကျင်လည် နေထိုင်ကြတယ်။ ကျွန်ုပ်သိရသလောက် အလ္လာဟ်အရှင် ဖန်တီးထားတဲ့ အထဲမှာ အညစ်အကြေး ရှင်းကောင်လို့ ဆိုရမှာပါ။ ကျေးရွာတွေမှာ ခေတ်မီ အိမ်သာတွေ ဘာတွေ မရှိကြပါဘူး။ ကွင်းပြင်တွေမှာ အခင်းကြီး အခင်းငယ် သွားကြတယ်လေ။ ဒီ အညစ်အကြေးတွေကို ပြောင်သလင်း ခါသွားအောင် ဝက်က ရှင်းပစ်ပေးတာပါ။
                တချို့က စောဒကတက်ကြတာ ရှိတယ်။ ဩစတြေးလျလို တိုး တက်တဲ့ နိုင်ငံတွေမှာ ဝက်ကို အင်မတန် သန့်ပြန့်ပြီး ကျန်းမာရေးနှင့် ညီတဲ့ ဝန်းကျင်မှာ မွေးမြူနေကြပြီတဲ့။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေများမှာတောင် ဝက်တွေကို နှစ်ဖက်ချ တုံးတင် လှေခါးတွေ ထဲမှာ ထားပြီး မွေးမြူကြရတယ်။ သူတို့ကို ဘယ်လိုပဲ ခက်ခက်ခဲခဲနဲ့ သန့်ရှင်းအောင် လုပ်လုပ် ဘာမှမထူးပါဘူး။ ဗီဇကိုက ညစ်ပတ်တဲ့ ဗီဇပါနေတာကိုး။ ကိုယ့်မစင် ကိုယ်ပြန်စားရင်စား ဒါမှမဟုတ် အနားက အကောင်ရဲ့ မစင်ကို ပြန်ပြီး စားတတ်ကြပါတယ်။
၆။ ဝက်သည် အရှက်အမဲ့ဆုံးသော တိရစ္ဆာန်ပင်
ကမ္ဘာမှာ ဝက်ဟာ အရှက် အမဲ့ဆုံးသော အကောင်ပါပဲ။ မိမိရဲ့ ကြင်ဖော်ကို တခြားအဖော်ဖြစ်တဲ့ အကောင်တွေနဲ့ လာမိတ်လိုက်ဖို့ ခေါ် တတ်တဲ့ တိရစ္ဆာန်မျိုးက ဝက်ပါပဲ။ အမေရိကမှာ လူတော်တော်များများ က ဝက်သားကို စားသုံးကြတယ်။ ပွတ်သဘင် အကပါတီတွေမှာ ဆိုရင် အတော်များများကပဲ “မင်းက ငါ့ဇနီးနဲ့ အိပ်၊ ငါက မင်းဇနီးနဲ့ အိပ်မယ်” ဆိုပြီး ကျေကျေနပ်နပ်ကြီးကို အလဲအလှယ် ပြုတတ်ကြပါတယ်။ ဒါကို Swapping  of  wives လို့ ဆိုပါတယ်။

ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

မွတ်စလင်မဟုတ်သူတို့ကိုကာဖရ်ဆိုပြီးရည်ညွှန်းပြောဆိုမှု
အမေး
မွတ်စလင်တွေဟာ မွတ်စလင် မဟုတ်သူတွေကို ကာဖိရ်လို့ ခေါ်ဆို ကြခြင်းဖြင့် တစ်ဖက်သားအပေါ် ဘာကြောင့်များ စော်ကားမော်ကား ပြုနေကြရတာလဲ။
အဖြေ
ကာဖရ်ဟူသည်မှာ ငြင်းပယ်သူကို ဆိုလိုသည်။
"ကာဖရ်" က "ကုဖရ်" ဆိုတဲ့ စကားလုံးက ဆင်းသက်လာ တာပါ။ "ဖုံးကွယ်ထားသည်" "ငြင်းပယ် ဖီဆန်သည်" ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ အစ္စလာမ့်အခေါ်အဝေါ် အသုံးအနှုန်းအရ ပြောရရင် "ကာဖရ်" ဆိုတာဟာ အစ္စလာမ်ရဲ့ မှန်ကန်မှု သစ္စာကို "ဖုံးကွယ် ထားသူ" "ဖီဆန်ငြင်းပယ်သူ"ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အစ္စလာမ်ကို ငြင်းပယ် ဖီဆန်သူကို အင်္ဂလိပ်လိုကျတော့ "မွတ်စလင်မဟုတ်သူ" (Non-Muslim) လို့ ခေါ်ကြတယ်လေ။                တကယ်လို့ မွတ်စလင် မဟုတ်သူ တစ်ဦးကို မွတ်စလင် မဟုတ်သူ (Non-Muslim)  ဒါမှမဟုတ် ကာဖရ်လို့ သူ့ကို ခေါ်ခဲ့တယ် ထား။ အဓိပ္ပါယ်ချင်းက အတူတူပါပဲ။ ဒါကို သူက ဒါကတော့ ငါ့ကို စော်ကား မော်ကားလုပ်တာပဲလို့ ထင်မယ်ဆိုရင်ဖြင့် ဒါဟာ အစ္စလာမ်နဲ့ ပတ်သက်လို့ သူ့ဖက်က နားလည်မှု လွဲမှားသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ဘက်ကနေပြီး အစ္စလာမ်နဲ့ အစ္စလာမ့် ဝေါဟာရတွေကို ထဲထဲဝင်ဝင် နားလည်စေအောင် အခြေအမြစ် ကျကျအထိ အမှန်အကန် လိုက်ကြည့် နိုင်ဖို့က လိုပါတယ်။ ဒါဆိုရင်တော့ ဒါက ငါ့ကို စော်ကားမော်ကား ပြုနေတာမှ မဟုတ်ဘဲ ဆိုတာကို ခံစားမိသွားရုံမက အစ္စလာမ်ကိုပါ မှန်ကန်တဲ့ အမြင်နဲ့ သူ့ဘက်က မြင်တွေ့ နားလည် သွားနိုင်မှာ ဖြစ်ပါတယ်။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

အရက်သေစာကိုတားမြစ်ထားချက်
အမေး
အစ္စလာမ်က အရက်သေစာ သောက်သုံးခြင်းကို ဘာကြောင့် ပိတ်ပင်ခဲ့ရ ပါသလဲ။
အဖြေ
အရက်သေစာဟာ မမှတ်မိလောက်တဲ့ အချိန်ကာလကြီးက တည်းက လူ့အဖွဲ့အစည်းရဲ့ ဘေးအန္တရာယ်ဆိုးကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ မရည်မတွက်နိုင်အောင် လူ့အသက်တွေလဲ ဆုံးရှုံးရ၊ ကမ္ဘာတလွှားမှာ လူသန်းပေါင်းများစွာကို ကြောက်မက်ဖွယ် ဘေးဒုက္ခစုံကိုလဲ ကြုံစေခဲ့ရပါ တယ်။ အရက်သေစာဟာ လူ့အဖွဲ့အစည်းက ရင်ဆိုင်နေရတဲ့ ပြဿနာ အမြောက်အများရဲ့ ရင်းမြစ်အကြောင်းရပ်ပဲ ဖြစ်ပါတယ်။ စာရင်း ဇယားအရ ရာဇဝတ်မှုနှုန်းတွေ တိုးတက်လာတယ်။ စိတ်ဝေဒနာခံစားရ မှုတွေ တဆထက်တဆ များပြားလာတယ်။ အရက်ရဲ့ အဖျက်စွမ်းအား ကြောင့် ကမ္ဘာတလွှားမှာ အိမ်ထောင်တွေလဲ သန်းချီပြီး ပျက်ပြားခဲ့ကြ ရတယ်။
၁။ ကုရ်အာန်မှာ အရက် သေစာကို ပိတ်ပင်ထားချက်
                ကျမ်းမြတ်ကုရ်အာန်မှာ အရက်သေစာ မှီဝဲမှုကို အောက်ပါပါဒတော် အရ ပိတ်ပင်ထားပါတယ်။
“အို... ယုံကြည်သူတို့၊ မူးယစ်သေစာ၊ လောင်းကစား၊ ရုပ်ပွားဆင်းတုများကို ကိုးပြီး ရည်စူးခြင်း၊ မြားဖြင့် ကံစမ်းမှုတို့ကား စက်ဆုတ်ဖွယ်ရာ တစ်ရပ်သာဖြစ်၏။ ရှိုင်တွာန်၏ အပြုအမူပင် ဖြစ်၏။ ယင်းသို့သော စက်ဆုတ်စရာတို့ကို ရှောင်ကျဉ်ကြ ကုန်။ သို့မှသာ အသင်တို့ အောင်မြင်ကြချေအံ့။” [ အလ် ကုရ်အာန်  ၅း ၉၀ ]
၂။ တရား ကာမမှု၊ မုဒိမ်းမှု၊ သွေးရင်းစပ်ယှက် မှုနဲ့ အေအိုင်ဒီအက်စ် ပြဿနာတွေကို ပိုပြီး တွေ့ကြရပါတယ်။
                အမေရိကန်တရားရေးဌာန အမျိုးသားဆိုင်ရာ ရာဇဝတ် မကင်းသော မတရားဖိနှိပ်မှုကို လေ့လာဆန်းစစ်မှု တရားရေးဗြူရိုရဲ့ အဆိုအရ ၁၉၉၆ ခုနှစ် တစ်နှစ်ထဲမှာကို နေ့စဉ် ပျမ်းမျှ မုဒိမ်းမှုပေါင်း ၂၇၁၃ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီစာရင်းဇယားအရပြောတာက မုဒိမ်းသမား အများစုဟာ ရာဇဝတ်မှုကို ကျူးလွန်ကြချိန်မှာ အရက်မူးနေကြတယ်ဆိုတဲ့ အချက်ပါပဲ။ မဟားတရား လုပ်မှုတွေမှာလည်း အလားတူပါပဲ။
                စာရင်းဇယားတွေအရ သွေးရင်းစပ်ယှက်မှုကို ကျူးလွန်ကြတဲ့ အမေရိကန်တွေရဲ့ ၈ ရာခိုင်နှုန်းက ဆိုလိုတာက အမေရိကမှာ လူ ၁၂ ယောက်ကနေ ၁၃ ယောက်အတွင်းမှာ တစ်ဦးချင်းက သွေးရင်းစပ်ယှက်မှု ရှိနေပါတယ်ဆိုတဲ့ သဘောပါပဲ။ ဒီလို သွေးရင်းစပ်ယှက်မှု အားလုံး နီးနီးမှာ ပါဝင်ပတ်သက်သူ တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးက အရက်မူးနေကြလို့ပဲ ဖြစ်ပါတယ်။
                အေအိုင်ဒီအက်စ်ခေါ်တဲ့ ကြောက်စရာ အကောင်းဆုံး ရောဂါဆိုး ကြီး ပြန့်ပွားရတဲ့ အဓိက အကြောင်းရင်းများအနက် တစ်ခုကလဲ အရက် သေစာ စွဲနေလို့ပဲ ဖြစ်နေပါတယ်။
၃။ အရက်စွဲနေသူတိုင်းဟာ အစ ကနဦးမှာတုံးက လူမှုရေးအရ သောက်သူပါပဲ။
                လူအတော်များများကပဲ အရက်ကို သိက္ခာဆယ်တဲ့အနေနဲ့ သူတို့ ကိုယ်သူတို့ လူမှုရေးအရ သောက်သူဆိုပြီး ခေါ်နေကြပါတယ်။ သူတို့က တစ်ပက် နှစ်ပက်လောက်သာ သောက်တာပါ။ ကိုယ့်ကိုယ်ကို ထိန်းနိုင်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ မမူးဘူးရယ်လို့ ဆိုတတ်ကြ ပါတယ်။ စူးစမ်းလေ့လာ ဆန်းစစ်ချက်များအရ အရက်စွဲနေသူတိုင်းဟာ အစက လူမှုရေးအရ သောက်တာက စစွဲသွားတာရယ်လို့ သိခဲ့ရပါတယ်။ ဘယ် အရက်သမား ဘယ်အရက်စွဲနေသူကမှ စသောက်ကတည်းက ငါတော့ အရက်သမားကြီး ဖြစ်အောင် သောက်သွားမယ်လို့ ရည်ရွယ်ပြီးမှ သောက်ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ဘယ်လူမှုရေးအရ သောက်သူ ပဲဖြစ်ပါစေ၊ ငါအရက်သောက်ခဲ့တာကြာလှပြီ၊ ငါ့ဘဝမှာ ငါ့ကိုယ့်ငါ ကောင်းကောင်းကြီး ထိန်းနိုင်လို့ လူမှန်းသူမှန်းမသိ မူးသွားတဲ့ အချိန် ဆိုတာ နည်းနည်းလေးမှ မရှိပါဘူးဆိုပြီး ရဲရဲကြီး မပြောနိုင်ကြပါဘူး ခင်ဗျား။
၎။ လူတစ်ဦးဟာ တစ်ခေါက်ပဲ အမူးလွန်သွားပြီ ဆိုတာနဲ့ ရှက်ဖွယ်လိလိ ကိစ္စကို ကျူးလွန်မိတတ်ကြောင့် သူ့ဘဝတစ်သက်တာ အမည်းစက်ထင်ပြီး ကျန်သွား ခဲ့ရတာပါပဲ။
                လူမှုရေးအရ သောက်သူပဲ ဖြစ်ဖြစ် သူ့ကိုယ်သူ တစ်ကြိမ် မထိန်းနိုင် မသိမ်းနိုင် လွတ်သွားပြီ ဆိုပါစို့။ အမူး လွန်သွားချိန်မှာ သူ့အနေနဲ့ မုဒိမ်းမှု ဒါမှမဟုတ် သွေးရင်းချင်း စပ်ယှက်မှုကို ကျူးလွန် တတ်ပါတယ်။ နောက်ပိုင်းကျမှ သူ့အမှားအတွက် နောင်တ ရမိသွား ပြီဆိုရင် ပုံမှန် လူတစ်ဦးအနေနဲ့ ဒီအမှားက သူ့ဘဝ တစ်သက် တ သသ ဖြစ် ကျန်ခဲ့ရတော့တာပဲ။ ကျူးလွန်သူရော စော်ကားခံရသူရော ပြန်ပြင်လို့ မရတော့သလို နဂိုအတိုင်း ပြန်မဖြစ်နိုင်တဲ့ ထိခိုက်ဆုံးရှုံးမှုကြီးကို ဖြစ်ပျက် လိုက်ရတာပါပဲ။
၅။ အရက်သေစာကို ဟဒီးဆ် ဩဝါဒတော်ထဲမှာလဲ ပိတ်ပင် တားမြစ်ထား ပါတယ်။
အစ္စလာမ်ရဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ် (صلي الله عليه و سلم) သခင် မိန့်ကြား ထားတော်မူတာက ဒီလိုပါ။
(က) ဆူနန် အိဗနေ မာဂျာဟ်၊ အတွဲ ၃၊ မူးယစ်သေစာခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၇၁။
(ခ) ဆူနန် အိဗနေ မာဂျာဟ်၊ အခန်း ၃၊ မူးယစ်သေစာခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၉၂။
တစ်စုံတရာရာတွင် အရက်သေစာ ပမာဏ များသည် ဖြစ်စေ နည်းသည်ဖြစ်စေ တားမြစ် ပိတ်ပင်ထားသည်။
ဒီအတွက်ကြောင့် တစ်စက်ပဲ ဖြစ်ဖြစ် တစ်ပက်ပဲ ဖြစ်ဖြစ် သောက်ခွင့်မရှိပါဘူး။
အရက်သေစာသောက်သုံးသူများကို ကျိန်ဆဲထားရုံသာမက သူတို့တတွေနဲ့ တိုက်ရိုက်ပဲ ဖြစ်ဖြစ် သွယ်ဝိုက်၍ပဲဖြစ်ဖြစ် ထိတွေ့ ပတ်သက် နေသူတွေကပါ အလ္လာဟ်ရဲ့ အမျက်တော် သင့်ကြမှာဖြစ်ပါတယ်။
ဆူနန် အိဗနေ မာဂျာဟ် အတွဲ ၃၊ အရက်သေစာ အခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၈၀။
အနပ်(စ) (رضي الله تعالي عنه) သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ် က ဩဝါဒချွေတော်မူခဲ့သည်။
“အရက်သေစာနှင့် ဆက်စပ် ပတ်သက်နေသော လူအုပ်စု ဆယ်စုအပေါ် အလ္လာဟ်၏ အမျက်တော် သင့်ချေအံ့။ ယင်းတို့ကား အရက်သေစာချက်သူ၊ အရက်သေစာကို ချက်လုပ်ရာမှာ ဝင်ကူညီသူ၊ အရက်သေစာ သောက်သုံးသူ၊ အရက်သေစာကို သယ်ဆောင် ဖြန့်ဖြူး ပေးသူ၊ အရက်သေစာကို တစ်ဦးဦးသို့ ယူဆောင်ပေးသူ၊ အရက်သေစာကို တည်ခင်းပေးသူ၊ အရက်သေစာကို ရောင်းချသူ၊ အရက်သေစာ ရောင်းရ ငွေကို သုံးစွဲသူ၊ အရက်သေစာကို ဝယ်ယူသူ၊ တစ်ဦးဦးအတွက် ဝယ်ယူ ပေးသူတို့ပင် ဖြစ်သည်။”
မူးယစ်သေစာကြောင့် ဖြစ်ပွားရသော ရောဂါများ
                အရက်သေစာ မှီဝဲခြင်းကို တားမြစ် ထားရခြင်းနှင့် ပတ်သက်ပြီး  သိပ္ပံနည်းကျသော အကြောင်းတရား များစွာရှိပါတယ်။ ကမ္ဘာမှာ အရက် သေစာသောက်သုံးမှုကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှုနှုန်းထားဟာ အတော်ပဲ မြင့်မားလှပါတယ်။ အဓိက သေဆုံးမှု အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။ နှစ်စဉ် လူ သန်းပေါင်းများစွာဟာ အရက်ကြောင့် သေဆုံး နေကြရပါတယ်။  အရက်ရဲ့ ဆိုးကျိုးတွေကို အများအားဖြင့် အသိများကြ တာကြောင့် အသေးစိတ် မတင်ပြတော့ပါဘူး။ အရက်နဲ့ ပတ်သက်နေတဲ့ ရောဂါ တချို့လောက်ကိုပဲ အောက်မှာ တင်ပြထားပါတယ်။
၁/-         အသည်းရွတ်ရောဂါ (Cirrhosis  of  Liver) ဟာ အရက် ကြောင့် ဖြစ်ရတယ်ဆိုတာကို လူသိများလှပါတယ်။
၂/-         အစာရေမျိုကင်ဆာ၊ ခေါင်းနှင့် လည်ပင်းကင်ဆာ၊ အသည်း ကင်ဆာ (Hepatoma)နှင့် အူကင်ဆာ စသည်များ၊
၃/-         အစာရေမျို ရောင်နာ၊ အစာအိမ်ရောင်နာ၊ ပန်ကရိယတစ် ရောင်နာ၊ အသည်း ရောင်နာတို့က အရက်သေစာ မှီဝဲမှုနှင့် ပတ်သက်နေ ပါတယ်။
၎/-         နှလုံးကြွက်သားရောဂါ၊ သွေးတိုးရောဂါ၊ သွေးလွှတ်ကြော ဆိုင်ရာ ဝေဒနာ (Coronary  Artherosilerosis)၊ ရင်ဆို့နာ (Angina)၊ နှလုံးရောဂါတို့ဟာ အရက်ကို အလွန်အကျွံ သောက်သုံးမှုနဲ့ပတ်သက်နေပါတယ်။
၅/-         ဦးနှောက်သွေးကြောပေါက် (Stroke) ၊ လေသင်ဓုံး (Apoplexy) ၊ ဝက်ရူးပြန်ရောဂါ (Fits) နှင့် သွက်ချာပါဒ ရောဂါ အမျိုးမျိုး ကလည်း အရက်သေစာ သောက်သုံးမှုနဲ့ ပတ်သက်နေပါတယ်။
၆/-         ခြေလက် နဗ်ကြောရောဂါ (Peripheral Neuropathy)  ကော့စကီကလ် အထရိုဖီ ရောဂါ (Cortical Atrophy)  တို့ကလည်း အရက်သောက်ခြင်းကြောင့် ဖြစ်ရတဲ့ လက္ခဏာစုများအဖြစ် ကျော်ကြား လူသိများ ပါတယ်။
၇/-         မကြာမီက ဖြစ်ရပ်များအရ နာတာရှည် အရက်စွဲရောဂါကြောင့် ဖြစ်ရတဲ့ စိတ်ရောဂါ နှင့် ယှဉ်ပြီး သတိလစ်ရောဂါ၊ မှတ်ဥာဏ် ချို့ယွင်းခြင်း၊ ကြံဖန်ပြော လုပ်ကြံပြောတတ် သည့် ကောဆကော လက္ခဏာ၊ မှတ်ဥာဏ် ထိခိုက်မှုနဲ့အတူ သွက် ချာပါဒဖြစ်မှု အမျိုးမျိုးက အရက်သောက်လွန်လို့ သိုင်ယာမင် ချို့တဲ့ရာက ဖြစ်ရတဲ့ ရောဂါ ဝေဒနာတွေပါပဲ။
၈/-         ထုံနာစို ကိုယ်ဖောနာ (ဗယ်ရီဗယ်ရီရောဂါ) (Beriberi)  နှင့် အခြားအခြားသော အာဟာရချို့တဲ့တဲ့ ရောဂါများဟာ အရက်သမားများမှာ မလွဲတန်း ဖြစ်တတ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဗီတာမင် ချို့တဲ့ရောဂါ (pellagra)  ကိုလဲ အရက်သမားတွေမှာ တွေ့ရပါတယ်။
၉/-         အရက် စွဲနေမှုကြောင့် မကြာမကြာ ဆိုသလို ကယောင်ကတမ်း ဖြစ်တတ်ခြင်းဟာ အင်မတန် ဆိုးဝါးလှတဲ့ ဆင့်ပွားရောဂါတစ်ခု ဖြစ်တယ်။ ခွဲစိတ်ကုသမှု ခံပြီးနောက်ပိုင်းလဲ ဖြစ်တတ်တယ်။ အရက်ကို ဖြတ်တောက်နေချိန် ကာလမျိုးမှာ ဒီလို ကယောင်ကတမ်းတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ အင်မတန်မှ အရေးကြီးလှပြီး တကဲ့ ကိရိယာ တန်ဆာ ပလာ စုံလင်လှတဲ့ နေရာမျိုးမှာ ကောင်းမွန်စွာ ကုသနေရင်းနဲ့တောင် အသက်သေဆုံးမှု ဖြစ်ပေါ်တတ်ပါတယ်။
၁၀/-      အရက်စွဲရောဂါကြောင့် အတွင်းစိမ့်ဂလင်း(အင်ဒိကရင်း ဂလင်း) မှာ ကမောက်ကမဖြစ်မှု အများအပြား ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်တဲ့ ပက်ဆဒီးဗားရောဂါကစလို့ သိုင်းရွိုက် လွန်ကဲ ခြင်း (Hyper thyroidism)  နဲ့ ကူရှင်ရောဂါလက္ခဏာစု (Florid Cushing Syndrome)  ဆိုတဲ့ အဒရီနယ်ဂလင်း အပြင်သား လွန်ကဲ ကြီးထွားခြင်း ရောဂါတို့ ဖြစ်တတ်ပါတယ်။
၁၁/-      သွေးနဲ့ဆိုင်တဲ့ ရောဂါတွေမှာ ဆိုးကျိုးတွေ ပေါ်စေပြီး နာတာရှည် စေပါတယ်။ ဖော်လစ်အက်ဆစ် ချို့ယွင်းမှုကလဲ အရက်စွဲနေသူတို့မှာ အတွေ့ ရ အများဆုံး ရောဂါပဲ။ သွေးအားနည်းရောဂါ အမျိုးမျိုး (မက္ကရိုဆိုင်တစ် အနီးမီးယားနဲ့ (Zeive’s sydrome ) တို့ဟာ သွေးပျက်ပျော် သွေးအား နည်းရောဂါ(Hemolytic Anemia)တို့ကနေ ပေါ်လာခဲ့ရတာပါ။ ဖျဉ်းဆွဲရောဂါတို့လဲ ဖြစ်တတ်ပါတယ်။
၁၂/-      သွေးကင်းပြောက်ကြီးရောဂါ (Thrombocytopenia) နှင့် တခြား သွေးဥမွှားများ (platelets) ပုံမှန် မဖြစ်တဲ့ရောဂါတွေကလည်း အရက်သမားမှန်ရင် ခံစားနေရတဲ့ ရောဂါတွေပါပဲ။
၁၃/-      အများသုံးနေကြတဲ့ ဆေးပြား မက်တြိုနီဒါဇိုးလ် (flagyl)  က အရက်နဲ့ တော်တော်လေး မတည့်ပါဘူး။
၁၄/-      အရက် အလွန်အကျွံသောက်သူတွေမှာ ရောဂါပြန်ပြန်ဝင်မှု (recurrent infection) လဲ အဖြစ်များပါတယ်။ အရက်သောက်သုံး မှုကြောင့် ရောဂါပြီး အကာအကွယ်စနစ်(Immunological Defense System) က ဘာ ရောဂါပဲ ဝင်လာ ဝင်လာ ငြိမ်ခံတဲ့အဖြစ် ရောက်သွား  ရပါတယ်။
၁၅/-      အရက်စွဲနေသူတွေမှာ ရင်ဘတ်ဝေဒနာဝင်မှု (Chest infection) က အထိအနာဆုံး ထဲမှာ ပါဝင်ပါတယ်။ နမိုးနီးယား၊ အဆုတ် ပြီတည်နာ၊ (Lung Abcess) လေအောင့်ခြင်း (Emphysema) နဲ့ တီဘီ အဆုတ်ရောဂါမျိုးတွေကလည်း အရက်သမားတွေမှာ အဖြစ် များပါတယ်။
၁၆/-      အရက်ကို အလွန်အကျွံမူးနေအောင် သောက်တဲ့အချိန်မှာ အရက်သမားက အော့အန်မယ်။ ချောင်းတဟွတ်ဟွတ် ဆိုးနေမယ်။ ဆောက်တည်ရာမဲ့ ဖြစ်မယ်။ ဒီတော့ အံဖက်က အဆုတ်ထဲဝင်သွားလို့ နမိုးနီးယားဝင်မယ်။ ဒါမှမဟုတ် အဆုတ်မှာ ပြီတည်မယ်။ တစ်ခါတရံမှာ  အံဖတ်ဆို့ပြီး မရှုနိုင် မကယ်နိုင် မွန်းကြပ်သွားတယ်။ အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။
၁၇/-      မိန်းမတွေမှာ အရက်သောက်တတ်လို့ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေ ကိုလဲ ဖော်ပြရပါဦးမယ်။ မိန်းမတွေက ယောကျာ်းတွေထက် ပိုပြီး အသည်း  ပိုပြီးဝင်တတ်တယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်သောက်ခဲ့ရင် သန္ဓေသားအပေါ်မှာ ထိခိုက်အန္တရာယ် ရှိစေပါတယ်။ ဆေးပညာလုပ်ငန်း မှာ သန္ဓေသားဆိုင်ရာ (Foetal Alcohlo Syndrome)ကို ပိုသထက် ပိုပြီး သိလာကြရတယ်။
၁၈/-      အရက်စွဲမှုနဲ့ အရေပြားရောဂါတွေကလဲပဲ ပတ်သက်နေပါတယ်။
၁၉/-      နှင်းခူ၊ မွေးကျွတ်ရောဂါ (Alopecia) ၊ လက်သည်းကျုံလှီသွား ခြင်း (Nail Dystrophy) ၊ ခူနာ (Paronychia) နဲ့ နှုတ်ခမ်းထောင့် လောင်ခြင်း (Angular Stomatitis) ဆိုတဲ့ ရောဂါတွေကလဲ အရက် သမားတွေမှာ အဖြစ်များပါတယ်။
၆။ အရက်စွဲခြင်းသည် ရောဂါ  (Alcoholism is a diease)        
 ဆရာဝန်တွေ၊ သမားတော်တွေက အခုဆိုရင် အရက်သောက် သုံးမှုအပေါ် အစွဲကင်းကင်းနဲ့ မြင်လာကြပါပြီ။ ဒါကြောင့် အရက်သောက် သုံးခြင်းကို စွဲတယ်ဆိုတာထက် ရောဂါတစ်ခု ဆိုပြီး ခေါ်ဆိုလာကြပြီ ဖြစ်ပါတယ်။
အစ္စလာမ့်ရေးရာ သုတေသနဌာနက လက်ကမ်း ကြေငြာတစ်ခု ထုတ်ထားရာမှာ ...
အရက်စွဲခြင်းဟာ ရောဂါတစ်ခုဆိုရင်တော့ ဒီရောဂါကသာ
- ပုလင်းနဲ့ ထည့်ရောင်းနေတဲ့ ရောဂါ၊
- သတင်းစာ၊ မဂ္ဂဇင်းများနဲ့ ရေဒီယို ရုပ်မြင်သံကြားတို့ကနေပြီး ကြော်ငြာပေးမှုကို ရနေတဲ့ ရောဂါ၊
- အစိုးရအတွက် အခွန်အခ ထုတ်ပေးနေတဲ့ ရောဂါ၊
- အဝေးပြေးလမ်းများမှာ ပြင်းပြင်းထန်ထန် သေကြေမှုများကိုဆောင်ကျဉ်းပေးနေတဲ့ ရောဂါ၊
- ရောဂါပိုးမွှားများ မပါသလို ဗိုင်းရပ်စ်များကိုလည်း ပေါ်စေရာလဲ မဟုတ်တဲ့ ရောဂါဆိုးကြီး။
အရက်စွဲခြင်းကား ရောဂါတစ်ခု မဟုတ် ရှိုင်တွာန်၏ လက်ရာသာ ဖြစ်သည်
အလ္လာဟ်အရှင်က အရှင့်ရဲ့ အနန္တဥာဏ်တော်အရ အရက် ဟာ ရှိုင်တွာန်ရဲ့ ကျော့ကွင်း ဖြစ်တာကြောင့် ဒါကို ဆန့်ကျင်ဖို့ သတိပေး ထားတော်မူပါတယ်။ အစ္စလာမ်ကို ဒီးနူလ်ဖိတရဟ် “လူသားရဲ့ သဘာဝနဲ့ ညီတဲ့ ဘာသာတရား” လို့ ခေါ်ဆိုထားပါတယ်။ ဒီဘာသာတရားရဲ့ ညွှန်ကြားချက်အားလုံးက လူသားရဲ့ သဘာဝအခြေအနေကို စောင့်ထိန်း ကာကွယ်သွားဖို့ ရည်ရွယ်ထားခဲ့တာပါ။ အရက်သေစာက လူကို ဒီသဘာဝ အခြေအနေကနေ သွေဖီသွားစေပါတယ်။ လူတစ်ဦးချင်းအတွက်ရော လူ့အသိုင်းအဝိုင်းကြီးအတွက်ပါ သွေဖီမှုကို ဖြစ်ပေါ်စေတဲ့အရာပါပဲ။ လူဟာ သားရဲ တိရိစ္ဆာန်များထက် ပိုမိုကြီးကဲ မြင့်မြတ်တယ်လို့ ကြွေးကျော် ခဲ့ပေမဲ့လဲ အရက်သေစာကြောင့် တိရိစ္ဆာန်ထက်ပင် ပိုပြီး နိမ့်ကျလှတဲ့ ဘဝကို ထိုးဆင်းကျသွားစေပါတယ်။ ဂုဏ်အသရေမဲ့ သွားစေပါတယ်။ ဒါတွေ ဒါတွေကြောင့် အစ္စလာမ်က အရက်သေစာ မှီဝဲခြင်းကို တားမြစ် ပိတ်ပင်ထားရတာ ဖြစ်ပါတယ်။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

အစ္စလာမ် ဘာသာ
ယနေ့ကမ္ဘာပေါ်တွင်ထာဝရဘုရားသခင်တစ်ဆူတည်းအားကိုးကွယ်သောဘာသာကိုပြပါဟုဆိုလျှင်အစ္စလာမ်ဘာသာဖြစ်သည်။အစ္စလာမ်ဆိုသည့် ဝေါဟာရ သည် အာရဗီစကား ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည့် စလာမ်ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ အစ္စလာမ်သည်တစ်ဆူတည်းသောဘုရားဝါဒ  ဘာသာရေး ဖြစ်သည်။ အစ္စလာမ် သည် ခံဝန်ခြင်း ဟုအာရပ်စကားဖြင့် အဓိပ္ပါယ်ရှိပြီး၊ အစ္စလာမ် သာသနာဝင်သည် မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ် ၏ အမိန့်ဩဇာကို လုံးဝနားခံရန် ယုံကြည်သူဖြစ်ပြီး ၎င်းတို့အား မွတ်စလင် ဟုခေါ်၏။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေမှာ၁ မှ ၁.၈ ဘီလျံ ရှိ၍ အစ္စလာမ် ဘာသာသည် ခရစ်ယန်ဘာသာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။
တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ်သည် ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင် ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင် အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ် ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို ကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။


(၁) အစ္စလာမ်အယူဝါဒ
အစ္စလာမ်သည့်စကြဝဠာခပ်သိမ်းကုန်တို့ကိုဖန်ဆင်းမွေးမြူတော်မူသောအလုံးစုံကိုသိမြင်တော်မူ၍ပြည့်စုံတော်မူသောတစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသောမဟာကရုဏာရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည်“နာခံခြင်း”ဟူသောအထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်ခေတ်မရွေး၊ပြည်မရွေး၊လူမျိုးမရွေး၊အုပ်စုမရွေး၊လူတန်းစားမခွဲ၊ဖြူနက်မခြားအစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သောပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြသည်။ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။နောင်အနာဂတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင်ငြိမ်းချမ်းသာယာမှုကိုဖန်တီးရာမည်သည်။သို့ဖြစ်ရာအစ္စလာမ်သည်ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍ မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။
(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်(صلي الله عليه و سلم)သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)တို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။
လူ့ဘဝတွင်လူရိုင်းတို့အားယဉ်ပါးစေတော်မူခဲ့သည်။လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသောသူတို့အားလူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။
တမန်တော်မြတ်
(صلي الله عليه و سلم)သည်အစ္စလာမ်အယူဝါဒကိုမိမိကိုယ်တိုင်ကျင့်သုံးပြသတော်မူခဲ့သည်သာမက
စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။
(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။
(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။
(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။
(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊
တမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။
(၃) ဇကားသ်ပေးလှူခြင်း။
(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။
(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။
အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည် တမန်တော်မြတ်(صلي الله عليه و سلم) ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။ တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍ ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။
(၅) တစ်မိတစ်ဖတည်း
အစ္စလာမ်အယူဝါဒအရ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည် တစ်မိတစ်ဖတည်းမှ ဆင်းသက်ပေါက်ဖွားလာကြသော ညီရင်းအစ်ကို မောင်ရင်းနှမများပင်ဖြစ်ကြပေသည်။ “အို-လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည်အသင်တို့အားတစ်မိတစ်ဖတည်းမှစတင်ဖန်ဆင်းတော်မူခဲ့သည်။ အသင်တို့အချင်းချင်း သိကျွမ်း၍မေတ္တာသက်ရန်အလို့ငှာငါအရှင်မြတ်သည် အသင်တို့အားလူမျိုးအဖုံဖုံ၊မျိုးနွယ်အစားစားပြုလုပ်ထားတော်မူသည်။ ငါအရှင်မြတ်ထံတော်၌ အမွန်မြတ်ဆုံးသောသူမှာ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)
(၆) လူတန်းစားမခွဲ
အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။ အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊ အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊ အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်းအပြစ်ကင်းခြင်းအားဖြင့်သာလျှင်တစ်ဦးထက်တစ်ဦးသာသည်။ ” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)
(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာမွတ်စလင် တစ်ဦးအဖို့ ကမ္ဘာ့ အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရ။ “မွတ်စလင်သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူကိုမျှဒုက္ခမပေးရ။ ကြီးသူကိုမလေးစား၊ ငယ်သူကိုမသနားသူသည် ငါ၏တပည့်မဟုတ်။ မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စလင်မဟုတ်။ အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စလင်မဟုတ်။ အသင်တို့သည် ကမ္ဘာမြေ၌ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည်အသင်တို့အား သနားကြင်နာတော်မူအံ့။” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒ)
(၈) “စလာမ်”မေတ္တာ
အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ။အလ္လာဟ်အရှင်မြတ်၏ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်းသက် ရောက်ပါစေ”ဟုမေတ္တာတုံ့ပြန်ကြပေသည်။ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ် အားယုံကြည်နိုင်ကြမည်မဟုတ်။ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)
(၉) စားဝတ်နေရေး
အစ္စလာမ်သည် နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြသည်။ လူ့လောကတွင် စားဝတ်နေရေးသည် လျစ်လျူရှုထား၍ဖြစ်နိုင်သောကိစ္စမျိုးကား အလျင်းမဟုတ်။ စားဝတ်နေရေး အဆင်မပြေက လောကုတ္တရာရေးရာများကို မဆိုထားနှင့်၊ လောကီရေးရာများကိုပင် ကောင်းစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။ ထို့အတွက် ကုရ်အာန်ကျမ်းမြတ် (၆၂း၁၀)တွင် "အသင်တို့သည် ဆွလာသ် ဆောက်တည်ပြီးသောအခါ ကမ္ဘာသို့လှည့်၍ အလ္လာဟ်အရှင်မြတ်၏ ရိက္ခာတော်ကို ရှာဖွေကြကုန်လော့" ဟု အတိအလင်း မိန့်ကြားထားတော်မူသည်။ တရားသဖြင့် ဥစ္စာပစ္စည်းရှာဖွေရမည့်အကြောင်းနှင့်စပ်လျဉ်း၍
တမန်တော်မြတ်
(صلي الله عليه و سلم)ကလည်း “ဆင်းရဲ နွမ်းပါးမှုသည် သာသနာပဖြစ်စေတတ်သည်။ တရားသဖြင့် စီးပွားရှာဖွေခြင်းသည် မလုပ်မနေရ တာဝန်များနောက် မလွဲမရှောင်သာသော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအား ဝ၀လင်လင် ရှာဖွေကျွေးမွေးကြကုန်။ ဤသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျီဟာ့ဒ် သက်စွန့် ကြိုးပမ်းရာမည်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ လယ်ယာကိုင်းကျွန်းနှင့် စက်မှုလုပ်ငန်းများသည် စားဝတ်နေရေးတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်ကြောင်းနှင့်
စပ်လျဉ်း၍လည်း တမန်တော်မြတ်
(صلي الله عليه و سلم)က “အသင်တို့သည် လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းသည်အလွန်မင်္ဂလာရှိ၏၊တိုးပွား၏”ဟူ၍လည်းကောင်း၊ "အသက်မွေးဝမ်းကျောင်းနှင့်စပ်ဆိုင်သောအတတ်ပညာသည်များကိုအလ္လာဟ်အရှင်မြတ်သည်အထူးနှစ်သက်မြတ်နိုးတော်မူသည်"ဟူ၍လည်းကောင်း မိန့်တော်မူခဲ့လေသည်။ စားဝတ်နေရေးတွင် ဆူကြုံနိမ့်မြင့် အလွန်အကျွံ ကွာခြားနေပါက ဒုက္ခရောက်နိုင်သည်။ ထို့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်(၅၉း၇)တွင် “ဥစ္စာပစ္စည်းသည် အသင်တို့အနက် ကုံလုံ ကြွယ်ဝသူတစ်စု၏ လက်တွင်း၌သာ စုပုံမနေရာ”ဟု အတိအလင်းမိန့်ကြားတော်မူခြင်းဖြစ်သည်။ ထို့ပြင်တဝ ကုရ်အာန်ကျမ်းမြတ်တွင် ဇကားသ်ပေးရမည့်အကြောင်း၊ အတိုးအညွန့်မစားသုံးရမည့်အကြောင်း၊ အတိုးအညွန့်စားသုံးသူများကိုတိုက်ရမည့်အကြောင်း၊ အလောင်းအစားမပြုလုပ်ရမည့်အကြောင်း၊ အပျော်အပါးမလိုက်စားရမည့် အကြောင်း၊ ခိုးဝှက် တိုက်ခိုက် လုယက်ခြင်း မပြုလုပ်ရမည့်အကြောင်း၊ မဖြုန်းတီးရမည့်အကြောင်း၊ စားဝတ်နေရေးတွင် အလယ်အလတ်လမ်းစဉ်ကို လိုက်နာရမည့်အကြောင်း၊ ခြိုးခြံစွာနေထိုင်ရမည့်အကြောင်းများကို အထပ်ထပ်အခါခါ မိန့်ကြားထားတော်မူသည်။
(၁၀) မွတ်စလင်ဂုဏ်ရည်
အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -
(၁) ယုံကြည်ချက် မှန်ကန်ရမည်။
(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။
(၃) သူတစ်ပါးအကျိုးဆောင်ရမည်။
(၄) သီလကောင်းရမည်။
(၅) ဇွဲသတ္တိရှိရမည
်။
ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် အောက်ပါအတိုင်း မိန့်ဆိုထားတော်မူသည်။ “အရှေ့ဘက်၊ အနောက်ဘက်သို့ မျက်နှာမူခြင်းသည် ကောင်းမြတ်သည်မဟုတ်။ ကောင်းမြတ်သောသူမွန်သူမြတ်တို့ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ တမန်တော်အပေါင်းကိုလည်းကောင်း ယုံကြည်ကြသည်။ ထို့ပြင် ၄င်းတို့သည် မိမိတို့ဥစ္စာ ပစ္စည်းများကို ခုံမင်ကြပါလျက် ဆွေဆင်းရဲ မျိုးဆင်းရဲများကို လည်းကောင်း၊ မိတဆိုး ဖတဆိုးများကိုလည်းကောင်း၊ ဆင်းရဲသားများကိုလည်းကောင်း၊ ဒုက္ခသည် ဧည့်သည်များကိုလည်းကောင်း၊ လက်ဖြန့်တောင်းခံစားနေကြရှာသော သူတောင်းစားများကိုလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာတွင်လည်းကောင်း လှူဒါန်းပေးကမ်း ကြသည်။ ထို့ပြင် ၄င်းတို့သည် ဆွလာသ်ဝတ်ပြုကြသည်။ ဇကားသ်ပေးလှူကြသည်။ ကတိတည်ကြသည်။ ထို့ပြင်တဝ ၄င်းတို့သည်ဆင်းရဲနွမ်းပါးသည့် အခါတွင်လည်းကောင်း၊ ရောဂါဖိစီးသည့်အခါတွင်လည်းကောင်း၊ စစ်မက်ဖြစ်ပွားနေကြသည့် အခါတွင်လည်းကောင်းကြံ့ခိုင်စွာရပ်တည် နေကြသည်။ ဤဂုဏ်ရည်များနှင့်ပြည့်စုံသူများသည် သစ္စာဝါဒီများဖြစ်ကြပေသည်။ ဤပုဂ္ဂိုလ်များသာလျှင် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ရိုသေခန့်ညားသော သူမွန်သူမြတ်အားဖြစ်ကြပေသည်။ ”(ကုရ်အာန် ၂း၁၇၇)


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive