ဟဒီးစ်တော် (အပ်က်ရေ့မူ၊ အတ်ဆ်ွဟာဗီ၊ ဖွအင်နဟွန်မ်၊ ခေ့ယာရို့ကွမ်။) အဓိပ္ပာယ်မှာ - ငါရစူလ် (PBUH) ကိုယ်တော်မြတ် (ဆွ) ၏ ဆွဟာဗာ (ရသွေ့) များကို ဂုဏ်ပြုကြကုန်၊ အမြတ်ထားကြကုန်၊ အဘယ့်ကြောင့်ဆိုသော် ထို ဆွဟာဗာ (ရသွေ့) များကား သင်တို့ထက် မြတ်သော သူများ ဖြစ်ကြကုန်၏ ။

ဟဒီးစ်တော် (အလ္လာဟု၊ အလ္လာဟု၊ ဖွီအတ်ဆ်ွဟာဗီ၊ လအတ်တခေ့သူဟွမ်၊ ဂရသွာန်)
အဓိပ္ပာယ် - အလ္လာဟု အရှင်မြတ်ကို ကြောက်ကြကုန်၊ အလ္လာဟု အရှင်မြတ်ကို ကြောက်ကြကုန်၊ ငါရစူလ် (PBUH)  နောက်တွင် ငါရစူလ်(PBUH) ၏ ဆွဟာဗာများအား အရိုအသေ ကင်းမဲ့ခြင်း၊ ပြစ်တင်ပြစ်ဖို့ ပြုခြင်း အလျင်း မပြုကြလေနှင့်၊ အကြင်မွစ်လင်မ်သည် ငါရစူလ် (PBUH) ၏ ဆွဟာဗာ များကို ချစ်ကြည်ခြင်းပြုလျှင် ငါရစူလ်
(PBUH) က ထိုမွစ်လင်မ် ကို များစွာ ချစ်ကြည်တော်မူမည်။ အကြင်မွစ်လင်မ်သည် ငါရစူလ်

(PBUH) ၏ ဆွဟာဗာများကို မုန်းတီးလျှင် ငါရစူလ်
(PBUH)
က ထိုသူများကို မုန်းတီးတော်မူမည်။


အကြင်သူ ထိုဆွဟာဗာ (ရသွေ့) သခင်များကို ဒုက္ခပေးလျှင် (၀ါ) မတရားပြောလျှင် ငါရစူလ် ((PBUH) ကို ဒုက္ခပေးသူ (၀ါ) မကောင်းပြောသူဖြစ်၏ ။ အကြင်သူ ငါရစူလ် (PBUH)ကို စိတ်ခုက္ခပေးလျှင် ထိုသူသည် အလ္လာ့ဟ်အရှင်မြတ်ကို စိတ်ဆိုးအောင် ပြုသူဖြစ်၏ ။ အကြင်သူ အလ္လာ့ဟ်အရှင်မြတ်အား စိတ်ဆိုးအောင် ပြုလျှင် ထိုသူသည် မကြာမီ အဖမ်းခံရသူဖြစ်မည် (၀ါ) မကြာမီ အပြစ်အကြီးအကျယ် အပေးခံရမည် ဟူ၏ ။

အချုပ်စကားမှာ - ဆွဟာဗာ (ရစ်သ်ွဝါနွလ္လာဟေ့၊ အလိုင်ဟင်မ်၊ အဂ်ျမအီးန်) သခင်မြတ်များသည် ရစူလ်လေ့အပ်က်ရမ် (PBUH)ကိုယ်တော်မြတ်၏ အချစ်တော်များ၊ ၄င်းကိုယ်တော်မြတ် (PBUH) ၏ ဗရ်ကသ်တော်များ ရရှိကြသော ပုဂ္ဂိုလ်မွန်၊ ပုဂ္ဂိုလ်မြတ်များ၊ ၄င်း အလ္လာ့ဟ်ဟု အရှင်မြတ်၏ အချစ်တော်များ၊ ၄င်း အနှစ်သက် ခံကြရသော ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြတော်မူပါ၍ မည်သည့် မွစ်လင်မ် ကျား/ မ မဆို ထို ဆွဟာဗာ (ရသွေ့) သခင်များအား ရှုတ်ချခြင်း၊ ကဲ့ရဲ့ခြင်း အလျင်းမပြုထိုက်ကြပါ။

သို့ဖြစ်ပါ၍ ဟဇရသ် မို့အာဝေယာ (ရသွေ့) နှင့် ယဇီးဇ် တို့ သားအဖ သည် ရစူလ်ကိုယ်တော်မြတ် (PBUH) နှင့် သားချင်းမကင်း သည့် အပြင် မို့အာဝေယာ (ရသွေ့) သခင်သည် ကိုယ်တော်မြတ် (PBUH) ၏ ယောက်ဖ တော်ပါသည်။ ယဇီးဇ် ကိုလည်းတူတော်ပါသည်။ အကယ်၍ မပြောဘဲ မနေနိုင်ပါလျှင် ထိုပုဂ္ဂိုလ်နှစ်ပါးအား အလ္လာ့ဟ် အရှင်မြတ် ထိုက်သလို စီရင်တော်မူလိမ့်မည် ဟုသာ ပြောနိုင်ပါမည်။ သို့ရာတွင် ကျနော်များ စွန္နသ် ဂျမာအသ် ၏ ပညာရှင်များ က ကိုယ်တော်မြတ် (PBUH) က တားမြစ်တော် မူခဲ့သည့် အတွက် ဆွဟာဗာ (ရသွေ့) သခင်ကြီးများအပေါ်မှာ မိမိတို့ဘက်မှ ဘာမှ မဝေဖန်ကြရန် အကီဒဟ် ကျမ်းတော် များတွင် ရေးသားဖော်ပြထားခဲ့ကြပါသည်။

0 comments:

Post a Comment


# # # 1. 2.

About this blog

အခြားသောဘလောဂ်ဆိုက်များ

Powered by Blogger.

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

ဘလောဂ်တည်ထောင်သူ

ဤဘလောဂ်ဖြင့်ချိတ်ဆက်ထားရန်

တင်ပြီးပိုစ်များ(လအလိုက်)

လိုချင်တာရှာဖွေကြည့်ပါ

Blog Archive