• တင်ပြသူ - မွတ်ဖ်သီ အာဗိဒ် (အရှ်ရဖီ)
  • စီစဉ်သူ - မွတ်ဖ်သီ အဟ်မဒ် (အရှ်ရဖီ)

လောကတွင် အရာတိုင်းသည် စည်းကမ်းဥပဒေဘောင်အတွင်းတွင်သာလည်ပတ် လျက်ရှိသည်။ ဆိုလိုသည်မှာ လူမျိုး တိုင်း လူမျိုးတိုင်း၊ ဘာသာတိုင်း ဘာသာတိုင်း သည် ယင်းတို့ယုံကြည် သက်ဝင်ရာ သာသနာတော်မှ ပြဋ္ဌာန်းထားသော စည်းကမ်းဥပဒေပေါ်၌သာ အခြေခံ လည်ပတ်လျက် ရှိပေသည်။
 အခြားဘာသာတရားများနှင့်မတူ တမူထူးခြားတော်မူသော အစ္စလာမ်သာသနာတော်မြတ်   သည် ကိုယ်းကွယ်ခြင်း ခံယူထိုက်တော်မူသော အလ္လာဟ်အရှင်မြတ်က မိမိအား သက်ဝင် ယုံကြည်သူများအတွက် အစစအရာရာတွင် စည်းကမ်း ဥပဒေများအား သတ်မှတ်ပေးထားတော်မူပေသည်။ ယင်းအပေါ် ထပ်ကြပ်မကွာ လိုက်နာကျင့်သုံးရန်မှာ အလွန်ပင် အရေးကြီးလှပေသည်။ မည်သည့် လုပ်ရပ်အတွက်မဆို သာသနာ့ပြဋ္ဌာန်းချက်ရှိပေသည်။ အပြောအဆို၊ အပေးအယူ၊ အနေအထိုင် အစရှိသည့် လုပ်ငန်းများအားလုံးအတွက် ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်တော်မြတ်များတွင် ပြဋ္ဌာန်းချက်များ လာရှိထားပေသည်။ ယုတ်စွအဆုံး  ကျွန်ုပ်တို့ နှစ်ဘ၀ကျေးဇူးတော်ရှင် ကိုယ်တော်မြတ်ကြီး صلى الله عليه وسلم က ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်းကိုပင် စနစ်စည်းကမ်းတစ်ခုအဖြစ် ထည့်သွင်း ပြဋ္ဌာန်းတော်မူပေးခဲ့ပေသည်။ 
ထိုပြဋ္ဌာန်းမှုများမှာ လူသားထုတစ်ရပ်လုံးအတွက် အကျိုးဖြစ်စေသော ပြဋ္ဌာန်းမှုများပင် ဖြစ်ပေသည်။ ခေတ်ကာလ၏ ပြောင်းလဲမှုများနှင့်လည်း အစဉ်ကိုက်ညီနေသော ပြာဋ္ဌာန်းချက်များ ဖြစ်ပေသည်။ ခေတ်စနစ်ကြီး မည်မျှပင် တိုးတက်နေစေကာမူ အစ္စလာမ်သာသနာတော်၏ စည်းကမ်းဘောင်များမှာ ကျဉ်းမြောင်းသွားခြင်း၊ ကိုက်ညီမှုမရှိတော့ခြင်းဟူ၍ အလျဉ်းမရှိခဲ့ပေ။ انشاالله ကိယာမသ်တိုင်အထိပင် ဤကဲ့သို့ ရှိလာလိမ်မည်လဲ မဟုတ်ပေ။
ယနေ့ မျက်မောက်ခေတ်တွင် တိုးတက်နေသော ခေတ်ကာလကြီးမှာ လူသားများအတွက် ဆန်းကျယ်လှစွာသော အံ့သြဖွယ် အရာဝတ္ထုများအား ထုတ်လုပ်ပေးနေပေသည်။ ယင်းအရာများအား သုံးစွဲခြင်းနှင့် ပတ်သက်၍လည်း ရှရီအသ်တရားတော်မြတ်တွင် လူသားတို့အကျိုးအတွက် အမျှော်အမြင်ရှိစွာဖြင့် ပြဋ္ဌာန်းချက်များသည် တင်ပြပြီးဖြစ်သည့်အတိုင်း ပြည့်စုံစွာ ရှိနှင့်ထားပြီးသာပင် ဖြစ်ပေသည်။ ထိုပြဋ္ဌာန်းချက်များအပေါ် တသဝေမတိမ်း လိုက်နာရန်မှာ ကျွန်ုပ်တို့ မွတ်စ်လင်မ် အမျိုးသား၊ အမျိုးသမီးများအပေါ်ဝယ် အလွန်ပင် အရေးကြီးလှပေသည်။
ဥပမာအားဖြင့် တင်ပြရသော် အင်တာနက်ဆိုသည့် အံ့ဖွယ် အလ္လာဟ်အသျှင်မြတ်၏ ဖန်ဆင်းခံတစ်ခုကို ကြည့်ကြမည်ဆိုပါက အလ္လာဟ်အသျှင်မြတ်၏ ကွဒ်ရသ်တော်များအား မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေသည်။ (ကြားဖြတ်၍ အစီရင်လိုသည်မှာ ကျွန်ုပ်နှင့်ကျွန်ုပ်၏ ကလောင်လေး အဓိကရည်ရွယ်ချက်မှာ စာရှုသူများအား အင်တာနက်အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အစ္စလာမ့်အမိန့်ပညတ်ချက်များဘက်သို့ မီးမောင်းထိုးပြရန်သာ ဖြစ်ပါသည်။)
အင်တာနက်ဆိုသည်မှာ ဆက်သွယ်မှုပိုင်းဆိုင်ရာ အသစ်အဆန်း အရာတစ်ခုပင် ဖြစ်ပေသည်။ ၄င်း၏အကြောင်းခံဖြင့် ကြီးမားကျယ်ဝန်းသော လောကကြီးမှာ သေးငယ်သော စက်ဝိုင်းလေးအသွင်ဖြစ်ကာ လူသားများ ရှေ့မှောက်တွင် ရောက်ရှိလာပေသည်။ ၄င်း၏ အကြောင်းခံဖြင့်ပင် လူမျိုးပေါင်းစုံ နိုင်ငံရပ်ခြား တိုင်းတပါးမှ လူသားများဖြင့် အချိန်းမရွေး ဆက်သွယ်နိုင်ကြပြီသောကြောင့် ကမ္ဘာရွာဟုပင် တင်စား နေကြလေသည်။
အကယ်၍ အင်တာနက်အသုံးပြုသူမှာ အင်တာနက်၏ အထောက်အကူဖြင့် အခြားသူများအား အလ္လာဟ်အသျှင်မြတ်၏ တစ်ပါးတည်းရှိမှု၊ ထိုအသျှင်မြတ်၏ စွမ်းဆောင်ချက်များ၊ ကိုယ်တော်မြတ်ကြီး صلى الله عليه وسلم အား စေလွတ်ချင်းနှင့် စပ်လျဉ်းသည့် အမြော်အမြင်များ၊ နောင်တမလွန်ဘ၀တွင် ကြုံတွေ့ရမည့် စခန်းများနှင့် ပတ်သက်၍ သတိပေး နှိုးဆော်နိုင်ကြသလို၊ ပညာရတနာသိုက်ကြီးတစ်ခုပမာဖြစ်နေသည့် အင်တာနက်မှတဆင့် မှန်ကန်အကျိုးရှိစေမည့် ပညာရပ်များကို ဆည်းပူးနိုင်ပေသည်။ ကမ္ဘာ့ စွယ်စုံစာကြည့်တိုက်ကြီးဖြစ်သည့်အားလျော်စွာ စာပေမျိုးစုံအား အလွယ်တကူ ရှာဖွေဖတ်ရှု နိုင်မည်ဖြစ်သည်။ ထို့အတူ ယင်းအင်တာနက်အသုံးပြုသူမှာ အင်တာနက်တွင် ပြင်ပ၌ လူတိုင်း အလွယ်တကူကျူးလွန်ရန် မလွယ်ကူသည့်၊ ကျူးလွန်မ၀ံ့သည့် အရှက်မဲ့သော မကောင်းမှုများကို ဗြောင်ကျကျ ကျူးလွန်ရန် လွန်စွာ လွယ်ကူလွန်းသည့်အပြင် မြောက်များစွာသော မကောင်းမှု ဒုစရိုက်များအား ပျိုးထောင်ပေးနေသည့် ဒုစရိုက်ရပ်ဝန်း၊ အပျော်အပါးဌာနကြီးတစ်ခုလဲ ဖြစ်နေသောကြောင့် ဘာမဆို ကျုးလွန်ဖို့ ဖြစ်နိုင်ပေသည်
 ထို့ကြောင့် အင်တာနက်အား ပထမရည်ရွယ်ချက်အရ အသုံးပြုခြင်းမှာ တရားတော်မြတ်တွင် ပိုင်ရုံသာမက အကျိုးကုသိုလ်များပင် ရရှိစေမည်ဖြစ်သည်။ အကယ်၍  ဒုတိယ ရည်ရွယ်ချက်များအတွက် အင်တာနက်အား အသုံးပြုမည်ဆိုပါက မပြုပိုင်ရုံသာမက ၄င်းမှာ လောကီ၊ လောကုတ္တရာတွင် ဆုံရှုံးနစ်နာမှုနှင့်ပင် ရင်ဆိုင်ရပေမည်။
ကျွန်ုပ်တို့ မွတ်စလင်များ နာကြီးသင့်ပေသည်။ ယနေ့မျက်မောက်ခေတ်တွင် အစ္စလာမ့်ရန်သူများမှာ အင်တာနက်၏ အကူအညီဖြင့် ကုရ်အာန်ကျမ်းတော်မြတ် ဟဒီးဆ်တော်မြတ်များ၊ အစ္စလာမ့်ယုံကြည်ချက်များ အစ္စလာမ့်အတွေးအခေါ်များအား အဖက်ဖက်မှ တိုက်ခိုက်လျက်ရှိနေပေသည်။
ထို့အတူ မွတ်စလင်မ်များ၏ အားနက်ချက်များ၊ ၄င်းတို့၏ မေ့မှား ချွတ်ချော်မှုများအား မိမိတို့ဘက်မှ ထပ်မံဖြည့်စွက်ကာ ကမ္ဘာပေါ်ရှိ လူသားများအား မဟုတ်သည်ကို အဟုတ်လုပ်ကာ ပုံကြီးချဲ့တင်ပြ၍ လူသားတို့၏ နှလုံးသားတွင်းဝယ် အစ္စလာမ့်မုန်းတီးစိတ်များအား တဖွားဖွား ပေါ်ပေါက်လာအောင် ဖန်တီးနေကြပေသည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုများအား ငြိမ်းချမ်းသော အစ္စလာမ်၏ လမ်းစဉ်အရ ငြိမ်းချမ်းစွာဖြင့် ပြန်လည်တိုက်ခိုက် တုန့်ပြန်ရန်မှာ မွတ်စလင်မ်အမျိုးသား အမျိုးသမီး တစ်ဦးချင်းစီတိုင်းအပေါ်တွင် အသီးသီး တာဝန်ရှိပေသည်
၎င်းတို့ တိုက်ခိုက်သောလက်နက်မှာ အင်တာနက်ဖြစ်သည့်အတွက် ကျွန်ုပ်တို့မှာလည်း အင်တာနက်ဖြင့်သာ အဖြေပေး တန်ပြန်တုန့်ပြန် ကာကွယ်ရမည်ပင် ဖြစ်ပေသည်။
ထို့ကြောင့် အင်တာနက်ကို အသုံးပြုနေကြသော ညီငယ်၊ ညီမငယ်လေးများအနေဖြင့် မိမိတို့ အရည်အချင်းများအား သာသနာပြုရာတွင်သာ အကျိုးရှိစွာ အသုံးပြုကြဖို့ ကျွန်ုပ်တို့အနေဖြင့် တိုက်တွန်းလိုပါသည်။ 
Chatting များနှင့် Social စနစ်တို့မှာ သာသနာပြုရန် အကောင်းဆုံးသော လက်နက်များပင် ဖြစ်ပေသည်။ ထို့ကြောင့် ယင်းနည်းပညာများအား သူစိမ်းသူရံစာများနှင့် တရားတော်မြတ်က ခွင့်မပြုသည့် အရေမရ အဖတ်မရ ချက်တင်လုပ်ခြင်း အပြန်အလှန်ချစ်ရေးဆိုခြင်း အချိန်ကုန်ခံ အီစီကလီလုပ်နေခြင်း၊ အပြန်အလှန် ရှက်ဖွယ်ကောင်းလှသော ပုံနှင့်စာများ ပေးပို့နေခြင်းတို့တွင် အကျိုးမဲ့စွာ အသုံးမပြုမိစေရန် တိုက်တွန်းရင်း ဤစာလွှာလေးအား နိဂုံးချုပ်လိုက်ရပေသည်။
-xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
www.ngmmc.info မှ ကူးယူသည်

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive